ဦးမင်းထွန်းစိုး ဒုတိယညွှန်ကြားရေးမှူး ပြောရေးဆိုခွင့်ရှိသူ၊ အကျဉ်းဦးစီးဌ ာန နှင့် အင်တာဗျူ း

ဦးမင်းထွန်းစိုး ဒုတိယညွှန်ကြားရေးမှူး ပြောရေးဆိုခွင့်ရှိသူ၊ အကျဉ်းဦးစီးဌ ာန နှင့် အင်တာဗျူ း

Photo – Than Soe

အကျဉ်းထောင်များ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှု အခြေအနေများနှင့် အကျဉ်း သားများ၏လူ့အခွင့်အရေးဆိုင်ရာ အခြေ အနေများကို သိရှိနိုင်ရန် အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေး မှူး ဦးမင်းထွန်းစိုးနှင့် မော်ကွန်းတို့  ဆက် သွယ်မေးမြန်းထားသည်များမှ ကောက် နုတ်ဖော်ပြအပ်ပါသည်။

 

မော်ကွန်း။  ။ မြန်မာနိုင်ငံမှာ အကျဉ်းထောင်နဲ့ အကျဉ်းစခန်း အားလုံး ဘယ်လောက် ရှိပါသလဲ။ အကျဉ်းသား၊ အကျဉ်းသူ ဘယ်နှဦးကို ထိန်းသိမ်းထားပါသလဲ။

ဦးမင်းထွန်းစိုး။  ။ လက်ရှိမှာတော့ အကျဉ်းထောင် ၄၆ ခုရှိပါ တယ်။ စခန်းကလည်း ၄၈ ရှိတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောရင် အကျဉ်းသားစုစုပေါင်းက ခုနစ်သောင်း(၇၇,ဝဝဝ)ကျော် ရှိပါတယ်။ အဲဒါကတော့ အကျဉ်းသား၊ အချုပ်သား၊ ကျား၊ မ အားလုံးပါတာပေါ့လေ။ ကျွန်တော်တို့မှာ ရှိတဲ့ ဝန်ထမ်းအင် အားဆိုရင် လက်ရှိအနေအထားအရ ၁ အချိုး ၂ဝ ဦးလောက် အကျဉ်းသားတွေကို ထိန်းသိမ်းနေရတာပါ။ အကျဉ်းသူကတော့ ခန့်မှန်း ၇,၅ဝဝ လောက်ရှိပါတယ်။

 

မော်ကွန်း။  ။ ကိုယ်ဝန်ဆောင် မိခင်တွေကို ကျန်းမာရေးစောင့် ရှောက်မှု ဘယ်လိုပုံစံမျိုး ပေးပါသလဲ။

ဦးမင်းထွန်းစိုး။  ။ အဲဒါကတော့ အပြည့်အဝဖြည့်ဆည်းဆောင် ရွက်ပေးနေပါတယ်။ အကျဉ်းထောင် ရောက်ရှိချိန်ကတည်းက ကိုယ်ဝန်ပါလာတာဖြစ်တယ်။ ကိုယ်ဝန်စစ်တာကတော့ အပြင်လူ နီးပါးလောက်ကို လိုက်လုပ်ပေးနိုင်ပါတယ်။ အကျဉ်းထောင် ဆရာဝန်နဲ့ အကျဉ်းထောင်ကို လာရောက်ကြည့်ရှုတဲ့ အထူးကု ဆရာဝန်တွေနဲ့ ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေ အားလုံးကို ပြသပေးပါတယ်။ ကျန်းမာရေးဦးစီးဌာနကလည်း သတ်မှတ် ကာလအလိုက် ထိုးရမယ့် ကာကွယ်ဆေးအားလုံးကို လာထိုးပေး ပါတယ်။ ကလေး မွေးရင်လည်း ဆေးရုံတင်ပို့ပြီး မွေးဖွားစေတယ်။ အခုထိ ကလေး မီးဖွားစဉ် မိခင်သေဆုံးခြင်း၊ ကလေးသေဆုံးခြင်း လုံးဝမရှိခဲ့ သေးပါဘူး။

မော်ကွန်း။  ။ ကလေးမီးဖွားတဲ့အခါမှာ ကျန်းမာရေးစောင့်ရှောက် မှုနဲ့ ပတ်သက်ပြီးလုံလုံလောက်လောက် မရခဲ့ဘူး။ ကလေးမွေးပြီး လုံလောက်တဲ့အာဟာရမရခဲ့ဘဲ ပုံမှန်ထောင်စာပဲ စားရတဲ့ အတွက်ကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်ဆိုပြီး အကျဉ်းသူ တစ်ဦးက ပြောတယ်။ ဒီအပေါ်မှာရော ဘာများ ပြန်ပြီး မှတ်ချက် ပေးချင်ပါသလဲ။

ဦးမင်းထွန်းစိုး။  ။ အဲဒီလိုဖြစ်စဉ်ကတော့ ကျွန်တော်တော့ မကြား မိဘူး။ ကလေးမီးဖွားတဲ့အခါ တချို့အကျဉ်းသူတွေက ထောင် ထဲမှာတောင် မွေးချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုရင် ထောင်ထဲမှာ ဝိုင်းဝန်းစောင့်ရှောက်မှုတွေရတယ်။ အစားအသောက်တွေလည်း ဖေးမကူညီပေးကြတယ်။ အနှီးတွေလည်း ဝန်ထမ်းတွေက လုပ် ပေးတယ်။ အစားအသောက်ကတော့ ကိုယ်ဝန်ဆောင်အစား အသောက်ဆိုပြီး သီးခြားပြဋ္ဌာန်းထားတာ မရှိဘူး။

ပုံမှန်သတ်မှတ်ထားတဲ့ ရိက္ခာအတိုင်း ကျွေးမွေးသော် လည်းပဲ အကျဉ်းဦးစီးဌာန အကျဉ်းထောင်တွေမှာ ဖွဲ့စည်းထားတဲ့ အကျဉ်းထောင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက လိုအပ်တဲ့ အာဟာရများ၊ အနှီးများ၊ ကလေးအဝတ်အစားများ ကို ထောက်ပံ့ပေးတယ်။ ဒီက ဆရာမတွေ၊ ဆရာတွေကလည်း မေတ္တာနဲ့ စေတနာတွေနဲ့ အဲဒီလိုမျိုး ကျွေးမွေးတာ တွေရှိပါတယ်။ ဆင်းရဲတဲ့ အကျဉ်းသူတွေအတွက်ဆိုရင် ရပ်ကွက်ထဲမှာ မီးဖွားတဲ့ အခြေအနေထက်တောင် ပိုကောင်းတယ်လို့ ပြောသွားကြတာ ရှိတယ်။

လုံလောက်တဲ့ အာဟာရ မရရှိဘူးတို့၊ ကျန်းမာရေးစောင့် ရှောက်မှု မရဘူးဆိုတာတွေက သူတို့ အမြင်နဲ့ သူတို့ပြောတာသာ ဖြစ်မှာပါ။ ကလေးမွေးပြီးနောက်ပိုင်းလည်း သတ်မှတ်ကာလ အတိုင်း ကာကွယ်ဆေးများကို ထိုးပေးတယ်။ ရပ်ကွက်ထဲမှာဆို ရင်တောင် ကျန်းမာရေးဌာနကို သွားပြီး တန်းစီနေရသေးတယ်။ ကျွန်တော်တို့အနေနဲ့ အကောင်းမွန်ဆုံးဖြစ်အောင် ဆောင်ရွက် ပေးနေပါတယ်။

မော်ကွန်း။  ။ အကျဉ်းထောင်များလက်စွဲမှာ ကလေးငယ်တွေကို အသက်လေးနှစ်အထိ မိခင်တွေက သူတို့နဲ့အတူ ခေါ်ထားခွင့်ရှိ တယ်။ နောက်တစ်ခုက အစားအသောက်အပြင် လိုအပ်တဲ့အဝတ် အစားလည်း ထောက်ပံ့ပေးရမယ်ဆိုတာမျိုး ပါတယ်။ အဲဒီအပိုင်း မှာရော ကလေးတွေအတွက် ဘာတွေ ထောက်ပံ့ပေးပါသလဲ။

ဦးမင်းထွန်းစိုး။  ။ ကလေးတွေအတွက်ကတော့ ခုနက ပြောခဲ့ တဲ့အတိုင်း အကျဉ်းဦးစီးဌာနကနေပြီးတော့ အကျဉ်းထောင်/ စခန်းအားလုံးမှာ မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းဆိုတာ ဖွဲ့စည်းထားတာရှိတယ်လေ။  အဲဒီအဖွဲ့က ကလေးအာဟာရ၊ ကလေးအနှီးနဲ့ ကလေးအတွက်လိုအပ်တဲ့ အသုံးအဆောင်လေး တွေ ဝယ်ပေးတယ်။ အကျဉ်းထောင်ဥပဒေထဲမှာတော့ မပါဘူး ပေါ့နော်။ ဝန်ထမ်းထဲက သူတို့ကို ထောက်ပံ့ပေးတာဗျ။ အစား အသောက်အနေနဲ့လည်း ဒီကလေးတွေကို ကျွေးဖို့ အကျဉ်း ထောင်ဥပဒေထဲမှာ မပါပေမယ့်လည်း တာဝန်ခံတွေက သီးခြားစီစဉ်ဆောင်ရွက်ပေးပါတယ်။

