မှတ်တမ်းများ

mawkun_70_cartoon_1

February 21, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ Editorial Cartoon ဖြစ်ပါသည် #Editorial_Cartoon

အပြည့်အစုံဖတ်ရန်

ရခိုင်စစ်ရေးနှင့် ရွေးကောက်ပွဲအပေါ် သူတို့အမြင်

February 21, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ အင်တာဗျူးဖြစ်ပါသည် ကျော်ဇေယျ ဆက်သွယ် မေးမြန်းသည်။ အပြောင်းအလဲမရှိခဲ့ရင် ဒီနှစ်နိုဝင်ဘာက ရွေးကောက်ပွဲလပါ။ ဒါပေမဲ့ နိုင်ငံအနောက်ဘက် ရခိုင်ဒေသမှာတော့ စစ်မီးအရှိန်က တစ်ဟုန်ထိုး မြင့်တက်နေတာ နှစ်ပေါက်လာပြီဖြစ်သလို ဒုက္ခသည် အရေအတွက်ကလည်း တိုးသထက် တိုးလာနေပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်စလုံး အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်အပေါ်  ဒီတိုက်ပွဲတွေက ဘယ်လိုများ သက်ရောက်လာနိုင်မလဲ။ အကယ်၍သာ ရခိုင်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ရင် ရခိုင်ပြည်နယ် နိုင်ငံရေးဟာ ဘယ်လို ဖြစ်သွားနိုင်သလဲဆိုတာတွေကို မော်ကွန်းက ရခိုင်ပြည်နယ်က ပါတီတချို့၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူတွေကို မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။ ခိုင်သုခ ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ မော်ကွန်း။ ။ စစ်ပွဲအရှိန်မြင့်နေတဲ့ […]

အပြည့်အစုံဖတ်ရန်

ရလလဖ သို့မဟုတ် တောင်ပေါ်မြေရဲ့ အခြားမျက်နှာ

February 20, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ ခရီးသွားဆောင်းပါးဖြစ်ပါသည် ထွန်းဝင်းငြိမ်း ရေးသည်။ နိဒါန်း ရှမ်းရိုးမပေါ်မှ ကျယ်ပြန့်သော လွင်ပြင်ထဲတွင် ကျွန်တော်တို့ကားက တအိအိသွားနေသည်။ ပြာလွင်သောကောင်းကင်တွင် တိမ်တိုက်တချို့ လွင့်မျောနေသည်။ နီစွေးနေသော မြေသားထက်တွင် ပြောင်းခင်း၊ ပဲခင်း၊ ပန်းနှမ်းနှင့် စိုက်ခင်းတို့သည် စိမ်းတကန့်၊ နီတကန့်၊ ဝါတကန့်ဖြင့် အလွန်လှပသော ရှုခင်းများအဖြစ် မြင်တွေ့နေရသည်။ မိုးကုပ်စက်ဝိုင်း၏အဆုံးတွင် တောင်တန်းများဖြင့် အနားသတ်ထားသော မြင်ကွင်းများက ဖမ်းစားနိုင်လွန်းလှသည်။ သို့သော် အလွန်လှပသည့် သည်နေရာသည် ဌာနတွင် နှစ်ပေါင်းများစွာ စစ်ပွဲများ ဖြစ်ခဲ့ကြသည်ဟုဆိုလျှင် မည်သူ ယုံကြည်ကြမည်နည်း။ ငြိမ်းချမ်းရေးကို စိုက်ပျိုးခြင်း ရှမ်းပြည်လူမျိုးပေါင်းစုံတို့သည် ရှေးနှစ်ပေါင်းများစွာကပင် ဤမြေဤရေတွင် ကျွန်ုပ်တို့နှင့်အတူ အေးအတူပူအမျှ နေထိုင်ခဲ့ကြသည်။ မိမိတို့၏ လွတ်လပ်သောဒေသများတွင် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကိုယ်ပိုင်ဘာသာစကားတို့ကို […]

