Photo – Supplied ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ် ၂၅ ရက်က Arakan Rohingya Salvation Army – ARSA က အကြမ်းဖက်တိုက် ခိုက်မှုတွေ ဖြစ်ပြီးနောက်ပိုင်း တပ်မတော်နဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင် တွေဟာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ နောက် သိန်းနဲ့ချီတဲ့ မွတ်ဆလင် ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပါတယ်။ အစိုးရနဲ့ တပ်မတော်အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ပိုမို ဖိအားပေးလာခဲ့ကြပါတယ်။ ARSA အဖွဲ့က အစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာလုပ်ငန်းတွေ၊ အထောက်အပံ့တွေ လုပ်နိုင်ဖို့ စက်တင်ဘာ ၁ဝ ရက်ကနေ အောက်တိုဘာ ၉ရက်ထိ တစ်လကြာအပစ်အခတ် ရပ်စဲတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအပြင် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချင်တယ်ဆိုပြီး ARSA […]
အင်နဲ့အားနဲ့ဝေဖန်မှုတွေကိုတန်ပြန်ဖို့အတွက် မြန်မာနိုင်ငံဟာ ပြဿနာတွေကို မျက်ကွယ်ပြုထားတာမဟုတ်ဘူး၊ ရင်ဆိုင်ဖို့အသင့်ပဲဆိုတာကို အလေးပေးတဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးဗျူဟာတွေရှိရပါမယ်
လူမှုရေး၊ စီးပွားရေး အခြေအနေတွေနဲ့ လူနေမှုအဆင့်အတန်းတွေကတော့ အာဟာရ ချို့တဲ့ရခြင်းရဲ့ အခြေခံအကြောင်းရင်းတွေ ဖြစ်ပါတယ်။
(သူတို့ရဲ့ ယုံကြည်ကိုးကွယ်မှုကြောင့်၊ ဝတ်စားဆင်ယင်မှုကြောင့်) ပစ်မှတ်ထားခံနေရတယ်။ အကြမ်းဖက်သမားလို့ အခေါ်ခံနေရတယ်။ ဒါဟာ အန္တရယ်များတယ်။ တရားလည်း မတရားဘူး။ ပြီးတော့ ဒါဟာအမေရိကန်လမ်းစဉ်လည်း မဟုတ်ဘူး။
မြေဆီလွှာ ခန်းခြောက်ခါစဟာတွေ၊ ချုံနွယ်မြက်ပင်တွေနဲ့ ပေါင်းပင်တွေနဲ့ မြေကြီးပေါ်မှာရှိနေရင်တော့ အဲဒီအခြေနေက လုပ်လို့ရသေးတယ်။တောကြီး ပြန်ဖြစ်အောင် လုပ်လို့ရတယ်။
အစိုးရတိုင်းဟာ သူတို့မှာရွေးချယ်စရာ ရှိတယ်ဆိုတာကို နားလည်ဖို့လိုပါတယ်။ လူနည်းစုတွေနဲ့ စကားပြောဆိုပြီး သူတို့အတွက် မျှတမှုကိုရှာမလား၊ ဒါမှမဟုတ် အကြမ်းဖက်မှုကိုဆယ်စုနှစ်နဲ့ချီပြီး ရင်ဆိုင်မလား။ ဆယ်စုနှစ်အတော်ကြာ ပဋိပက္ခဖြစ်ပြီးရင်တော့ ပဋိပက္ခဆက်မဖြစ်စေဖို့ အပြန်အလှန်ဆွေးနွေးတဲ့နည်းကို သုံးကြရပါလိမ့်မယ ်။ ။