သူတို့ကလေးတွေတောင် ကျွန်တော်တို့ကျောင်းထားပေးနေတာပဲ။ မူကြိုပေါ့။ အခုလက်ရှိ အင်းစိန်၊ မန္တလေးအပါအဝင် အကျဉ်းထောင်တော်တော်များများမှာ မူကြိုကျောင်းလေးတွေ ဖွင့်ထားပေးတာရှိပါတယ်။ မူကြိုအရွယ်ကလေးတွေကိုလည်း ပြင်ပရှိကလေးများနည်းတူ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာဟာရကျွေးမွေးမှုတွေကို ဆောင်ရွက်ပေးတယ်။ ကလေး နေ မကောင်းလို့ ဆေးရုံပြတာတို့၊ ဆေးရုံတင်ရတာတို့ဆိုရင် ကလေး ရဲ့ မိခင်ကိုလည်း ဆေးရုံကို ခေါ်ဆောင်သွားပေးပါတယ်။

 

မော်ကွန်း။  ။ ဝန်ထမ်းတွေ အဂတိလိုက်စားတယ်ဆိုပြီးတော့ ပြောဆိုကြတာတွေရှိတယ်။ အဲဒီအပေါ်မှာရော ဆရာတို့ ဘယ်လို အရေးယူခဲ့လဲ။ အရေးယူခဲ့တာမျိုးရှိရင် နှှစ်အလိုက်စာရင်းလေး သိချင်ပါတယ်။

ဦးမင်းထွန်းစိုး။  ။ လာဘ်ပေးလာဘ်ယူမှုနဲ့ ဒီနေ့အချိန်ထိ အရေး ယူထားတာ မရှိဘူး။ ကျွန်တော်သိရသလောက် မရှိဘူး။

 

မော်ကွန်း။  ။ ဒါပေမဲ့ လူ့အခွင့်အရေးကော်မရှင်က မြင်းခြံအကျဉ်း ထောင်ကို သွားရောက်တဲ့အခါမှာ တွေ့ရှိချက်အရ အကျဉ်း ထောင်တွေမှာ မလိုအပ်ဘဲ ငွေကြေးတောင်းခံမှုတွေရှိတဲ့အတွက် အရေးယူဆောင်ရွက်ဖို့ အကြံပြုထားတာ တွေ့ရပါတယ်။ အဲဒါက ဘယ်လိုဖြစ်တာပါလဲ။

ဦးမင်းထွန်းစိုး။  ။ ငွေကြေးတွေက တောင်းတာမဟုတ်ဘူး။ ဒီလို ခင်ဗျားသိအောင်ပြောရရင် အထဲမှာ လျှပ်စစ်မီးပျက်တဲ့ အချိန်က များတဲ့အတွက် ရေမလုံလောက်မှုတွေ ကြုံရတယ်။ ဒီတော့ လျှပ်စစ်မီးမလာရင် ဒီဇယ်အင်ဂျင်နဲ့ ရေမောင်းတာပေါ့။ အဲဒီ ရေမောင်းတဲ့ဟာကို ဒီဇယ်ဖိုး ပိုက်ဆံကောက်တယ်ဆိုတာလည်း ထောင်ပိုင်က ကောက်တာတော့ မဟုတ်ဘူးပေါ့နော်။ တန်းစီး လေးတွေ သူတို့ဟာသူတို့ ရေပိုမောင်းပြီး ရေကို ပိုပြီး ချိုးချင်တဲ့ အတွက် ရေမောင်းရမယ်ဆိုပြီး ကောက်တာ ဖြစ်တယ်။ ဒါတွေက လည်း ထောင်ပိုင်အုပ်ချုပ်မှု အားနည်းလို့ ဖြစ်တဲ့ကိစ္စတွေပါ။ ကျွန်တော်တို့ ရုံးချုပ်ကိုလည်း ဆီတွေ၊ ဘာတွေ တင်ပြ တောင်း ရင်လည်းရတယ်။ ဒါ ထောင်ပိုင်လုပ်ဆောင်ချက် မှားသွားတဲ့ အတွက် အခု အဲဒီထောင်ပိုင်ကို ပြောင်းလိုက်ပြီ။ အကျဉ်းသားနဲ့ မဆက်စပ်တဲ့နေရာ ရုံးမှာ တာဝန်ပေးလိုက်တယ်။

 

မော်ကွန်း။  ။ အကျဉ်းထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်တာတွေ၊ တချို့ထောင်တွေမှာဆိုရင် ထောင်အာဏာပိုင်တွေက ရိုက်နှက် စစ်ဆေးတာတွေ ရှိတယ်ဆိုပြီး မှတ်ချက်ပေးကြတယ်။ ဒီအပေါ် မှာရော ဘယ်လိုမျိုး ပြောချင်ပါသလဲ။

ဦးမင်းထွန်းစိုး။  ။ ရိုက်နှက်တာတို့၊ ဘာတို့ကတော့ တားမြစ်ထား ပါတယ်။ ဒါပေမဲ့ မရိုက်ရဘူးလို့တော့ မဟုတ်ဘူး။ ရိုက်မယ်ဆိုရင် လည်း နည်းစနစ်မှန်၊ ဆုံးမတာပဲ။ ဆရာနဲ့ တပည့် ဆုံးမတာပဲ။ အခုနကလိုမျိုး ဒေါနဲ့ မောနဲ့ အဲဒီလိုမျိုး ရိုက်နှက်တဲ့ဟာ မရှိဘူး။ ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်မှု လုံးဝမရှိသလို ထောင်တာဝန်ခံ က ထောင်ထဲမှာ စစ်ဆေးစရာအမှုလည်း ဘာမှ မရှိပါဘူး။

 

မော်ကွန်း။  ။ ခုနက မရိုက်နှက်ရဘူး၊ တားမြစ်တယ်လို့ပြောပြီး ဆုံးမတဲ့အနေနဲ့ လုပ်သင့်တယ်ဆိုတော့ ဘယ်လိုအခြေအနေမျိုး မှာ အဲဒီလိုသတ်မှတ်ခွင့် ရှိတာပါလဲ။

ဦးမင်းထွန်းစိုး။  ။ လူ့စိတ်ဆိုတာ ခင်ဗျားသိတဲ့အတိုင်းဗျာ။ စိတ် ဆိုးတယ်ဆိုရင် ရိုက်တတ်တာပဲ။ အဲဒါက ဆရာတပည့်ဆုံးမတာ မဟုတ်တော့ဘူးပေါ့နော်။ ဒါပေမဲ့ အကျဉ်းဦးစီးမှာတော့ ဒါမျိုး မရှိအောင် ထိန်းသိမ်းထားပါတယ်။ ဝန်ထမ်းတွေကလည်း လူထဲ ကလူတွေပဲဖြစ်လို့ ဒေါသဆိုတာရှိတာပဲ။ ဒါပေမဲ့ အားလုံးက ထိန်းချုပ်ထားကြတယ်။ တစ်ချက်၊ နှစ်ချက် ရိုက်တယ်ဆိုရင် ရိုက် တဲ့ဟာက ပြစ်မှုကို နောက်မကျူးလွန်မိအောင် ဆရာတပည့် ဆုံးမတဲ့သဘောပေါ့။  ဥပမာ-အထဲမှာ တစ်ယောက်နဲ့ တစ် ယောက် ပစ္စည်းခိုးလို့ အချင်းချင်းဆိုရင် မင်းနောက်ဆို ဒီလို မလုပ်နဲ့။ ဆုံးမတာ ခံမလား။ အရေးယူတာခံမလား မေးပြီးတော့  ဆုံးမတာပဲ ဖြစ်ရမယ်ပေါ့နော်။ ဒီနေရာမှာ တကယ်လို့ ပြစ်မှုကျူး လွန်သူကို ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူမယ်ဆို ရင် သူတို့ရပြီး လျော့ရက်တွေ ဖြတ်တောက်ခံရတာတို့၊ ရမည့် လျော့ရက် ဖြတ်ခံရတာတို့၊ နောက် အမှုဖွင့်တာတို့လုပ်ရင် ပြစ် ဒဏ်ကာလပိုတိုးလာပြီး သူတို့အတွက် ပိုတောင်နစ်နာနိုင်သေးတယ်။

 

မော်ကွန်း။  ။ အကျဉ်းသားတစ်ဦးအနေနဲ့ လူ့အခွင့်အရေးချိုး ဖောက်ခံရတာမျိုး ရှိတယ်ဆိုရင် အကျဉ်းဦးစီးဌာနကို တိုင်ကြား လို့ရတဲ့ စနစ်မျိုးတွေ ရှိပါသလား။

ဦးမင်းထွန်းစိုး။  ။ ရှိပါတယ်။ တိုင်တန်းလို့ရတယ်၊ ကျွန်တော်တို့ ထောင်ပိုင်တွေ တနင်္လာနေ့တိုင်း အိပ်ဆောင်အားလုံးကို လှည့် ပြီး တန်းစီစစ်ဆေးတာရှိပါတယ်။ ဘယ်သူကတော့ ညှဉ်းပန်းနှိပ် စက်တယ်၊ တရားဝင်တိုင်လို့ရတယ်။ လူအများရှေ့မှာ မပြောရဲရင် လည်း သီးခြားတင်ပြလို့ရပါတယ်။  ဒါမှမဟုတ်ရင်လည်း သူ့ မိသားစုက ဒီလိုမျိုး ဖြစ်ခံနေရပါတယ်။ ညှဉ်းပန်းနှိပ်စက်ခံနေရပါ တယ်လို့ ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်ရုံး အမှတ် ၄၉ ကို လိပ်မူပြီး တိုင်ကြားလို့ရပါတယ်။  အဲဒီမှာ ဟုတ်တယ်၊ မဟုတ်ဘူး ကို ကျွန်တော်တို့ စိစစ်မယ်။

 

မော်ကွန်း။  ။ လက်ရှိမှာရော ဆရာတို့ဆီကို ကိုယ်တိုင်သော်လည်း ကောင်း တစ်ဆင့်သော်လည်းကောင်း တိုင်ကြားတာတွေ ရှိပါ သလား။

