မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၆၈ မှ postcard ဖြစ်ပါသည်။ ဗညားကျော်ရေးသည်။ ပလက်ဝ (စက်တင်ဘာ၊ ၂၀၁၉) မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၃၈ ရှိနေပြီး မနှစ်ကထက် တစ်ဆင့်လျော့ကျသွားတယ်လို့ ဒီနှစ်အတွက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းက ဆိုပါတယ်။ အစိုးရဌာနဆိုင်ရာတွေမှာ သတင်းရယူခွင့် တောင်းခံတဲ့အခါ နှောင့်နှေးကြန့်ကြာနေသလို တချို့ဌာနတွေမှာဆိုရင် ဘာသတင်းမှ မေးလို့မရပါဘူး။ ကျွန်တော်ရဲ့သတင်းသမား လုပ်သက်နှစ်နှစ်ခွဲဝန်းကျင်မှာသတင်းလွတ်လပ်ခွင့် ကန့်သတ်ခံရတဲ့ အဆိုးဆုံးကိစ္စတစ်ခု ကြုံခဲ့ရပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ဇွန်လတုန်းက ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့မှာရှိတဲ့ စစ်ဘေးရှောင်သူတွေနဲ့ပတ်သက်တဲ့ သတင်းသွားယူတဲ့အခါမှာ အဟန့်အတားမျိုးစုံနဲ့ ကြုံခဲ့ရတာပါ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ ရက္ခိုင့်တပ်မတော် (Arakan Army – AA) နဲ့ မြန်မာ့တပ်မတော်တို့ဟာ၂၀၁၅ ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ၂၀၁၈ […]
မော်ကွန်းမဂ္ဂဇင်း အမှတ် (၆၈) မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည် မြန်မာလူမျိုးကြီးဝါဒအစ စာသင်ကျောင်းက အောင်ပိုင်ရေးသည်။ တတိယတန်းတက်နေတဲ့ ဦးပီတာရဲ့ သားလေးဟာ ကျောင်းဆင်းချိန် ဖယ်ရီကားပေါ်က ဆင်းလာတဲ့အခါမှာ ရှေ့တည့်တည့်က စောင့်ကြိုနေတဲ့ဖခင်ကို မမြင်ချင်ယောင်ဆောင်ပြီး ဖြတ်လျှောက်သွားပါတယ်။ ခြေလှမ်း ၁ဝ လှမ်းလောက်လှမ်းပြီး ဖယ်ရီကားထွက်သွားပြီးခါမှ ဦးပီတာကို ပြန်လှည့်ကြည့်ပါတော့တယ်။ ”သား၊ ဘာကြောင့် ပါပါးကို ကျော်သွားတာလဲ”လို့ ဦးပီတာက မေးလိုက်တဲ့အခါ ”ပါပါးက သူငယ်ချင်းတွေရှေ့မှာ ချင်းလို ပြောမှာစိုးလို့”လို့ သားဖြစ်သူက ပြန်ဖြေပါတယ်။ ဦးပီတာဟာ ချင်းအမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့ဇနီးကတော့ ကယားလူမျိုးဖြစ်ပါတယ်။ သူတို့မိသားစုဝင်သုံး ဦးစလုံးကတော့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပါတယ်။ သူတို့က ရန်ကုန်မှာ အခြေချနေထိုင်ရင်း သားဖြစ်သူကို အစိုးရကျောင်းမှာ ထားတာပါ။ ကျောင်းထားတဲ့ သုံးနှစ်လောက်အတွင်းမှာ ကလေးဟာ ချင်းလူမျိုး၊ ခရစ်ယာန်ဘာသာဝင် […]