NLD က အား အကောင်းဆုံး။ သူတို့ရဲ့ အားကောင်းတဲ့ အတိုက်အခံ မရှိကြဘူး။ တိုင်းရင်းသားအင်အားစုတွေက အရမ်းအားနည်းနေတယ်။ သူ တို့အသံတွေ မရှိတော့ ဒီမိုကရေစီဖော်ဆောင်တဲ့အခါမှာ အခက် အခဲတွေ အများကြီး ရှိနေတယ်။ တစ်ဖွဲ့ ဖွဲ့ကပဲအရမ်းလွှမ်းမိုးနေတဲ့ သဘောရှိတယ်။
ကျားတွေကို သူတို့စားတဲ့အစားအစာ၊ သူတို့နေထိုင် တဲ့တောတွေကို ထိန်းသိမ်းပေးရင် သူတို့ ပြန်ပြီး မျိုးပွားပါတယ်။
ပညာရေးအတွက် ဘယ်လောက်၊ ကျန်းမာရေးအတွက် ဘယ် လောက်၊ ကာကွယ်ရေးအတွက် ဘယ်လောက်ဆိုတာကို မူနဲ့ကို ချထားရမှာ။ မဟုတ်လို့ရှိရင် မလိုအပ်ဘဲနဲ့ တိုးတိုးပြီး တောင်းတာ တွေ ဘာတွေ ဖြစ်ကုန်မယ်။ အဲဒီလိုဖြစ်တော့ ဘတ်ဂျက်လိုငွေ ပြမယ်၊ နောက် ဒေါ်လာဈေးလည်း တက်လာစေတယ်လေ။
ကျွန်တော်တို့ဆီမှာဖွဲ့ထားတာ ဆရာဝန် ၁၁၈ ဦး ရှိရမှာကို အခုလက်ရှိ ရှိနေတာ ၃ဝ ဦးခန့်ပဲရှိတယ်။ သူနာပြုက ၁၉၉ ဦး ရှိရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ရှိနေတာ ၈ဝ ဦးခန့်ပဲရှိတယ်။ ဖွဲ့စည်းပုံ လုံးဝမပြည့်ဘူး။ ဓာတ်မှန်ကျွမ်းကျင်ရင် ဖွဲ့စည်းပုံက သုံးဦး ဆိုရင် ဒီမှာ နှစ်ဦးပဲရှိတယ်။ သူနာပြုအဆင့် ၄ ဆိုရင် ၆၃ ဦး ဖွဲ့စည်းထားတယ်။ ဒါပေမဲ့ ၃၈ ဦးပဲ ရှိတယ်။
သဘာဝငါးထုတ်ယူသုံးစွဲမှုကို လျှော့ချတယ်ဆိုတာ ထက် ကျွန်တော်သုံးချင်တဲ့ စကားလုံးကတော့ ထုတ်ယူသုံးစွဲနိုင် တဲ့ ပမာဏသတ်မှတ်ဖို့ လိုတယ်လို့ မြင်ပါတယ်။ အခုလက်ရှိမှာက ရေချိုကိုပဲကြည့်ကြည့်၊ ရေငန်မှာပဲ ကြည့်ကြည့် ရသမျှ အကုန် ထုတ်ယူမယ်ဆိုတာမျိုး ဖြစ်နေတာကိုး။ တကယ်တမ်းကျတော့ ငါးသယံဇာတဆိုတာမျိုးက ထုတ်ယူသင့်တဲ့အချိန်မှာထုတ်၊ နား သင့်တဲ့အချိန်မှာနား၊ ပြီးတော့သတ်မှတ်ထားတဲ့ ကိရိယာတန် ဆာပလာတွေနဲ့ပဲ ဖမ်းယူစားသုံးမယ်၊ စည်းကမ်းတကျလေး လုပ် သွားမယ်ဆိုရင် တစ်လျှောက်လုံး စားသုံးနိုင်တဲ့ သယံဇာတမျိုး ဖြစ်ပါတယ်။
အမှန်တကယ် ငြိမ်းချမ်းရေးရဖို့ကတော့တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းသွားရမှာပဲ။ ချက်ချင်းကြီး ငြိမ်းချမ်းရေးရမယ့် အနေအထားတော့ မဟုတ်ဘူးလို့ သုံးသပ်လို့ ရပါတယ်။
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."