ဦးမင်းထွန်းစိုး။  ။ တိုင်ထားတာတွေ မရှိပါဘူး။ ကျွန်တော် တာဝန် ယူတဲ့လက်ထက်ပေါ့နော်။ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ တိုင်တန်းထားတာ မရှိဘူး။ ဘာဖြစ် လဲဆိုတော့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ အိုင်စီအာရ်စီ(ကမ္ဘာ့ကြက်ခြေနီအဖွဲ့) စတဲ့ အဖွဲ့တွေဟာ အကျဉ်း ထောင်၊ စခန်းများကို သွားရောက်ပြီး  လေ့လာခြင်းတွေ၊ အကျဉ်း သားတွေကို ဝန်ထမ်းတွေ မကြားနိုင်တဲ့နေရာမှာ သီးခြားတွေ့ဆုံ မေးမြန်းတာတွေ ရှိပါတယ်။  အဲဒီလို ဝင်လာတဲ့အခါမှာ ကျွန် တော်တို့ ထောင်၊ စခန်း တော်တော်များများ စားရေး၊ သောက် ရေး၊ နေရေး၊ ကျန်းမာရေး၊ ဆေးကုတာကအစ တော်တော်ကို ထောင်အာဏာပိုင်ရှိတဲ့ လူတွေက နိုင်ငံတော်က ကျွေးတဲ့ နှုန်းထားအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရတဲ့ဟာလေးတွေ စိုက်ကျွေးဖို့ပေါ့နော်။ အဲဒါမျိုးလေး တွေသူတို့ တင်ပြတဲ့ဟာလေး တွေ၊ အကြံပြုတဲ့ဟာလေးတွေ အဲဒါမျိုးပဲရှိပါတယ်။  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ အိုင်စီအာရ်စီအဖွဲ့တွေရဲ့ အကြံပြုချက်ကို ကျွန်တော်တို့ အလေးထားပါတယ်။

 

မော်ကွန်း။  ။ ပြီးခဲ့တဲ့ တစ်လလောက်က သရက်အကျဉ်းထောင်မှာ အမျိုးသမီးတစ်ဦး ကလေးမီးဖွားတဲ့အခါမှာ လက်ထိပ်ခတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး ဝေဖန် ထောက်ပြကြတယ်။ ဒီအပေါ်မှာရော ဘာများပြောလိုပါလဲ။

ဦးမင်းထွန်းစိုး။  ။ ခြေချင်းခတ်တာတို့၊ လက်ထိပ်ခတ်တာတိ့ုဆိုတာ  အကျဉ်းထောင်ဥပဒေနဲ့အညီသာ လုံခြုံရေးအရ ဆောင်ရွက်ခြင်း သာဖြစ်ပါတယ်။ ဒီလိုမျိုး သူက အပြင်မှာ ကလေးမွေးတာတို့၊ ပြင်ပဆေးရုံတင်တာတို့ဆိုရင် လုံခြုံရေးအရ ရဲတပ်ဖွဲ့ကို လွှဲအပ် ပေးပါတယ်။ ထောင်ပရဝဏ်တံခါးဝရောက်သွားရင် ကျွန်တော် တို့ တာဝန် မဟုတ်တော့ဘူး။ ရဲက တာဝန်ယူရတယ်။ လုံခြုံရေး အရသာ ကျွန်တော်တို့က ခတ်ပေးတာ။ တကယ်လို့ ရဲက လုံခြုံ ရေးတာဝန်ယူတယ်၊ ခတ်ပေးဖို့ မလိုဘူးလို့ပြောလာရင် ကျွန် တော်တို့က ခြေချင်းမခတ်ဘဲ လွှဲပေးလို့ရတယ်။

ဒါပေမဲ့ အမျိုးသမီးဆိုရင် ခြေချင်းမခတ်ပါဘူး။ အဲဒါ အခု ခတ်ထားတာက ရဲလုံခြုံရေးလက်အောက်မှာ ဖြစ်တဲ့ကိစ္စပါ။ ရဲက လည်းလုံခြုံရေးအရ လိုအပ်ရင် ခတ်မှာဖြစ်ပါတယ်။ ပြင်ပဆေးရုံ မှာ ကလေးမွေးပြီး ပြင်ပရှိဆွေမျိုးတွေနဲ့ ဆက်သွယ်ကာ ကလေး ကိုထားပြီး ထွက်ပြေးတာတို့၊ ကလေးကို အပါခေါ်ပြီး ထွက်ပြေး တာတို့ ရှိခဲ့ဖူးလို့ တာဝန်ကျဝန်ထမ်းတွေ အရေးယူခံခဲ့ရတဲ့ သာဓကတွေ ရှိပါတယ်။

မော်ကွန်း။  ။ ရဲဘက်စခန်းတွေမှာရှိတဲ့ အကျဉ်းသားတွေကို အလုပ်ခိုင်းစေတဲ့အခါ ပြင်ပက စီးပွားရေးလုပ်ငန်းရှင်တွေကနေ ပြီးတော့ သူတို့ကို အခကြေးငွေပေးပြီး ခိုင်းစေတဲ့ပုံစံမျိုးတွေ ရှိ တယ်လို့ ပြောကြတာရှိပါတယ်။ အဲဒါက ဦးစီးဌာနအနေနဲ့ တရား ဝင်ခွင့်ပြုပြီးတော့ ခိုင်းစေတာမျိုးလား။

ဦးမင်းထွန်းစိုး။  ။ မရှိဘူး၊ ပေးမလုပ်ဘူးဗျ။ တကယ်လို့ တွေ့ခဲ့ရင် ခင်ဗျားတို့ကိုယ်တိုင် ကျွန်တော်တို့ကို စာရေးပါ။ တိတိကျကျပေါ့ လေ။ ကျွန်တော်တို့က တိတိကျကျ အရေးယူပေးမယ်။ ကျွန်တော် တို့က သူတို့လုပ်အားကို ဌာနလုပ်ငန်းကလွဲလို့ လုပ်ခိုင်းဖို့ လုံးဝ ခွင့်မပြုဘူး။ တကယ်လို့ ခိုင်းလို့ ခင်ဗျားတို့ သိခဲ့လို့ရှိရင်လည်း အချိန်မရွေးစာရေးပြီး အကျဉ်းသား ဘယ်နှယောက်လဲ၊ ဘယ် ထောင်လဲ၊ ကျွန်တော်တို့ကို အချိန်မီပြောပါ။ ကျွန်တော့််ကိုလည်း ပြောလို့ရပါတယ်။ ကျွန်တော့်ဆီရောက်တာနဲ့ ညွှန်ချုပ်၊ ဒုညွှန် ချုပ် အကုန်ရောက်ပါပြီ။ အကျဉ်းဦးစီးဌာနရဲ့ ရည်မှန်းချက်မှာ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးပါဝင်တဲ့အတွက် နီးစပ်ရာ ကျေးရွာတွေမှာရှိတဲ့ သက်ကြီးရွယ်အို၊ မုဆိုးမများရဲ့တောင်ယာလုပ်ငန်းတွေမှာ ဝိုင်းကူပေးတယ်၊ ကျေးရွာလူသွားလမ်းတွေ ဝိုင်း ဝန်းဖောက်လုပ်ပေးတယ်၊ အခြားဌာနဆိုင်ရာလုပ်ငန်းတွေမှာ လည်း ဝိုင်းဝန်းလုပ်အားပေးတယ်။

 

မော်ကွန်း။  ။ ဒါဆို အခုလက်ရှိ သူတို့ကို အလုပ်စေခိုင်းတာက ဘယ်လိုနေရာမျိုးတွေမှာပါလဲ။

ဦးမင်းထွန်းစိုး။  ။ ကျွန်တော်တို့က စိုက်ပျိုးရေး၊ မွေးမြူရေးလုပ် ငန်းတွေမှာ လုပ်အားတွေကို ခိုင်းတာ။ အဓိကကတော့ အကျဉ်း သားရဲ့လုပ်အားကို နိုင်ငံတော်စီမံကိန်းပေါ့။  စိုက်ပျိုးရေး၊ မွေး မြူရေး ကုန်ထုတ်လုပ်ငန်းပေါ့နော်။ ကုန်ထုတ်လုပ်ငန်းနဲ့ စိုက်ပျိုး ရေးလုပ်ငန်းဆိုရင် အခြားအသက်မွေးဝမ်းကျောင်းပညာရပ်ပါ ပါတယ်။ ဥပမာ-ကျောက်ထုတ်လုပ်ငန်း၊ ကျောက်ထုတဲ့လုပ်ငန်း က ပညာမလိုပါဘူးလို့ ပြောတယ်ပေါ့နော်။

ဒါပေမဲ့ ပညာမလိုဘူးဆိုပေမယ့် မရိုက်တတ်ရင် (ရိုက်ခွဲသူ ကို) ထိသွားမှာပေါ့။ သူက ဒီတစ်ခုတည်းလုပ်တာ မဟုတ်ဘူးလေ။ ဒါက ကြုံခဲ့တဲ့ဟာတွေ ပြောတာပေါ့နော်။ ဥပမာ-စပါးစိုက်တယ် ဗျာ။ နှမ်းစိုက်တယ်ဗျာ။ တခြားအသီးအနှံတွေ စိုက်တယ်ဗျာ။ ဘာမှမတတ်တဲ့လူတစ်ယောက် အပြင်လွတ်သွားတဲ့အခါကျ တော့ ချဉ်ပေါင်ဘယ်လိုစိုက်မလဲ။ ချဉ်ပေါင်စိုက်တာ လွယ်လွယ် လေးပါဗျာ။ ကြဲချရင် ရတာပဲ။ ဒါပေမဲ့ စနစ်မရှိဘူးပေါ့နော်။ စပါး စိုက်တယ်ဆိုရင်လည်း   သူ့ပညာနဲ့သူပေါ့ဗျာ။ သူတို့လည်း အဲဒီ လိုအလုပ်လုပ်ရင် တစ်နေ့နှစ်ရာရတယ်။ ရတဲ့ငွေကို ဘာပဲပြော ပြော သူတို့စားရေး၊ သောက်ရေး၊ နေရေး သူတို့လုပ်အားခတွေ ရတယ်။