အပြည့်အစုံဖတ်ရန်

မြန်မာ့အမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်ဆီသို့

February 14, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ ပို့စကဒ်ဖြစ်ပါသည် မျိုးဆက်စံ (ပုဂံဌာနေ) ရေးသည်။ အပိုင်း(၃) ရှေးဟောင်းအမွေအနှစ်တည်ရှိရာ ရှေးဟောင်းဇုန်ကို ကာကွယ်ထိန်းသိမ်း ဖို့အတွက် ရှိသင့်ရှိထိုက်တဲ့ အရေးကြီးဆုံးအချက်ဟာ နယ်နိမိတ် သတ်မှတ်ချက် (Boundary) ဖြစ်ပါတယ်။ နယ်နိမိတ် သတ်မှတ်တဲ့အခါ တိကျသေချာဖို့ လိုသလို အဂတိကင်းရှင်းဖို့လည်း အရေးကြီးပါတယ်။ (၁) ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ (၂) ရှေးဟောင်းနေရာတည်ရှိရာဇုန် (၃) ကာကွယ်ထိန်းသိမ်းထားတဲ့ဇုန် ဆိုပြီး ခွဲခြားသတ်မှတ်ထားတာကို သိရှိရပါတယ်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရဲ့ ဇုန်နယ်နိမိတ်ပြ မြေပုံမှာ လေ့လာတွေ့ရှိရတာက ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ တည်ရှိတဲ့ဇုန် (Property Zone) ကို အနီ ရောင်ခြယ်သထားတာကို တွေ့ရပါတယ်။ ကာကွယ်ထိန်းသိမ်း ထားတဲ့ဇုန် (Buffer Zone) ကိုတော့ အဝါရောင်ခြယ်သထားတာကို တွေ့ရပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ယောမင်းကြီးရဲ့ မွေးရပ်မြေ

February 4, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ Remembrance ဖြစ်ပါသည် သန်းနိုင်ဦး ရေးသည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်း ရတနာပုံနေပြည်တော်မှာ ယောမင်းကြီး ဦးဘိုးလှိုင်က ထင်ရှားတဲ့ ဝန်ကြီးတစ်ပါး ဖြစ်တယ်။ သူ့ခေတ်သူ့အခါက ခေတ်မီတဲ့ မင်းတစ်ပါး ဖြစ်တဲ့အပြင် အနေလှ အသေလှခဲ့သူဖြစ်တယ်။ သူကွယ်လွန်ချိန်မှာလည်း ဂူဗိမာန်နဲ့ ကျကျနန ဂူသွင်းမြှုပ်နှံခံရသူ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အစောဆုံးအခြေခံဥပဒေဖြစ်တဲ့ ရာဇဓမ္မသင်္ဂဟကျမ်း၊ ကျန်းမာရေးအတွက် ဥတုဘောဇန သင်္ဂဟကျမ်း၊ ဗေဒင်ပညာနှင့် နက္ခတ္တပညာတို့ကိုဖော်ပြတဲ့ မဟာသုဇာတကကျမ်း၊ ခန္ဓာဗေဒကျမ်း ကို ဗုဒ္ဓနည်းကျကမ္မဋ္ဌာန်းတရားနှင့်ယှဉ်ပြီး ကာယာနုပဿနာကျမ်းကိုလည်းရေးခဲ့သူဖြစ်တယ်။ ခေတ်အမြင်ရှိတဲ့ ယောမင်းကြီးကို ယင်းတောဝန်ကြီး ဦးရွှေတုတ်နဲ့ မယ်ငြိမ်းတို့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွာပုလဲရွာမှာ မြန်မာသက္ကရာဇ် ၁၁၉၁၊ နှောင်းတန်ခူးလဆန်း ၁၀ ရက် နံနက် ၃ နာရီမှာ […]

