NLD ပါတီက ရွေးကောက်ပွဲကြေညာစာတမ်း(၂၀၂၀) ကို ထုတ်ပြန်လိုက်ပါပြီ။ ဒီကြေညာစာတမ်းဟာ ရွေးကောက်ပွဲမှာ အနိုင်ရရင် ပြည်သူတွေအတွက် လုပ်ဆောင်ပေးမယ့်အရာတွေကို ကတိပေးတာလည်း ဖြစ်ပါတယ်။ ဒီကတိကဝတ်တွေက ပြည်သူတွေကို ဘယ်လို လုပ်ဆောင်ပေးနိုင်မလဲ၊ ဘယ်လောက်အကျိုးရှိမလဲစတဲ့ အကြောင်းအရာတွေကို သိရှိနိုင်ဖို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ အောင်ထူးနိုင် – မေးမြန်းသည်။ မော်ကွန်း ။ ။ NLD ပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဘယ်အချက်တွေကို အကောင်အထည် ဖော်နိုင်ခဲ့သလဲ၊ ဘယ်အချက်တွေမှာ အားနည်းခဲ့တယ် ထင်လဲ။ ဦးသန်းစိုးနိုင်။ ။ ၂၀၁၅ ကြွေးကြော်သံကတော့ လူထုလိုအပ်ချက်နဲ့ အတော်ကိုက်ညီတာပေါ့။ အဲဒီအချိန်က လူထုရဲ့ လိုအပ်ချက်နဲ့ တစ်ထပ်တည်းကျသွားတဲ့အခါ လူထုက ဒါကို တော်တော်စိတ်ဝင်စားသွားတယ်။ NLD ပုံဖော်တာက တရားဥပဒေစိုးမိုးရေး၊ […]
ကျော်ဇေယျမေးမြန်းသည်။ ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၁ (မော်ကွန်း) ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်ရှိုးဟာ လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကြောင့် ရာထူးကဖယ်ရှားပေးရမယ့် ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာတော့မှာပါ။ ဒီနေ့ကျင်းပတဲ့ ကယားပြည်နယ်လွှတ်တော်အစည်းအဝေးမှာ သူ့ကို စွပ်စွဲပြစ်တင်ဖို့မဲခွဲဆုံးဖြတ်ရာမှာ ၁၆ မဲ၊ ၄ မဲနဲ့ စွပ်စွဲပြစ်တင်သူတွေအစုအဖွဲ့ဘက်က ထောက်ခံမဲ ရရှိခဲပါတယ်။ သူဟာ မယ်စဲ့မဲဆန္ဒနယ်အမှတ်(၁)ရဲ့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သလို ပြည်နယ်ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ ကယားပြည်နယ်နေ့ကျင်းပရာ အများပြည်သူပိုင်းကွင်းနဲ့ဆက်စပ်ဧရိယာမြေတွေကို ပုဂ္ဂလိကပိုင်ပြုလုပ်ပေးခဲ့တဲ့ကိစ္စနဲ့ အရင်အစိုးရလက်ထပ်ကဝယ်ယူထားတဲ့စက်ယန္တရားတွေကို ငှားရမ်းလို့ရတဲ့ ငွေကြေးတွေကို ကိုယ်ပိုင်ငွေစားရင်းဖွင့်လှစ်ကာ သုံးစွဲခဲ့တာတွေကြောင့် လွှတ်တော်ဥက္ကဌက တာဝန်ပေးအပ်ကာ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။ ကျပ်သိန်းပေါင်း ငါးထောင်နီးပါးအထိ အလွဲသုံးမှု တွေ့ရှိထားတယ်လို့ ဖရူဆိုမဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးသဲရယ်က မော်ကွန်းကို ပြောပါတယ်။ မော်ကွန်း။ ။ ဒီနေ့စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို […]