ထောင်ပြင်ပမှာနေရတာနဲ့ အုတ်ရိုးလေးဖက်ကြားထဲမှာ နေရတာ စိတ်ခံစားချက်ချင်း မတူပါဘူး။ ကိုယ်တိုင်စိုက်ပျိုးတဲ့ အတွက် နိုင်ငံတော်ဘဏ္ဍာငွေလည်း အများကြီးသက်သာတယ်၊ နိုင်ငံတော်စီမံကိန်းတွေကို ဈေးပေါပေါနဲ့ ကျောက်တွေကို ရောင်း ချပေးတဲ့အတွက် အခြားဌာနတွေမှာလည်း ကုန်ကျစရိတ်သက် သာပြီး လိုအပ်တဲ့ကျောက်ကိုလည်း အချိန်မီရတယ်။

 

မော်ကွန်း။  ။ တချို့ရဲဘက်စခန်းတွေမှာ အမျိုးသမီးတွေလည်း ကျောက်ထုတဲ့လုပ်ငန်းမှာ ခိုင်းစေခံရတာရှိတယ်။ ဆိုတော့ ကာယအားကိုထုတ်ပြီး သုံးရတာဖြစ်တဲ့အတွက် အမျိုးသမီးတွေ ကိုခိုင်းဖို့ မသင့်တော်ဘူးဆိုတာမျိုးပြောကြတယ်။ ဆရာတို့ရော ဘာများပြောချင်လဲ။

ဦးမင်းထွန်းစိုး။  ။ သူတို့ အဲဒီလို ကျောက်အကြီးကြီးတွေ မထုရ ဘူး။ သူတို့ကျတော့ အသေးလေးတွေထိုင်ပြီး အလုပ်လုပ်ရတာ။ ဒါကလည်း သူတို့အတွက် လုပ်အားခ တစ်နေ့နှစ်ရာနှုန်းကတော့ ရတာပေါ့နော်။ စခန်းတွေရှိနေတော့လည်း(အကျဉ်းသူတွေကို)ထုတ်ရတာပေါ့ဗျာ။ အဲဒီလို အပြင်ထွက်ချင်တဲ့သူကလည်း ထွက် ချင်လို့ ထွက်တာပေါ့။  ထောင်မှာနေရတာလည်း အုတ်နံရံလေး ဖက်ကြားမှာပဲ လူတိုင်းတော့ ထွက်လို့ မရပါဘူး။

အပြင်မှာကျ လေကောင်းလေသန့် ရတယ်။ အဲဒီလိုမျိုး ရည်ရွယ်ချက်လေးလည်းပါတယ်။ ထောင်ဝင်စာလာတွေ့တယ် ဆိုရင်လည်း လွတ်လွတ်လပ်လပ် တွေ့လို့ရတယ်။ ထောင်မှာကျ တော့လည်း အခု ထောင်ကျဆို တစ်ပတ်မှာ တစ်ကြိမ်၊ တနင်္လာ ကနေ စနေနေ့ထိ အဲဒီတစ်ပတ်လုံးမှာ ကြိုက်တဲ့ရက်ကို လာတွေ့ လို့ရတယ်။ အရင်က နှစ်ပတ်ကို တစ်ရက်ပဲ တွေ့လို့ရတာပေါ့နော်။ အဲဒီလိုဖြေလျော့မှုလေးတွေ လုပ်ပေးပါတယ်။

 

မော်ကွန်း။  ။ လက်ရှိကျင့်သုံးနေတဲ့ ဥပဒေက ၁၈၉၄ က ဥပဒေ ဆိုတော့ နည်းနည်းကြာနေပြီ။ ဒါကိုပြန်ပြီးတော့ ပြင်ဆင်မှုလုပ် မယ်ဆိုပြီးသိရတော့ ဘယ်လိုအချက်တွေကို အဓိကပြင်ဆင်ဖို့ ရှိပါသလဲ။

ဦးမင်းထွန်းစိုး။  ။ ၁၈၉၄ ခုနှစ် ဥပဒေရယ်၊ အားလုံး သုံးခုရှိတယ်။ အဲဒီသုံးခုကို ကျွန်တော်တို့ အရင်အစိုးရလက်ထက်မှာ ဥပဒေမူ ကြမ်းတင်လိုက်တယ်။ အက်ဥပဒေပေါ့။ အဲဒီမှာပြင်ကြ။ ကိုယ်စား လှယ်တွေက အမျိုးသားလွှတ်တော်မှာ လိုတာလေးပြင်ရင်းနဲ့ အစိုးရက နှစ်ဆက်ဖြစ်သွားတာပေါ့နော်။ ပထမတစ်ခေါက်က အမျိုးသားလွှတ်တော်ကိုတင်ပြီးသား။ ဒါပေမဲ့ အစိုးရအပြောင်း အလဲမှာ ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ ပြန်တင်ထားပြီးသွား ပြီ။ ဥပဒေရေးရာကော်မတီကို ကျွန်တော်သွားတာ နှစ်ခေါက်ရှိ သွားပြီ။

 

မော်ကွန်း။  ။ အဓိက ဘယ်လိုပြောင်းလဲမှုတွေပါမလဲ။

ဦးမင်းထွန်းစိုး။  ။ အဓိကအနေနဲ့ကတော့ အရင်ဥပဒေကို ခေတ် မမီတော့တဲ့ ဟာလေးကိုပဲ ဖြုတ်ချပြီးတော့၊ ပြန်ပြီးတော့ လုပ် ထားတာ။ ဥပဒေက ခွင့်ပြုပြီး ဆွေးနွေးပြီးတော့မှ နည်းဥပဒေ ကျမှ စုံမှာ။

 

မော်ကွန်း။  ။ အရင်က လွှတ်တော်ကိုယ်စားလှယ်(ပထမအကြိမ်)တွေ အကြံပြုတဲ့အထဲမှာ ကလေးမွေးတဲ့ကိစ္စကို တခြားနိုင်ငံ တစ်ခုနဲ့ ဥပမာပေးပြီးပြောတယ်။ မီးဖွားတော့မယ်ဆိုရင် ထောင် တာဝန်ရှိတဲ့လူက ခွင့်ပြုရင် မီးဖွားတဲ့အခါမှာ အပြင်မှာ မီးဖွားခွင့် ပေးလိုက်တယ်။ ယူထားတဲ့ ခွင့်သက်တမ်းကုန်ဆုံးရင် အကျဉ်း ထောင်မှာပြန်ပြီး ကျခံဆိုတဲ့ပုံစံမျိုးပါတယ်။ ကျွန်တော်တို့ဆီမှာ အဲဒီလိုမျိုး ဖြစ်နိုင်လား။

ဦးမင်းထွန်းစိုး။  ။ ဖြစ်ချင်လည်း ဖြစ်လို့ရတာပေါ့။ ဒါပေမဲ့ နိုင်ငံ ခြားနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့က ကိုယ့်ဒေသနဲ့ အခြေအနေ ပေါ်မူတည်ပြီး ကွာတာပေါ့။ နိုင်ငံခြားမှာ ဘာပြောလဲ။ ပြောတဲ့ ဟာက ဥပမာ-အမျိုးသမီးထောင်မှာ အမျိုးသား သွားတွေ့တယ်။ အတူတူနေခွင့်ရှိတယ်တဲ့။ ဒါ သူတို့ပြောတာ တစ်ချက်။ အမျိုး သားထောင်ကျနေတယ်။ အမျိုးသမီး သွားတွေ့တယ်။ အတူတူ နေလို့ရတယ်ပြောတယ်။ နိုင်ငံခြားမှာ မူသာရှိခဲ့တယ်။ ဥပဒေသာ ထွက်ခဲ့တယ်၊ ဘယ်သူမှ လက်တွေ့ မလုပ်ဘူး။ ဒါပေမဲ့ ကျွန်တော် တို့နိုင်ငံမှာ စခန်းမှာ အမျိုးသားထောင်ကျတာကို အမျိုးသမီး သွားတွေ့တယ်ဆိုရင် သုံးည၊ သုံးရက် ထောင်ဝင်စာတွေ့လို့ရတယ်။ ကျွန်တော်တို့ စိုက်ပျိုးရေးစခန်းတို့၊ ကုန်ထုတ်စခန်းတွေမှာ ရ တယ်။  ဒါပေမဲ့  သူတို့နိုင်ငံမှာ အဲဒီလောက်မလုပ်ဘူး။ ဆေးရုံတင် ပြီး အချုပ်အနှောင်နဲ့ ကလေးမွေးတာတောင်မှ ထွက်ပြေးဖို့ မကြာခဏ ကြိုးစားနေကြတာ၊ ခွင့်ပေးပြီး အိမ်မှာပြန်မွေးခိုင်း ရင် အချိန်တန်ပြန်လာမယ်လို့ ဘယ်သူ အာမခံပေးမလဲ။

 

မော်ကွန်း။  ။ ဥပဒေနဲ့ ပတ်သက်လို့ လက်ရှိအစိုးရလက်ထက်မှာ ထွက်လာနိုင်လား။ ဘယ်လို အခြေအနေ ရှိပါသလဲ။