စမူဆာကို လူတိုင်းနီးပါးလောက် စားသောက် ဖူးကြမည်ထင်ပါသည်။ တြိဂံပုံစံနှင့် အထဲတွင် အာလူး၊ မဆလာ စသဖြင့် အစာများ ထည့် သွင်းကာ အပြင်မှ ဂျုံဖြင့်ကပ်ကာ ဆီဖြင့် ကြော်ထားသော စားစရာတစ်ခုဖြစ်ပါသည်။ နီနီရဲရဲအရောင်အဆင်းနှင့် ကြွပ်ကြွပ်ရွရွကလေး ကို ငရုတ်ဆီဖြင့် တွဲဖက်စားသောက်ပါက လိုက် ဖက်လှပါသည်။ ထိုစမူဆာကို ကျွန်တော်လည်း ကြိုက်နှစ်သက်စွာ စားသုံး ပါသည်။ ထိုနည်းတူ ကျွန်တော့်မိသားစုလည်း စားသုံးပါသည်။ ထိုအထဲတွင် ကျွန်တော့်ရဲ့ အဖေဘက်က အဘိုးဖြစ်သူလည်း အပါအဝင်။ အခုတော့ သူက ဆုံးပါးသွားခဲ့ပါပြီ။ သူဆုံးပါးသွားပြီး ကျွန်တော့် သူ့ကိုမေ့မရနိုင်ခဲ့သလို သူ ကြိုက်လှသည့် စမူဆာကိုလည်း ကျွန်တော့်အာရုံထဲမှာ မေ့ ပျောက်မရနိုင်ခဲ့။ တိုက်ဆိုင်မှုရှိတိုင်း ဝမ်းနည်းရစမြဲ။ အဘယ် ကြောင့်ဆိုသော် ကျွန်တော့်ကို အလွန်ချစ်သည့် […]
မော်ကွန်း။ ။ နောက်တစ်ခုကလည်း ဒီ ARSA လို့ ခေါ်တဲ့အဖွဲ့ကို ဦးဆောင်နေတဲ့သူတွေက ပြင်ပနိုင်ငံတွေက လာတာ ဖြစ်တယ်။ ဒီအဖွဲ့တွေမှာ ဒေသခံတွေပါကောင်းပါမယ်။ ဒါပေမဲ့ တကယ် ဦးဆောင်နေတဲ့ သူတွေက ပြင်ပကနေ လာပြီး ဦးဆောင်နေတယ်ပေါ့။ ဥပမာ- Ata Ullah Abu Ammar Jununi (အတာအူလား) လို လူတွေပေါ့။ ဒီလို အပြင်ကလာပြီး ဦးဆောင်နေတဲ့အဖွဲ့နဲ့ ဆွေးနွေးစရာမလိုဘူးလို့ ပြောဆိုနေကြတဲ့အပေါ်မှာ ဘယ်လို သုံးသပ်ပါသလဲ။ Photo – Supplied ဒေါက်တာမင်းဇော်ဦး။ ။ အဲဒါကြောင့်တော့ မဟုတ်ဘူးဗျ။ အစိုးရ အသိအမှတ်ပြုတာ၊ မပြုတာက အပြင်ကလာတာလား၊ အတွင်းက လာတာလား အဲဒါကြောင့် မဟုတ်ဘူးဗျ။ အဓိက နံပါတ်တစ်က ဒီလူမျိုးစုက မြန်မာနိုင်ငံရဲ့ […]
၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Sidebar Interview ဖြစ်ပါသည်။ နန်းပန်းအိခမ်း ညှိနှိုင်းရေးတာဝန်ခံ မူးယစ်ဆေးဝါး မူဝါဒ ပြောင်းလဲခြင်း ထောက်ခံ ဆွေးနွေးရေးအဖွဲ့ (မြန်မာ) ကျော်ဇေယျ မေးသည်။ မော်ကွန်း။ ။ ၁၉၉၃ခုနှစ် ၊ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာ ဥပဒေပြင်ဆင်ချက်တစ်ခုကို ၂ဝ၁၈ ဖေဖော်ဝါရီ ၁၄ မှာ ပြင်ဆင်အတည်ပြုလိုက်တယ်။ ဆရာမတို့ လည်း ဒီဥပဒေ စတင်ပြင်ဖို့ ကြိုးစားတာကို ကြိုဆိုခဲ့ကြတယ်။ ဒါပေမဲ့လည်း ဒီပြင်ဆင်ချက်ဥပဒေဟာလည်း ပုဒ်မ ၁၆(ဂ) မှာ ပြဋ္ဌာန်းချက်ကြောင့် အခုနောက်ပိုင်း လူ ၁ဝ ဦး မူးယစ်မှုနဲ့ ဖမ်းခံ ရရင် တစ်ဝက်လောက်နီးပါးက သုံးစွဲသူတွေကို ဆက်လက်အရေး ယူနေတာကို တွေ့ရတယ်။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီး […]
မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၆၇ မှ CoverStory ဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ မျောက်တောင် (ရခိုင်ပြည်နယ်) ဇူလိုင်-သြဂုတ်၊ ၂၀၁၉ ဝီစီသံအကျယ်ကြီးတစ်ချက် ကြားလိုက်ရပြီးနောက် ‘ရန်သူ … ရန်သူ’ ဆိုတဲ့အော်သံတွေကို မောင်စိုးစိုးမောင်ကြားလိုက်ရတယ်။ မကြာခင်မှာပဲကျည်ဆန်တွေဟာ သူတို့မောင်နှမနှစ်ယောက်ရှိတဲ့ တောင်ကုန်းပေါ်ကို မိုးသီးမိုးပေါက်တွေပမာ ကျလာပါတော့တယ်။ သူလည်းအချိန်မဆိုင်းတော့ဘဲ တောင်တက်လမ်းဘေးကခံျုတွေထဲ ညီမလေးရဲ့လက်ကိုဆွဲကာ ဝင်ပြေးတယ်။ ကျည်ဆန်တွေဟာ သူတို့မောင်နှမနှစ်ယောက်နံဘေးကနေ ပွတ်ကာသီကာ ဝီခနဲဝီခနဲဖြတ်သွားတယ်။ ပြေးနေရင်း ခြေလှမ်းသုံးဆယ်စာလောက်အရောက်မှာတော့ သူလက်ဆွဲထားတဲ့ညီမလေးဟာ ပျော့ခွေပြီးလဲကျသွားတယ်။ လဲကျသွားတဲ့ညီမလေးကို ခေါင်းကနေကိုင်ပြီးပွေ့ထူလိုက်တယ်။ ဒါပေမဲ့သူ့ညီမလေးဟာ မတ်တတ်မရပ်နိုင်တော့ဘူး။ ”ညီမလေး …ညီမလေး”လို့ ခေါ်ကြည့်တယ်။ ပြန်ထူးသံထွက်မလာတော့ဘူး။ မျက်လုံးတွေက ပိတ်လုပိတ်ခင်မှေးပြီးစင်းကျနေပြီ။ ညီမကိုပွေ့ထားတဲ့လက်ကိုကြည့်လိုက်တဲ့အခါ သွေးတွေပေနေတာကို တွေ့လိုက်ရတယ်။ ကျည်ဆန်မှန်သွားပြီ။ လှုပ်ရှားမှုမရှိတော့တဲ့ညီမဖြစ်သူကို အိမ်ကိုပြန်သယ်ဖို့မဖြစ်နိုင်တာကြောင့် နောက်မှာချန်ထားခဲ့ပြီး ထွက်ပြေးဖို့ မောင်စိုးစိုးမောင် […]
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Remembrance ဖြစ်ပါသည်။ မြင့်ကျော် ရေးသည်။ အတိတ်ရဲ့ အရိပ်က လွတ်မြောက်ဖို့ ရုန်းထွက်နေရတဲ့ နိုင်ငံတစ်နိုင်ငံ ၂ဝဝ၉ ခုနှစ်ဝန်းကျင်တုန်းက PBS က ထုတ်လွှင့်ခဲ့သည့် သတင်းမှတ်တမ်းတွင် ကမ္ဘောဒီးယား နိုင်ငံသမိုင်း၌ အမည်ဆိုးနှင့် ကျော်ကြားခဲ့သည့် ခမာနီခေါင်းဆောင် ပိုပေါ့ကို မြှုပ်နှံရာ သူ့ဇာတိမြေမှာ ဒေသခံတချို့က သူ့အပေါ် အမြင်စတာတွေ ပါရှိသည်။ ပိုပေါ့ကို မြှုပ်နှံထားရာ နေရာက သာမန်မြေဖို့ထား သည့် နေရာတစ်ခုသာ ဖြစ်ပြီး အမှတ်အသားအဖြစ် သွပ်ပြားဟောင်းတချို့နှင့် အမိုးအဖြစ် ကာရံထား ကာ အမွှေးတိုင်၊ ဖယောင်းတိုင်နဲ့ အရိုအသေပေး ရှိခိုးဆုတောင်းကြတာလည်း တွေ့ရသည်။ သူ့ဇာတိက ရပ်ဆွေရပ်မျိုးများကတော့ ပိုပေါ့ကို နတ် အနေနှင့် မှတ်ယူထားကြပြီး သူ့မြှုပ်နှံရာ […]
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Remembrance ဖြစ်ပါသည်။ သန်းနိုင်ဦး ရေးသည်။ လမ်းတွေ၊ တံတားတွေရဲ့ အမည်ကို ဘယ်လို ပေးလေ့ပေးထ ရှိကြသလဲ။ မြန်မာနိုင်ငံတစ်ဝန်းက လမ်းတွေ၊ တံတားတွေရဲ့ အမည် အများစုက သူရဲကောင်းတွေရဲ့ နာမည် ဖြစ်နေလေ့ရှိတယ်။ အနော်ရထာလမ်း၊ ဗန္ဓုလတံတား၊ မင်းရဲကျော်စွာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ ဆင်ဖြူရှင်တံတား၊ သမိန်ဗရမ်းလမ်း၊ ဘုရင့်နောင်လမ်း၊ မင်းကြီးရန်နောင်လမ်း စသဖြင့် ခေတ် အဆက်ဆက်မှာ သူရဲကောင်းနာမည်တွေကိုသာ ပေးခဲ့ကြတယ်။ သူရဲကောင်းတွေဟာ ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူတွေဖြစ်တာအမှန်ပါပဲ။ သူရဲကောင်းတွေလို ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူတွေ ရှိပါ သေးတယ်။ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ အနုပညာရှင်တွေနဲ့ ပရဟိတလုပ်ကိုင်ကြသူ ဟာလည်း မမေ့မလျော့ ဂုဏ်ပြုကြရမယ့်သူတွေသာ ဖြစ်ပါတယ်။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကို ဂုဏ်ပြုမှည့်ခေါ် […]