အပြည့်အစုံဖတ်ရန်

ပွန်းပဲ့ကုန်တဲ့ စာနာစိတ်များ

January 31, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ အက်ဆေးဖြစ်ပါသည် လက်သွေးရေးသည် အချိန်က ညကိုးနာရီလောက် ရှိနေပြီ။ မိုးက ခပ်ဖွဲဖွဲကျနေတယ်။ လိုင်းကားပေါ်ကဆင်းလိုက်တော့ ဗွက်တွေအပြည့် ဖုံးလွှမ်းနေတဲ့ ကတ္တရာလမ်းမက ဆီးကြိုတယ်။ ရေမြောင်းတွေကိုတူးပြီး ချဲ့နေတာကြောင့် ပုံထားတဲ့မြေစာတွေကို မိုးရေတွေက အရည်ဖျော်လိုက်တဲ့အခါ လမ်းသွားရတာ တော်တော်အဆင်မပြေဖြစ်ရတယ်။ ကားလမ်းကူးလိုက်ပြီး ကျွန်တော်နေတဲ့ လမ်းထဲကိုရောက်ဖို့ ရထားလမ်းကူးကို ဖြတ်ဖို့ပြင်တော့ အဲဒီနေရာမှာ လူနှစ်ယောက် မတ်တတ်ရပ်နေတာ တွေ့လိုက်ရတယ်။ အနားကပ်ကြည့်တော့ အသက် ၅၀ ကျော်အရွယ် လင်မယားနှစ်ယောက်။ ပုံစံက ခပ်နွမ်းနွမ်းပဲ။ ထီးတစ်ယောက် တစ်ချောင်းစီ ဆောင်းထားကြတယ်။ မိန်းမဖြစ်သူက အထုပ်အပိုးတွေ ကိုင်ထားတယ်။ သူတို့အနားရောက်တော့ အမျိုးသားဖြစ်သူက ကျွန်တေ့ာ ကို လှမ်းမေးတယ်။ ပဲခူးကိုသွားဖို့ ဒီကနေ ဘာကား ရောက်သလဲတဲ့။ စဉ်းစားကြည့်တော့ […]

အပြည့်အစုံဖတ်ရန်

မြန်မာ့အမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်ဆီသို့

January 31, 2020

မောကွှနွးမဂဂြဇငွးအမှတစွဉွ ၇၀ မှ ပို့စကဒဖွှဈပါသညွ မှိုးဆကစွံ (ပုဂံဌာနေ) ရေးသညွ။ အပိုငွး(၃) ရှေးဟောငွးအမှအနှဈေတညရွှိရာ ရှေးဟောငွးဇုနကွို ကာကှယထွိနွးသိမွး ဖို့အတှကွ ရှိသငွ့ရှိထိုကတွဲ့ အရေးကှီးဆုံးအခကှဟွာ နယနွိမိတွ သတမွှတခွကွှ (Boundary) ဖှဈပါတယွ။ နယနွိမိတွ သတမွှတတွဲ့အခါ တိကသှခှောဖို့ လိုသလို အဂတိကငွးရှငွးဖို့လညွး အရေးကှီးပါတယွ။ (၁) ရှေးဟောငွးအထိမွးအမှတွ အဆောကအွအုံ (၂) ရှေးဟောငွးနရောတညရွှိရာဇုနွ (၃) ကာကှယထွိနွးသိမွးထားတဲ့ဇုနွ ဆိုပှီး ခှဲခှားသတမွှတထွားတာကို သိရှိရပါတယွ။ ပုဂံရှေးဟောငွးယဉကွှေးမှုနယမွှရေဲ့ ဇုနနွယနွိမိတပွှ မှပေုံမှာ လေ့လာတှေ့ရှိရတာက ရှေးဟောငွးအထိမွးအမှတွ အဆောကအွအုံ တညရွှိတဲ့ဇုနွ (Property Zone) ကို အနီ ရောငခွှယသွထားတာကို တှေ့ရပါတယွ။ ကာကှယထွိနွးသိမွး ထားတဲ့ဇုနွ (Buffer Zone) ကိုတော့ အဝါရောငခွှယသွထားတာကို တှေ့ရပါတယွ။ အနီရောငခွှယသွထားတာဟာ […]

အပြည့်အစုံဖတ်ရန်

IS အကြမ်းဖက်ရန် ကာကွယ်ဖို့မြန်မာအသင့်ဖြစ်ပြီလား

January 15, 2020

ဗညားကျော် ရေးသည်။ ရန်ကုန် (ဇွန်၊ ၂၀၁၉) သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီတတိယပတ်က လူပေါင်း ၂၅၀ ကျော် သေဆုံးပြီး ၅၀ဝ ဝန်းကျင် ဒဏ်ရာရရှိခဲ့တဲ့ အကြမ်းဖက်ဗုံးဖောက်ခွဲမှုတွေ အပြီးမှာ ဆီးရီးယားနဲ့အီရတ်မှာ ခြေကုပ်ယူထားတဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (Islamic State of Iraq and Syria – ISIS) ဟာ ဗုဒ္ဓပုံတော်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ပုပ်ရဟန်း မင်းကြီး ဖရန်စစ်နဲ့ ဦးဝီရသူတို့ပုံတွေ ပါဝင်တဲ့ ပိုစတာနဲ့ အောင်ပွဲခံခဲ့ပါတယ်။ အဲဒီအကြမ်းဖက်မှုအပြီး လေးရက်အကြာမှာ မလေးရှား ရဲချုပ်တန်ဆရီ မိုဟာမက်ဖူဇီဟာရမ်က အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (ISIS သို့မဟုတ် IS) အဖွဲ့ဟာ အရှေ့တောင်အာရှမှာ အခြေစိုက်စခန်း တစ်ခုမရခင် မလေးရှားနိုင်ငံ၊ ဆာဘားပြည်နယ်က တာဒါအူနဲ့ […]