ဦးမင်းထွန်းစိုး။  ။  ဒီကာလဆိုရင် ထွက်လာနိုင်ပါတယ်။ အခုလာ မယ့်(လွှတ်တော်အစည်းအဝေးများ ပြန်စချိန်) အချိန်ကျရင် တက်မလားတော့မသိဘူး။ ကျွန်တော်တို့ဘက်ကတော့ ဥပဒေ ကြမ်းတော့ ကျွန်တော်တို့ တင်ပြီးသွားပြီ။ နှစ်ခါရှိပြီ လိုအပ်ချက် တွေကို သွားပြီး ပြုပြင်ပေးတာ။ လိုတဲ့ဟာလေးတွေ။ ဒီလိုအသုံး အနှုန်းသုံးလိုက်လို့ အဓိပ္ပာယ်က ဘယ်လိုလွဲမှားမယ်ဆိုတာမျိုး တွေ။ အဲဒါလေးတွေ နှစ်ခေါက်တော့ သွားပြီးသွားပါပြီ။ သူတို့ စစ်ပြီးတော့ နောက်တစ်ဖွဲ့ ကျန်သေးတယ်လို့ ပြောတယ်။ ဒီဘက် ထဲမှာ ချက်ချင်း အဲဒီဥပဒေကျလာမယ်ဆိုရင် နည်းဥပဒေပါ ကျွန် တော်တို့ လုပ်ရတော့မှာ။ အဲဒီလိုလုပ်တဲ့အခါ နည်းဥပဒေမှာ မြန်မာနိုင်ငံနဲ့ သင့်လျော်တဲ့ဟာ အကုန်လုံးကို ထည့်သုံးသွားမှာပါ။

 

မော်ကွန်း။  ။ တစ်နိုင်ငံလုံး အကျဉ်းသားအနေနဲ့ (အမျိုးသမီး၊ အမျိုးသား မခွဲဘဲ)ပြောမယ်ဆိုရင် ဘယ်လိုပုဒ်မတွေက အများ ဆုံး ဖြစ်ပါသလဲ။

ဦးမင်းထွန်းစိုး။  ။ နံပါတ်တစ် မူးယစ်၊ လူသတ်မှု နံပါတ်နှစ်၊ သူခိုး(ခိုးမှု)နံပါတ်သုံး။ အဲဒီသုံးမျိုး အများဆုံးပဲ။ မူးယစ်က အများဆုံးပဲ။ ရာခိုင်နှုန်းနဲ့ပြောမယ်ဆိုရင် မူးယစ်က ငါးဆယ် ပတ်ဝန်းကျင်လောက်ရှိတယ်။

 

မော်ကွန်း။  ။ အခုလက်ရှိ အကျဉ်းသားတွေကိုထိန်းသိမ်းရတဲ့ အပိုင်း၊ ပြန်လည်ထူထောင်ရေးလုပ်တဲ့အပိုင်းတွေမှာ ဌာနအနေ နဲ့ ဘယ်လိုအခက်အခဲတွေများ ရှိပါသလဲ။

ဦးမင်းထွန်းစိုး။  ။ ဌာနအနေနဲ့ အခက်အခဲကတော့ သိပ်တော့ မရှိဘူး။ ငွေကြေး၊ နည်းပညာ၊ နှစ်ပေါင်းတစ်ရာကျော်က အကျဉ်း ထောင်တွေဖြစ်တဲ့အတွက် နေရာထိုင်ခင်းအခက်အခဲတော့ ရှိ တာပေါ့။ ဘယ်သူမပြု မိမိမှုပဲ။ သူက အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့အခါကျတော့ ကျွန်တော်တို့ဘက်မှာ ဟိုးအရင် တုန်းကတော့ ရိုက်နှက်တာတို့၊ အကြောက်တရားနဲ့အုပ်ချုပ်ခဲ့ ရတယ်။ စားရေးသောက်ရေးကအစ ဒီ(ထောင်)ရောက်လာပြီဆို ကြောက်ကို ကြောက်သွားရမယ်။

အပြင်မှာ နောက်ထပ်ပြစ်မှုတွေ မဖြစ်ပွားရအောင်ဆိုပြီး အရင်တုန်းက မူက အဲဒီလိုမျိုး။ အခုကျတော့ သူတို့ရဲ့ ကောင်းရာ ကောင်းကျိုးလေး၊ သူတို့ရဲ့ ပျော်ရွှင်မှု ဖန်တီးထားတယ်။ ကျန်းမာ ရေးနဲ့ ပတ်သက်လို့ အစွမ်းကုန်ဆောင်ရွက်ပေးတယ်။ ဒါပေမဲ့ ဆရာဝန်တွေ အများကြီးလိုတယ်။ ဆရာဝန် မပြည့်စုံဘူး။ ရှိတဲ့လူ နဲ့ပဲ အကောင်းဆုံးဖြစ်အောင် လုပ်တယ်။ အကြောင်းအမျိုးမျိုး ကြောင့် ရောက်လာတဲ့လူတွေထဲမှာ ကံတရားကြောင့် ရောက် လာရတဲ့ လူကောင်းတွေလည်း ရှိတယ်။ ရပ်ကွက်က အော့နှလုံး နာတဲ့ လူဆိုးတွေလည်းရှိတယ်။ ဒီလူတွေကို ကျွန်တော်တို့ အုပ်ချုပ်တော့ ကျွန်တော်တို့ဘက်က တကယ်ကြည့်ပေးမယ်ဆို ရင် ချီးကျူးစရာတောင် ပြောရမယ်လို့ထင်ပါတယ်။ ဆိုးတဲ့လူတွေ ကို အုပ်ချုပ်တာ၊ ဘာပြဿနာမှ မဖြစ်ရအောင် ထိန်းထားနိုင်တာ ခင်ဗျားတို့ ကျွန်တော်တို့ကို ချီးကျူးရမယ်ထင်ပါတယ်ဗျ။

 

မော်ကွန်း။  ။ လူ့အခွင့်အရေးကော်မရှင်ရဲ့ အကြံပြုချက်တွေ၊ စစ် ဆေးတွေ့ရှိချက်တွေပေါ် မူတည်ပြီး ထောင်ဝန်ထမ်းတွေ၊ ထောင် အာဏာပိုင်တွေကို အရေးယူဆောင်ရွက်ခဲ့တာမျိုး ရှိပါသလား။

ဦးမင်းထွန်းစိုး။  ။ လူ့အခွင့်အရေးကော်မရှင်ရဲ့ အကြံပြုချက်အပေါ် အရေးယူခဲ့ရတာ မရှိပေမယ့်လည်း သူတို့ရဲ့ အကြံပြုချက်အပေါ် အလေးထားပြီး လိုက်နာဆောင်ရွက်မှုတွေ ရှိပါတယ်။ နောက် တစ်ခု လူကျပ်နေတယ်။ အဆောက်အအုံ တိုးလို့ရမလား။ ဘယ် လိုလုပ်လို့ရမလဲ။ ပြောင်းတာရွှေ့တာမျိုး လုပ်လို့ရမလား။ အဲဒါ မျိုး သူတို့အကြံပြုခဲ့တယ်။ သက်ဆိုင်တဲ့ စခန်း(ရဲဘက်စခန်း)ထုတ်လို့ရတဲ့သူဆို စခန်းထုတ်ပေးလိုက်တယ်။ စခန်းထုတ်လို့ မရတဲ့လူဆို ဘယ်ထောင်က လက်ခံနိုင်မလဲ၊ ပို့ပေးတယ်။ ဒါမှ မဟုတ် သူ့အဆောင်မှာ အဆောင်ကို တိုးချဲ့ဆောက်ဖို့ နေရာရှိ သေးလား။ အခုဘဏ္ဍာရေးနှစ်မှာ မရဘူးဆိုရင် နောက်ထပ် ဘဏ္ဍာရေးနှစ်မှာ ရမယ်။

 

မော်ကွန်း။  ။ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ မထောက်ပံ့တဲ့ အပြင် ထောင်ဝတ်စုံဟာလည်း အရှက်မလုံတဲ့ ပုံစံတွေရှိနေတုန်း ပဲလို့ ပြန်လွတ်လာတဲ့ အကျဉ်းသူတွေက ပြောပါတယ်။ အဲဒီ အပေါ် ဘာများပြောလိုပါသလဲ။

ဦးမင်းထွန်းစိုး။  ။ လာမယ့်ဘဏ္ဍာရေးနှစ်မှာ အမျိုးသမီးလစဉ်သုံး ပစ္စည်း ဝယ်ပေးနိုင်အောင် ဘတ်ဂျက်လျာထား တောင်းခံဖို့ အစီ အစဉ် ရှိပါတယ်။ လက်ရှိမှာလည်း ထောင်ဝင်စာ မလာနိုင်တဲ့သူ တွေကို တာဝန်ကျအရာရှိတွေက မိမိအစီအစဉ်နဲ့ ဝယ်ပေးတာ တွေ ရှိပါတယ်။ အကျဉ်းသူဝတ်စုံကိုလည်း အကောင်းဆုံးဖြစ် အောင် ရက်လုပ်ခြင်း၊ ချုပ်ပေးခြင်း တို့ကို ဆောင်ရွက်ပေးပါတယ်။ ခြောက်လတစ်ကြိမ် အသစ်လဲလှယ်ပေးတယ်ဆိုပေမယ့်လည်း ဒီကာလအတွင်း စုတ်ပြဲသွားလျှင်လည်း အသစ်လဲလှယ်ပေးပါ တယ်။ ကျွန်တော်တို့ဌာနက နိုင်ငံတော်ဘတ်ဂျက်ကိုလည်း ချွေတာသုံးစွဲနေရတယ် ဆိုတာကို နားလည်ပေးဖို့ လိုအပ်ပါတယ်။