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Cartoon ဖြစ်ပါသည်။ Office : မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊ ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။ ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။ Website: http://www.mawkun.com E-mail: mawkunmagazine@gmail.com
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Cartoon ဖြစ်ပါသည်။ Office : မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊ ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။ ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။ Website: http://www.mawkun.com E-mail: mawkunmagazine@gmail.com
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Interview ဖြစ်ပါသည်။ ကျော်ဇေယျ တွေ့မေးသည်။ ““ ရှေ့သွားဖို့ဆိုတာ အဖွဲ့ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ နောက်ချန်ထားလို့ မဖြစ်ဘူး။ မီးစ သေးသေးလေးကနေ မီးစအကြီးကြီး ဖြစ်သွားနိုင်တယ် ”” ဒေါက်တာစိုင်းဦး သုတေသနဒါရိုက်တာ ပြည်ထောင်စုအင်စတီကျု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အစိုးရ အုပ်ချုပ်ခဲ့တဲ့ သုံးနှစ်တာကာလအတွင်း နိုင်ငံမှာ စိန်ခေါ်မှုအကြီးဆုံးနဲ့အကျပ်တည်းဆုံး ပြဿနာတစ်ရပ်ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေကို အစိုးရအနေနဲ့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရှေ့ဆက်မတိုးတော့ဘူးလို့ ဝေဖန်မှုတွေရှိသလို အဓိကကျတဲ့ နိုင်ငံရေး ဆွေးနွေး ပွဲတွေကို တိုင်းရင်းသားလက်နက်ကိုင် အင်အားစု တွေနဲ့ အစိုးရ၊ တပ်မတော်တို့ ကြား ဆွေးနွေးမှုတွေ မှာလည်း တစ်ဆို့မှုတွေ ဖြစ်နေပါတယ်။ ဒီလိုကြုံနေရတဲ့ […]
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Cartoon ဖြစ်ပါသည်။ Office : မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊ ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။ ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။ Website: http://www.mawkun.com E-mail: mawkunmagazine@gmail.com
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."