အပြည့်အစုံဖတ်ရန်

ဥပေက္ခာပြုရသူများ

December 13, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ အက်ဆေးဖြစ်ပါသည် ကျော်ဇေယျာထွန်းရေးသည် အန်တီဖြူအကြောင်းကို ဗိုလ်ချုပ်ဆိုတဲ့ နာမည်ကနေ စသိခဲ့ရတာပါ။ ကျွန်တေ့ာဇနီးက ‘ဗိုလ်ချုပ်’၊ ‘ဗိုလ်ချုပ်’ ဆိုပြီး စကားထဲ ထည့်ပြောနေသံကြားလို့ ‘ဘာဗိုလ်ချုပ်လဲ’ လို့ မေးကြည့်တဲ့အခါ သူနဲ့အမျိုးတစ်စတော်တဲ့ အဒေါ်တစ်ယောက်ဖြစ်ကြောင်း၊ အဲဒီအဒေါ်ဟာ စိတ်မကျန်းမမာဖြစ်ပြီး သူ့ကိုယ်သူ ဗိုလ်ချုပ်ဟုဆိုနေခြင်းကြောင့် သူ့ကိုဗိုလ်ချုပ်ဟု ခေါ်နေကြခြင်းဖြစ်ကြောင်းနဲ့ တကယ်တော့ သူ့နာမည်ကို အန်တီဖြူလို့ ခေါ်ကြကြောင်း ရှင်းပြပါတယ်။ သူ့မှာ အိမ်ထောင်ကျနေတဲ့ သမီးတစ်ယောက်နဲ့ ၁၃ နှစ် အရွယ်သားတစ်ယောက်ရှိပါတယ်။ သားသမီးတွေရဲ့ အဖေ၊ အန်တီဖြူရဲ့ ခင်ပွန်းကတော့ ဆုံးသွားပါပြီ။ ဒါကြောင့် အန်တီဖြူဟာ နောက်အိမ်ထောင်ထပ်ပြုပါတယ်။ ဒါပေမဲ့ အဲဒီအိမ်ထောင်နဲ့ကွဲပြီး သူဟာ ထမင်းဆိုင်တွေ၊ မုန့်ရောင်းတဲ့ဆိုင်တွေမှာ အလုပ်လုပ်ပါတယ်။ ပြီးတော့ သူဟာ သားသမီးတွေနဲ့လည်း […]

အပြည့်အစုံဖတ်ရန်

ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် ၃၀၊ ဆရာ့ဘဝ၊ ဆရာ့ဒဿန

December 9, 2019

ပြည်သူကို ချစ်သူအား ပြည်သူက ပြန်ချစ်သည်။ လူထုကို လေးစားသူအား လူထုက ပြန်လေးစားသည်။ ဤကား အလွန်ရိုးစင်းသော အဘိဓမ္မာတစ်ရပ်ပင်ဖြစ်သည်။ ထွန်းဝင်းငြိမ်း ရေးသည်။ (တစ်) တရားစောင့်သူ အဖိနှိပ်ခံ ပြည်သူတွေရှေ့က အလံဝှေ့ယမ်းနေတဲ့ စာပေခေါင်းဆောင် စာရေးဆရာ ဗန်းမော်တင်အောင်။ တင်မိုး (ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့် ဂုဏ်ပြုကဗျာ အစပိုဒ်) အဖိနှိပ်ခံ ပြည်သူလူထုဘက်က ရပ်တည်ပြီး ကိုယ်ယုံကြည်ရာကို သစ္စာရှိစွာနဲ့ သူ့ခေတ်ရဲ့ သမိုင်းတာဝန်ကို ကျေပွန်ခဲ့သူ ဆရာဗန်းမော်တင်အောင်ရဲ့ ရာပြည့်နှစ်ကို မကြာခင်ရောက်ပါတော့မယ်။ ဆရာကွယ်လွန်ခဲ့တာလည်း ၄၁ နှစ် ရှိခဲ့ပါပြီ။ ဆရာကွယ်လွန်ခြင်း အထိမ်းအမှတ် အခမ်းအနားတွေကိုလည်း အကြိမ်များစွာ ကျင်းပခဲ့ကြပါတယ်။ အဲဒီလို အထိမ်းအမှတ်ပွဲတွေကို တွေ့မြင်ရခြင်းဖြင့် ဆရာကွယ်လွန်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် […]

အပြည့်အစုံဖတ်ရန်

“နှစ်ပွင့်ပဲ ဆိုင်ဖို့လိုတော့တယ်”-၂

December 9, 2019

“ကာလုံခေါ်ရလောက်အောင် နိုင်ငံတော်က လုံခြုံရေးနဲ့ ကာကွယ်ရေးက ခြိမ်းခြောက်ခံရတဲ့ အခြေအနေမရှိတာတစ်ချက်ရယ်၊ နောက်တစ်ချက် ကာလုံခေါ်ရင် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ မပြောင်းလဲခင် ကာလုံခေါ်ရင် တပ်မတော်ဘက်က အများစု ဖြစ်နေတဲ့အောက်မှာ NLD ပါတီက ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို အရင်လုပ်နေတာ။” မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ အင်တာဗျူးဖြစ်ပါသည် ဟေမာန်ပြည့် မေးသည်။ ဦးသန်းစိုးနိုင် နိုင်ငံရေးလေ့လာသုံးသပ်သူ မော်ကွန်း။  ။ ကာလုံဆိုတာဘာလဲ။ ဘယ်လိုအချိန်မျိုးမှာ ခေါ်ဖို့လိုတာလဲ။ ဦးသန်းစိုးနိုင်။  ။ ကာလုံဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာပြဿနာတွေနဲ့ပတ်သက်လို့ တာဝန်အရှိဆုံး အဖွဲ့အစည်းပေါ့။ တိုင်းပြည်တစ်ပြည်အတွက်လည်း ကာကွယ်ရေး၊ လုံခြုံရေးလုပ်ငန်းဆိုတာ လုပ်ငန်းအားလုံးနဲ့ ဝန်ကြီးဌာန အားလုံးအနက်မှာ အရေးပါဆုံးဌာနဖြစ်တာပေါ့။ ဘယ်လိုအခြေအနေတွေမှာလဲဆိုတော့ ပြည်တွင်းမငြိမ်မသက် ဖြစ်တဲ့အခါမှာ၊ ဒီဒေသကို စစ်အုပ်ချုပ်ရေး ကြေညာမလား။ ဘာလားဆိုတာ […]

အပြည့်အစုံဖတ်ရန်

“နှစ်ပွင့်ပဲ ဆိုင်ဖို့လိုတော့တယ်”

December 9, 2019

“နှစ်ပွင့်ပဲ ဆိုင်ဖို့လိုတော့တယ်။ နှစ်ပွင့်ဆိုတာက ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်၊ ဟိုဘက်က တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပေါ့။ သူတို့နှစ်ယောက် ပြေလည်သွားရင် ကိစ္စတော်တော်များများက ဖြတ်လို့ရသွားနိုင်တယ်” မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ အင်တာဗျူးဖြစ်ပါသည် ဦးအောင်သူငြိမ်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (Institute for Strategy and Policy-Myanmar)၏ ဆက်ဆံဆက်သွယ်ရေးဌာန ဒါရိုက်တာ ဟေမာန်ပြည့် မေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်တွင်းကနေ ကြိုးပမ်းလာချိန်မှာ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီဘက်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဥပဒေကြမ်းများတင်သွင်းလာခဲ့ပါတယ်။ အဲဒီအထဲမှာ ကာလုံလို့ခေါ်တဲ့  ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ စုဖွဲ့မှုကို ပြန်လည်ပြင်ဆင်ဖို့ အချက်များလည်း ပါဝင်ပါတယ်။ စက်တင်ဘာ လကုန်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာလည်း တပ်မတော်ဘက်က လက်ရှိ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သုံးသပ်ဆွေးနွေးရန် […]

အပြည့်အစုံဖတ်ရန်
1 … 3 4 5 6 7 8 9 … 39

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."