Biometric Data နဲ့ SIM card မှတ်ပုံတင်ခြင်းနဲ့ ပတ်သက်ပြီး Privacy International အဖွဲ့၏ မူဝါဒပိုင်းဆိုင်ရာ ယာယီညွန်ကြားရေးမှူး မစ္စလူစီပါဒန်နှင့် မေးမြန်းခြင်း။ အောင်ပိုင် ဇူလိုင်၊ ၂၀၂၀ (မော်ကွန်း) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက Biometric Data နဲ့ SIM card မှတ်ပုံတင်ခြင်း အစီအစဉ်ကို အကောင်အထည်ဖော်နေပါတယ်။ လူဦးရေ သန်းခြောက်ဆယ်အထိ ကိုယ်ရေးအချက်အလက်တွေကို သိမ်းဆည်းနိုင်တဲ့ Common Database တည်ဆောက်ဖို့ကိုလည်း တင်ဒါခေါ်ထားပြီး လာမည့်နှစ်မှာ စတင်အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။ ရည်ရွယ်ချက်ကတော့ SIM card အသုံးပြုတွေကို မည်သူမည်ဝါဆိုတာ တိတိကျကျသိနိုင်အောင်လုပ်တာဖြစ်ပြီး ရာဇဝတ်မှုတွေလျှော့ချနိုင်မယ်လို့ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ခေတ်သစ်နည်းပညာပိုင်းဆိုင်ရာ အခွင့်အရေးတွေနဲ့နှီးနွှယ်ပြီး အသိပညာပေးတာတွေ ဆောင်ရွက်နေတဲ့ လန်ဒန်အခြေစိုက် Privacy International […]
ကျော်ဇေယျာထွန်းရေးသည်။ ဒီရက်ပိုင်းမှာ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းရေးတဲ့ ‘မြန်မာနိုင်ငံသမိုင်းပုံ’ ဆိုတဲ့ စာအုပ်လေးဖတ်ဖြစ်တယ်။ ကမ္ဘာ့သမိုင်းအကြောင်း မသိရင်တောင် ကိုယ့်မြန်မာနိုင်ငံရဲ့သမိုင်းကိုတော့ သိထားသင့်တယ်ဆိုတဲ့အတွေးနဲ့ ဖတ်ဖြစ်တာပါ။ စာအုပ်ထဲမှာ မြန်မာနိုင်ငံဆိုတဲ့ကုန်းမြေနေရာပေါ်ပေါက်လာပုံ၊ မြန်မာနိုင်ငံမှာ အခြေချနေထိုင်သွားတဲ့ ရှေးခေတ်လူတွေအကြောင်း၊ ကျောက်ခေတ်၊ ပျူမြို့ဟောင်းနဲ့ ပျူတွေအကြောင်း၊ ပြီးတော့ ရခိုင်ခေတ်ဦးသမိုင်း၊ မြန်မာနိုင်ငံကို မြန်မာတွေရောက်ရှိလာပုံနဲ့ ပုဂံလက်နက်နိုင်ငံပေါ်ထွန်းလာပုံအကြောင်းတွေ ပါပါတယ်။ ကိုယ်တွေမှတ်သားဖူးတာက ပထမမြန်မာနိုင်ငံတော်ကို အနော်ရထာမင်းကတည်ထောင်ခဲ့တယ်လို့သိထားပေမယ့် ဒီနေ့မြန်မာနိုင်ငံလို့ခေါ်တဲ့နေရာမှာ အေဒီ ၄ ရာစု ကနေ အေဒီ ၉ ရာစုအထိ ပျူတွေဟာ အစောဆုံးမင်းနိုင်ငံတစ်ခုတည်ထောင်ခဲ့တယ်၊ သီပေါကနေ မုတ္တမတိုင်အောင်ကျယ်ဝန်းတဲ့ပျူနိုင်ငံဟာ ပထမမြန်မာပြည်ထောင်စုနိုင်ငံလို့ ဒီစာအုပ်ထဲမှာဆိုထားပါတယ်။ ပျူတွေဟာ ခရစ်မပေါ်မီ ၅ ရာစုလောက်ကတည်းက မြန်မာနိုင်ငံထဲကို ဝင်ရောက်နေထိုင်ကြလောက်ပြီလို့ သူကဆိုပါတယ်။ ဧရာဝတီမြစ်တစ်လျှောက် ရွှေဘိုကနေပြည်မြို့အထိ မြို့တွေတည်ပြီးနေထိုင်ကြတယ်။ သရေခေတ္တရာဟာ ပျူတွေရဲ့မြို့တော်လို့ဆိုထားပါတယ်။ ပျူတွေဟာ […]
COVID-19 သတင်းထုတ်ပြန်ရေးအဖွဲ့တွင်ပါရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနှင့် မေးမြန်းခြင်း ကောင်းထက်စံမေးမြန်းသည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ယနေ့နောက်ဆုံးထုတ်ပြန်သည့်သတင်းအရ COVID – 19 ရောဂါ ကူးစက်ခံရသူ ၉၄ နှင့် စောင့်ကြည့်လူနာ ၁,၇၅၄ ဦးရှိနေပြီဖြစ်ပါသည်။ သံသယစောင့်ကြည့်လူနာ များအားလုံးကို ဆေးစစ်ပေးနိုင်ခြင်းမရှိဘဲ Random ကျရာပုံစံဖြင့် ဆေးစစ်မှုများပြုလုပ်နေသည့်အပေါ် စိုးရိမ်မှုများရှိကြောင်း မော်ကွန်းမဂ္ဂဇင်းထံသို့ ဆက်သွယ်သတင်းပေးလာမှုများရှိလာပါသည်။ ထို့အပြင် ကန့်သတ်နေထိုင်မှု ၁၄ ရက်အပြီး မိမိနေရပ်သို့ ပြန်နေစဉ် ဆေးစစ်ချက် Positive ထွက်ပေါ်လာမှုကြောင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ကုသမှုခံယူနေရသည့် Case – 29 နှင့် အတူ အင်္ဂလန်နိုင်ငံမှ လိုက်ပါစီးနင်းလာသူများသည်လည်း Random သာ စစ်ဆေးသည့်အပေါ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ COVID-19 သတင်းထုတ်ပြန်ရေးအဖွဲ့တွင်ပါရှိသူ ညွှန်ကြားရေးမှူး […]
ကျော်ဇေယျရေးသည်။ ရန်ကုန် – ဖောဖော်ဝါရီ ၂၀၂၀ (မော်ကွန်း) တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရဆေးရုံအားလုံးရဲ့ တစ်နှစ်စာဆေးဝါးဝယ်ယူစားရိတ် (ကျပ် ဘီလီယံ ၁၂၀) ထက် သုံးဆလောက်ပိုများတဲ့ ဘဏ္ဍာငွေတွေ ဝန်ကြီးဌာနတစ်ခုကနေလေလွင့်နေတယ်ဆိုရင်ယုံကြပ့ါမလား။ အဲဒီဌာနကတော့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပဲဖြစ်ပါတယ်။ထုတ်လုပ်ဖြန့်ချိလိုက်ပေမယ့် ဘဏ္ဍာငွေပြန်မရဘဲ လျှပ်စစ်ဓါတ်အားပျောက်ဆုံးမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ လေလွင့်သွားတဲ့ပမာဏဟာ အခုဆိုရင် တစ်နှစ်ကို ကျပ် ဘီလီယံ ၃၅၀ လောက်အထိ ကြီးမားလာပြီလို့ ပြည်ထောင်စုလွှတ်တော် မှတ်တမ်းတွေမှာဖော်ပြပါတယ်။ဒီပျောက်ဆုံးပမာဏဟာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ အိမ်သုံးမီတာတွေကနေ ပြန်လည်ကောက်ခံရရှိခဲ့တဲ့ ဓါတ်အားခရငွေထက် နှစ်ဆပိုများပါတယ်။ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့အစီရင်ခံစာအရ အဲဒီနှစ်မှာ အိမ်သုံးမီတာ အမျိုးအစားတွေထံက ဓါတ်အားသုံးစွဲခအဖြစ် ပြန်ရတဲ့ဝင်ငွေက တစ်နှစ်လုံးမှ ကျပ်ဘီလီယံ ၁၆၀ ကျော်သာ ရှိတယ်လို့ ဖော်ပြတယ်။ ဒါကြောင့် ပြည်သူကိုအရှုံးခံရောင်းချနေရလို့ လျှပ်စစ်ကဏ္ဍဟာအရှုံးကြီးနေတာလား၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့် အလေအလွင့်များပြီး […]
မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ Cartoon ဖြစ်ပါသည် #Cartoon
မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ Cartoon ဖြစ်ပါသည် #Cartoon
မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ Cartoon ဖြစ်ပါသည် #Cartoon
မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ Cartoon ဖြစ်ပါသည် #Cartoon
မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ Cartoon ဖြစ်ပါသည် #Cartoon
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."