 

မော်ကွန်း။  ။ အကျဉ်းထောင်တွေမှာ ပြုပြင်ပြောင်းလဲမှု ဘယ်ခုနှစ်လောက်ကစပြီးလုပ်နေတာပါလဲ။ ဆောင်ရွက်ချက်တွေထဲက သိသာမြင်သာတဲ့အချက်က ဘာများဖြစ်မလဲ။

ဦးမင်းထွန်းစိုး။  ။ အကောင်အထည်ဖော် ဆောင်ရွက်တာကတော့ ပထမဦးဆုံး ကျွန်တော်တို့ ဘာသာရေးနဲ့ပတ်သက်ပြီး တရား စခန်းတွေ ဖွင့်ထားတယ်။ ဘာသာကြီးလေးမျိုးနဲ့ သူတို့ယုံကြည် ကိုးကွယ်ရာ ဘာသာအလိုက် သူ့အချိန်အခါနဲ့ သူ  ဝတ်ပြုခွင့်ပေး ထားတယ်။ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဗလီတို့ အထဲမှာ ဆောက်လုပ်ပေးထားတာ ရှိတယ်။ ဗဟိုထောင်သုံးခုမှာ အမြဲ တမ်း ၁ဝ ရက် တရားစခန်းဖွင့်လှစ်ပေးထားပြီး ကျန်တဲ့ ထောင်/ စခန်းတွေမှာ ဒေသခံဆရာတော်ကြီးတွေနဲ့ ၁ဝ ရက် တရားစခန်း ဆို ထောင်အားလုံးလုပ်နိုင်တယ်။

သူတို့ စိတ်ဓာတ်ကောင်းသွားတယ်။ စိတ်ဓာတ်ကောင်း သွားလို့ နောက်တစ်ခု အဲဒါလေးပြီးတာနဲ့ သူတို့အသက်မွေးဝမ်း ကျောင်းပညာပေးတယ်။ အများကြီးသင်ပေးတယ်။ ကျောင်း သားတွေ သူငယ်တန်းကနေပြီးတော့ ဆယ်တန်းအထိ စာပေသင် ကြားရေးကို ဗဟိုထောင်သုံးခုမှာ အကောင်အထည်ဖော်နိုင် တယ်။ ၂ဝဝ၄-၂ဝဝ၅ ခုနှစ် ကတည်းက စတင်သင်ကြားပေးလာ ခဲ့တာပါ။ နောက်လုပ်ပေးနိုင်တဲ့ဟာမျိုးလေးတွေ၊ ဥပမာ-ပျော် ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲ၊ အကျဉ်းဦးစီးဌာန နယ်လှည့်ဖျော်ဖြေ ရေးအဖွဲ့နဲ့ ဖျော်ဖြေတာ၊ စာကြည့်တိုက်တွေ၊ ဗွီဒီယိုတွေ ထားရှိ ပေးတာတွေ လုပ်ပေးတယ်။

ပညာရေးလည်း အသက်မွေးဝမ်းကျောင်းပညာတွေ သင် ပေးတာတွေရှိပါတယ်။ ရေသန့်စက်ရုံတွေ ဆောက်ထားပေးတာ။ အလှူငွေနဲ့ရော၊ ဌာနငွေနဲ့ရော လုပ်ပေးထားတာ ရေသန့်စက်ရုံ စုစုပေါင်းက ထောင်စခန်းတွေမှာ ၅၃ ခု တည်ဆောက်ပြီးစီးသွား ပါပြီ။ အလှူတွေများပါတယ်။ နောက်တစ်ခုက လက်မှုပညာတွေ သင်ကြားနေတဲ့ ကိစ္စတွေ။ ကျွန်တော်လည်း အဲဒီကိစ္စနဲ့ ပတ် သက်လို့ စီမံချက်ရေးနေပါတယ်။ ဘယ်လောက်ထိလုပ်ဖို့ စီမံ ထားလဲဆိုတော့ အထဲမှာနေတဲ့ (အကျဉ်းသားတွေကို) ပန်းရန် လုပ်ငန်း၊ အဓိက သူတို့ကို သင်နေတာ။

အခုတော်တော်များများ အလုပ်အကိုင်အခွင့်အလမ်းနည်း တဲ့အခါကျ နောက်ဆုံးဘယ်ရောက်သွားလဲဆိုတော့ ဆေး(မူး ယစ်ဆေး)သယ်ဆောင်တဲ့ဟာ လုပ်တာများလာတယ်။ ဒီလုပ် ငန်းတွေလုပ်တဲ့အခါကျတော့ ပြစ်ဒဏ်က အသားကုန်ပဲ။ အဲဒီ တော့ သူတို့ဘဝက အကြာကြီးဖြစ်သွားတယ်။ အဲဒီလိုမျိုးတွေ မဖြစ်အောင် ဒီမှာအဓိကသင်ပေးတာ လက်သမားပညာ၊ ပန်းရန် ပညာ၊ အဲဒီလိုသင်ပေးပြီး သူလွတ်သွားပြီ။ သက်ဆိုင်ရာ ကုမ္ပဏီ မှာ သူတု့ိအလုပ်ရအောင် ကျွန်တော်တို့က အာမခံပြီးတော့ လုပ် ပေးမယ်။ အခုကျွန်တော်ရေးဆွဲနေတဲ့ စီမံချက်ပေါ့။ စီမံချက်က စနေတယ်။

အခုစီမံချက်ကို ကျွန်တော်ရေးနေတာ မပြီးသေးဘူး။ ဒါ ကလည်း နိုင်ငံခြားမှာ လုပ်ခဲ့တဲ့ဟာလေးတွေ။ ကျွန်တော်တို့ လည်း ကျွန်တော်တို့နိုင်ငံမှာ လုပ်နိုင်တာလေးတွေကို ပြန်လုပ်ပြ ရမှာ။ ဒါကြောင့်လည်း ကျွန်တော်တို့ အလုပ်ရနိုင်တဲ့ဟာမျိုး ဖြစ်ပါတယ်။ ဒီလူကတော့ လက်သမားပညာတတ်သွားတယ်။ ကျွမ်းကျွမ်းကျင်ကျင် တတ်သွားတဲ့အခါ သူလွတ်သွားတဲ့အခါ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုအနေနဲ့ ဘဝမှာ ရပ် တည်လာနိုင်မှာဖြစ်ပါတယ်။

ခင်ဗျားတို့မီဒီယာတွေကအစ ကျွန်တော် အကူအညီ တောင်းထားတယ်။ လက်သမားပညာ ကောင်းကောင်းသင်ပေး လိုက်တယ်။ ဘယ်မြို့နယ်၊ ဘယ်နေရာမှာနေတယ်။ လိပ်စာပါ တစ်ခါတည်း ပေးလိုက်တယ်။ ခင်ဗျားတို့အနေနဲ့လည်း အဲဒီလူကို ဝိုင်းဝန်းပံ့ပိုးပြီး ကြည့်ပေးပါဦး။ လက်သမားပညာတော့ တတ် သွားတယ်။ အပြင်မှာ ခိုးဆိုးလုနှိုက်ပဲ ပြန်ဖြစ်နေရင် မကောင်းဘူး လေ။ ဒီလိုမျိုးကစ ဆက်သွယ်ပြီး ဆောင်ရွက်သွားမယ့် အစီ အစဉ်တွေ လုပ်နေတယ်။ လမ်းစဉ်သစ် ကျွန်တော်အကောင် အထည်ဖော်ပေးနေတယ်။

 

မော်ကွန်း။  ။ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းနဲ့ ပတ်သက်ရင် အားနည်းတယ်ဆိုပြီး တော်တော်များများ ထောက်ပြကြတယ်။ အဲဒီအပေါ်မှာရော ဘာများပြန်ပြီး ဖြေရှင်းချင်လဲ။

ဦးမင်းထွန်းစိုး။  ။ အကျဉ်းထောင်ဆိုတော့ မလာချင်တာလား တော့ မသိဘူး။ ကျွန်တော်တို့ဆီမှာ ဖွဲ့စည်းပုံ (ဝန်ထမ်း အင်အား စာရင်းပုံစံ)တော့ ရှိတာပေါ့နော်။ ကျန်းမာရေးဦးစီးဌာနကနေ ကျွန်တော်တို့ကိုချပေးတာကို ဒီမှာ တစ်နှစ် တာဝန်ထမ်းဆောင်၊ နောက်ဆို ပြန်ပြောင်းသွား။ အဲဒီလိုမျိုးလေးတွေပေါ့။ ကျွန်တော် တို့လည်း ကျန်းမာရေးဦးစီးဌာနနဲ့ အမြဲတမ်း ညှိနှိုင်းပြီး ဆောင် ရွက်နေတာပဲ။ ကျန်းမာရေးအပိုင်းကလည်း ဆရာဝန်မှ ဖြစ်မှာ ကိုး။ ကိုယ့်ဝန်ထမ်း(အကျဉ်းဦးစီးဝန်ထမ်း)တွေက ပညာသည် အုပ်စုမှ မဟုတ်တာ။ ဒါပေမဲ့ မြို့နယ်ပြည်သူ့ဆေးရုံနဲ့ ညှိပြီးတော့ အထူးကုဆရာဝန်ကြီးတွေ ပင့်ဖိတ်ပြသတာကို လုပ်ပေးတယ်၊ လိုအပ်ရင် ပြင်ပဆေးရုံကို တင်ပေးတယ်၊ အခက်အခဲကတော့ ဝန်ထမ်းအင်အား နည်းပါးပြီးတော့ ရှိတဲ့ဝန်ထမ်းအင်အားနဲ့ ဆောင်ရွက်ပေးနေတာကို အကျဉ်းသားတွေက သစ္စာမရှိဘဲ ထွက်ပြေးဖို့ပဲ ကြိုးစားနေကြတယ်။

 

မော်ကွန်း။  ။ တချို့အကျဉ်းသားတွေ ပြောတာရှိတယ်။ အကျဉ်း သားဖြစ်ဖြစ်၊ ဒါမှမဟုတ် အချုပ်သားပဲဖြစ်ဖြစ် ဆေးအကြောင်း နားလည်တယ်ဆိုရင် ထောင်မှာ ဆေးမှူးခန့်လိုက်တယ်။ အဲဒါက ဘယ်လိုများပါလဲ။

ဦးမင်းထွန်းစိုး။  ။ ဥပမာ-မုံရွာထောင် ထားလိုက်ပါတော့။ အဲဒီ ထောင်က တကယ်တော့ ‘က’အဆင့် ထောင်။ ဆရာဝန်ရှိရမယ်။ ဒါပေမဲ့ ထောင်ဆရာဝန်မရှိဘူး။ အကျဉ်းသားတွေထဲမှာ ဆေး ပညာသင်တန်း တက်ဖူးသူတွေ၊ တပ်မတော်ဆေးဝန်ထမ်း လုပ် ဖူးသူတွေ ရှိပါတယ်။ သူတို့ကို အကူအနေနဲ့ ခိုင်းခြင်းသာဖြစ်တယ်၊ ထောင်ဆရာဝန်ရှိရင်လည်း သူတို့ကို အကူအဖြစ်နဲ့ ခိုင်းခြင်း ဖြစ်တယ်။

ဆရာဝန်တွေက အလုပ်မလုပ်ဘဲနဲ့ သူတို့ကို ဆေးကုခိုင်း နေတာ မဟုတ်ပါဘူး။ သူတို့က ဆေးအကြောင်း နားလည်တယ်။  ကျွန်တော်တို့က မတတ်ဘဲနဲ့တော့ ပေးမလုပ်ပါဘူး။ ကျွန်တော် တို့ဆီက ဆေးသင်တန်းတက်ထားတဲ့ ဝန်ထမ်းတွေ အရင်တုန်းက ရှိပေမယ့် ယခုနောက်ပိုင်း အဲဒီလိုမျိုး မရှိပါဘူး။ ကျန်းမာရေးဆို ရင် ကျွန်တော်တို့ဆီမှာဖွဲ့ထားတာ ဆရာဝန် ၁၁၈ ဦး ရှိရမှာကို အခုလက်ရှိ ရှိနေတာ ၃ဝ ဦးခန့်ပဲရှိတယ်။ သူနာပြုက ၁၉၉ ဦး ရှိရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ရှိနေတာ ၈ဝ ဦးခန့်ပဲရှိတယ်။ ဖွဲ့စည်းပုံ လုံးဝမပြည့်ဘူး။ ဓာတ်မှန်ကျွမ်းကျင်ရင် ဖွဲ့စည်းပုံက သုံးဦး ဆိုရင် ဒီမှာ နှစ်ဦးပဲရှိတယ်။ သူနာပြုအဆင့် ၄ ဆိုရင် ၆၃ ဦး ဖွဲ့စည်းထားတယ်။ ဒါပေမဲ့ ၃၈ ဦးပဲ ရှိတယ်။ ဆေးစပ်ဆိုရင် လေးဦးဖွဲ့ထားတယ်၊ တစ်ဦးပဲရှိတယ်။ ဆေးဘက်ဆိုင်ရာကျွမ်း ကျင် ၄ ခွဲစိတ်ဆိုရင် တစ်ယောက်မှ မရှိဘူး။ ကျန်းမာရေးမှူးဆိုရင် ၈၆ ဦးနဲ့ ဖွဲ့ထားတယ်။ ၈ဝ ဦးခန့်ပဲရှိတယ်။

 

မော်ကွန်း။  ။ အဲဒီတော့ အမြင့်ဆုံးဆရာဝန်ကြီးကနေ ကျန်းမာ ရေးဝန်ထမ်းအထိ အင်အား ဘယ်လောက်ရှိပါသလဲ။

ဦးမင်းထွန်းစိုး။  ။ ကျန်းမာရေးဆေးမှူးချုပ် တစ်ဦးရှိတယ်။ ဒု ဆေးမှူးချုပ်တစ်ဦး ရှိရမယ်၊ ဒါပေမဲ့ အခုမရှိဘူး။ ဆေးရုံအုပ် သုံးဦး ဖွဲ့ထားတယ်၊ သုံးဦးစလုံးရှိတယ်။ ကျန်တာကတော့ အထက်မှာ ဖော်ပြပြီးဖြစ်တယ်။ ဒီဟာကို ဖြည့်ဆည်းပေးဖို့ အတွက် ဝန်ကြီးဌာနကို တရားဝင် စာနဲ့တောင်းထားတာ နှစ် ကြိမ်ရှိပါပြီ။ ဖြည့်ဆည်းပေးမယ် အကြောင်းပြန်ပေမယ့် အခု အချိန်အထိတော့ မရသေးပါဘူး။ ဒါပေမဲ့ ကျန်းမာရေးဦးစီးဌာနနဲ့ တော့ ညှိနှိုင်းပြီး ဆေးဝါးကုသပေးနေတယ်။ လူတစ်ယောက် ထောင်ကျလာတယ်ဆိုလို့ရှိရင် အားလုံးက အကျဉ်းဦးစီးဌာနရဲ့တာဝန်ပဲမဟုတ်ပါဘူး။ ဥပမာ-လူတစ်ယောက်အပြစ်ဖြစ်လို့ ရဲက ဖမ်းတယ်၊ တရားသူကြီးက အမိန့်ချတယ်၊ ပြစ်ဒဏ် နည်းတယ်၊ များတယ် ကျွန်တော်တို့မသိပါဘူး။ အထဲရောက်လာမှသာ ကျွန် တော်တို့က ဘာလုပ်ပေးရလဲဆိုတော့ သူ့ရဲ့ စားရေး၊ ဝတ်ရေး၊ နေရေးထိုင်ရေး၊ ကုန်ကုန်ပြောရင် ကျန်းမာရေးကအစ လုပ်ပေး ရပါတယ်။ တကယ်တမ်းဆိုရင် သူတို့မိသားစုတွေတောင်မှ ကျွန် တော်တို့လောက်မပြုစုနိုင်ပါဘူး။ ကျွန်တော်တို့ဘက်ကတော့ တတ်နိုင်သမျှ နွေးနွေးထွေးထွေး ဆောင်ရွက်ပေးနေတာပါ။

 

မော်ကွန်း။  ။ စောစောကပြောသလို ကိုယ်ဝန်ဆောင်တွေ၊ သား သည်မိခင်တွေကို အစာအာဟာရအတွက် ဖြည့်ဆည်းမပေးနိုင် ဘူးဆိုတော့ ဆရာတို့မှာ ဘာအခက်အခဲရှိလို့ပါလဲ။

ဦးမင်းထွန်းစိုး။  ။ ကျွန်တော်ကိုယ်တိုင်လည်း ထောင်ပိုင်လုပ်ခဲ့ ဖူးပါတယ်။ ဘယ်လိုလဲဆိုတော့ သူတို့အဆောင်တွေပေါ့၊ အမျိုး သမီးရော၊ အမျိုးသားရော မနက်ပိုင်းဆိုရင် ထောင်ပိုင်တွေ Round (လှည့်လည်)ရတယ်။ အဲဒီမှာ အကျဉ်းသူတွေရဲ့ သား သမီးတွေနဲ့တွေ့ရင် ကိုယ်တတ်နိုင်သလောက်လေးနဲ့ တစ်ပတ်ကို မုန့်တစ်ခုစီပေးပါတယ်။ ကျွေးတဲ့အခါမှာ ထောင်ဝန်ထမ်းတွေရဲ့ သားသမီးတွေတောင် မပါပါဘူး။ အကျဉ်းသူတွေရဲ့ သားသမီး တွေကိုပဲ ကျွေးတာပါ။ ဒါကတော့ ကျွန်တော်လုပ်ခဲ့ဖူးတာပေါ့လေ။ကျန်တဲ့ထောင်ပိုင်တွေလည်း အဲဒီလိုလုပ်တာမျိုး ရှိကြပါတယ်။ ပြောမယ်ဆိုရင် လူမှုရေးအရ လုပ်တာမျိုးပေါ့နော်။ တချို့အခြေ အနေတွေက ကျွန်တော် မသိတာမျိုးလည်း ရှိနိုင်ပါတယ်။ ကိုယ် ဝန်ဆောင်နဲ့ ကလေးမိခင်အတွက် အာဟာရကျွေးဖို့ အကျဉ်း ထောင်ဥပဒေမှာ မပါပေမယ့် တာဝန်ခံနဲ့ အရာရှိတွေက ကိုယ့် အစီအစဉ်နဲ့ လုပ်ပေးနေတာတွေ ရှိတယ်။ ဘယ်လိုလုပ်ပေးတယ် ဆိုတာ အထက်မှာလည်း ကျွန်တော်ပြောပြခဲ့ပြီးပြီ။

 

မော်ကွန်း။  ။ ထောင်ဝတ်စုံတွေက အရင်တုန်းကဆိုရင် အဖြူ ရောင်ဆိုတော့ ပါးလွှာနေတာမျိုးတွေက သိသာတယ်။ အခုတော့ အညိုရောင်ကို ပြောင်းလာတယ်။ ဘာများပိုပြီး ထူးခြားမှု ရှိပါ သလဲ။

ဦးမင်းထွန်းစိုး။  ။ မှန်တယ်။ (ကိုယ်အင်္ဂါများ)ပေါ်တယ်။ ဘာဖြစ် လို့ ဒီအရောင်လေးတွေ ရွေးချယ်ပြီး ဆောင်ရွက်ခဲ့လဲဆိုရင် အဖြူ နဲ့ ယောဂီ(အညိုရောင်)နဲ့ဆိုတော့ လူရဲ့စိတ်ကိုလည်း တစ်မျိုး ပြောင်းလဲစေတာပေါ့။ အများကြီး အရည်အသွေးကောင်းလာ တယ်။ အရင်က ကွင်းက သေးသေးနဲ့ ကျပ်ကျပ်နဲ့  ဆိုဒ်မပါ ဘာ မပါပေါ့၊ မှန်ပါတယ်။ အခုတော်တော်လေးတော့ ကောင်းလာပါပြီ လို့ ပြောချင်ပါတယ်။ အင်္ကျီချုပ်ရင် ဆိုဒ်မျိုးစုံ ချုပ်ပေးတယ်။

အရင်တုန်းကတော့ ထားလိုက်ပါတော့နော်။ အရင်တုန်း က ကျွန်တော်တို့လည်း ဝန်ခံပါတယ်။ ခေတ်အနေအထား ကြောင့်လား၊ ဘာကြောင့်လား ကျွန်တော်တော့မသိဘူး။ အခု အကျဉ်းသားတွေရဲ့ အကျီအဖြူတွေက ခြောက်လတစ်ခါ လဲပေး တယ်။ ခြောက်လတစ်ခါဆိုတော့ တနင်္လာနေ့လောက်ပဲ ဝတ်ကြ ပါတယ်။ တော်တော်များများ။ တချို့အရပ်ဝတ်တွေ ပါသွားတယ် ပေါ့နော်။ အင်္ကျီပိတ်စတွေနဲ့။ အဲဒါလေးတွေ ဝတ်ဆင်နေကြတာ တော့ တွေ့ရပါတယ်။ နိုင်ငံတော်က  ခြောက်လတစ်ခါ ချပေးတဲ့ ဝတ်စုံက ဒီနေ့ဝတ်လိုက်၊ နောက်နေ့ဝတ်လိုက်ဆိုတော့ ဘယ်လိုမှ မရဘူး (ကြာရှည်မခံနိုင်ဘူး)။

 

မော်ကွန်း။  ။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပေမယ့် နိုင်ငံ တကာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အခွင့်အရေးချိုးဖောက်မှု တွေ ရှိနေတယ်ဆိုပြီး ပြောတဲ့အပေါ်မှာ ဘယ်လိုများ မှတ်ချက် ပေးလိုပါလဲ။

ဦးမင်းထွန်းစိုး။  ။ ကျွန်တော်တို့ အကောင်းဆုံး လုပ်ပေးနေတဲ့ အတွက် သူတို့တွေ ဘာမှမသိဘဲနဲ့ ရမ်းတုတ်ပြီး ပြောနေကြတာ ဖြစ်တယ်လို့ပဲ ပြောလိုပါတယ်။ ကျန်းမာရေးတို့ဘာတု့ိက ကျွန် တော်တို့ ဒီအပေါ်မှာ နေတဲ့လူတွေ (တာဝန်ရှိသူများ)က အကောင်းဆုံးဖြစ်အောင် လိုက်လုပ်ပေးနေပါတယ်။ အကောင်း ဆုံးဖြစ်အောင် လုပ်ပေးတယ်လို့ပဲ ပြောချင်ပါတယ်။ မပြည့်စုံသေး တာကို ပြည့်စုံအောင် ကျွန်တော်တို့ လုပ်သွားမယ်။ ခင်ဗျားကို ကျွန်တော်ကတိပေးတယ်။ ကျွန်တော့်ရဲ့ စိတ်စွမ်းအား၊ ဉာဏ်စွမ်း အားရှိသလောက်၊ တတ်သလောက် မှတ်သလောက် လုပ်နေပါ တယ်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး  (UN Office on Drugs and Crime –UNODC) နဲ့ ပူးပေါင်းပြီးတော့ ဝန်ထမ်းတွေကို အကျဉ်းသားကို ထိန်းသိမ်းရေးနည်းပညာတွေ လေ့ကျင့်သင်ကြားပေးတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကလည်း ဝန်ထမ်းတွေကို လူ့အခွင့်အရေး စံနှုန်းတွေ လာ ရောက်ပို့ချပေးနေပါတယ်။

 

မော်ကွန်း။  ။ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်လာတာ ကာလ အတိုင်းအတာတစ်ခုအထိ ရှိခဲ့ပြီဆိုတော့ ဘယ်အချက်တွေက အားသာချက်ဖြစ်ပြီး အားနည်းချက်က ဘာတွေရှိနေတယ်ဆို တာသိလာရပြီ။ ဆိုတော့ ဘာတွေထပ်ပြီး ပြင်ဆင်သွားဖို့ လိုနေ ပါသေးလဲ။

ဦးမင်းထွန်းစိုး။  ။ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ကတော့ ကျွန်တော်တို့ က ကိုယ့်ဥပဒေနဲ့ ကိုယ့်မူနဲ့ ကျင့်ကြံဆောင်ရွက်နေပါတယ်။ အဓိက ကျွန်တော်ဘာပြောချင်လဲဆိုတော့ စိတ်ကောင်း စေတနာကောင်းနဲ့ စိတ်ကိုမွေးသွားမယ်။ ကျွန်တော်တို့ရဲ့ အကျဉ်းသားတွေကို ဝအောင်ကျွေးမယ်။ ဝန်ထမ်းတွေကို ထောက်ပံ့မယ်။ ဒါပဲ။ သူတို့အတွက်ကိုတော့ နိုင်ငံခြားလို အကောင်းဆုံးဖြစ်အောင်တော့ ခက်ခဲလိမ့်မယ်၊ ဒါပေမဲ့ ကျွန် တော်တို့ ကြိုးစားနေတယ်။ တအားတော့ ကျွန်တော်တို့ ကြပ်မတ် ရမယ်။ ဒီနေ့ထိတော့ တိုးတက်လာတဲ့ လမ်းကြောင်းလေးပေါ် တော့ ကျွန်တော်တို့ ရောက်နေပါပြီ။

 

မော်ကွန်း။  ။ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေအပေါ် စည်းမျဉ်း ကန့်သတ်ချက်တွေလုပ်လိုက်တယ်။ ဒါပေမဲ့ အောက်ခြေမှာ လိုက်နာမှု ရှိ၊ မရှိဆိုတာကို ဘယ်လိုပြန်စိစစ်ပါသလဲ။

ဦးမင်းထွန်းစိုး။  ။ ကျွန်တော်တိ့ု အကျဉ်းဦးစီးဌာနမှာ ညွှန်ကြား ရေးမှူး ၁၄ ဦး ရှိတယ်။ ကျွန်တော်တု့ိ ရုံးချုပ်ကနေ ညွှန်ကြားချက် နဲ့ ညွှန်ကြားလိုက်တာကို တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးတွေ က စိစစ်တယ်။ စိစစ်ချက်တက်လာတယ်။ တက်လာတဲ့အပေါ်မှာ လိုအပ်ချက်လေးတွေရှိတယ်။ ကျွန်တော်တို့ရုံးချုပ်မှာ လုပ်ငန်း အကောင်အထည်ဖော်ရေးဌာန ငါးခု ရှိပါတယ်။ စီမံကိန်းဌာန၊ လုံခြုံရေးဌာန၊ စီမံရေးဌာနနဲ့ ထောက်ပံ့ရေးဌာန၊ ကျန်းမာရေး ဌာနဆိုပြီး ရှိပါတယ်။ အဲဒီတော့ သူတု့ိ သက်ဆိုင်တဲ့ဌာနက ဖြေ ရှင်းဆောင်ရွက်ပေးပေါ့။ မမှန်တာလုပ်ရင် အရေးယူတာတို့၊ တိတိကျကျဆောင်ရွက်တာတို့ လုပ်ဆောင်ပါတယ်။ လုံခြုံရေး ဌာနမှာတော့ အမိန့်စာတွေထုတ်နေမှာပေါ့။ အကျဉ်းဦးစီးဌာန အောက်မှာ ညွှန်ချုပ်နဲ့ ဒုညွှန်ချုပ်ကိုယ်စား ကျွန်တော်တို့ဌာနစု အကြီးအကဲတွေရှိတယ်။ အဲဒီအောက်မှာမှ သက်ဆိုင်ရာပြည် နယ်နဲ့ တိုင်းဒေသကြီး ဦးစီးမှူး(ညွှွှန်ကြားရေးမှူးအဆင့်) ၁၄ ဦး ရှိပါတယ်။ အဲဒီကနေ အဆင့်ဆင့် စိစစ်လုပ်ဆောင်ပါတယ်။

(အကျဉ်းထောင်အတွင်း အခွင့်ရေးချိုးဖောက်ခံရမှုများ၊ လာဘ်ပေးလာဘ်ယူမှု၊ ဥပဒေမဲ့လုပ်ရပ်များ၊ ညှဉ်းပန်း နှိပ်စက်မှုများ ရှိပါက မော်ကွန်းမဂ္ဂဇင်းသို့ ဆက်သွယ်သတင်းပေး ပို့နိုင်ပါသည်။)

 

မော်ကွန်းမဂ္ဂဇင်း

ဖုန်းနံပါတ် – ၀၉ ၃၁၃၄ ၀၂၃၉

Email – mawkun.chronicle@gmail.com

 

၂၀၁၇-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၂) မှ အင်တာဗျူ း ဖြစ်ပါသည်။

 

မင်းလွင် တွေ့မေးသည်။

 

 

 

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."