NLD ပါတီက ရွေးကောက်ပွဲကြေညာစာတမ်း(၂၀၂၀) ကို ထုတ်ပြန်လိုက်ပါပြီ။ ဒီကြေညာစာတမ်းဟာ ရွေးကောက်ပွဲမှာ အနိုင်ရရင် ပြည်သူတွေအတွက် လုပ်ဆောင်ပေးမယ့်အရာတွေကို ကတိပေးတာလည်း ဖြစ်ပါတယ်။ ဒီကတိကဝတ်တွေက ပြည်သူတွေကို ဘယ်လို လုပ်ဆောင်ပေးနိုင်မလဲ၊ ဘယ်လောက်အကျိုးရှိမလဲစတဲ့ အကြောင်းအရာတွေကို သိရှိနိုင်ဖို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ အောင်ထူးနိုင် – မေးမြန်းသည်။ မော်ကွန်း ။ ။ NLD ပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဘယ်အချက်တွေကို အကောင်အထည် ဖော်နိုင်ခဲ့သလဲ၊ ဘယ်အချက်တွေမှာ အားနည်းခဲ့တယ် ထင်လဲ။ ဦးသန်းစိုးနိုင်။ ။ ၂၀၁၅ ကြွေးကြော်သံကတော့ လူထုလိုအပ်ချက်နဲ့ အတော်ကိုက်ညီတာပေါ့။ အဲဒီအချိန်က လူထုရဲ့ လိုအပ်ချက်နဲ့ တစ်ထပ်တည်းကျသွားတဲ့အခါ လူထုက ဒါကို တော်တော်စိတ်ဝင်စားသွားတယ်။ NLD ပုံဖော်တာက တရားဥပဒေစိုးမိုးရေး၊ […]
ကျော်ဇေယျမေးမြန်းသည်။ ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၁ (မော်ကွန်း) ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်ရှိုးဟာ လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကြောင့် ရာထူးကဖယ်ရှားပေးရမယ့် ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာတော့မှာပါ။ ဒီနေ့ကျင်းပတဲ့ ကယားပြည်နယ်လွှတ်တော်အစည်းအဝေးမှာ သူ့ကို စွပ်စွဲပြစ်တင်ဖို့မဲခွဲဆုံးဖြတ်ရာမှာ ၁၆ မဲ၊ ၄ မဲနဲ့ စွပ်စွဲပြစ်တင်သူတွေအစုအဖွဲ့ဘက်က ထောက်ခံမဲ ရရှိခဲပါတယ်။ သူဟာ မယ်စဲ့မဲဆန္ဒနယ်အမှတ်(၁)ရဲ့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သလို ပြည်နယ်ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ ကယားပြည်နယ်နေ့ကျင်းပရာ အများပြည်သူပိုင်းကွင်းနဲ့ဆက်စပ်ဧရိယာမြေတွေကို ပုဂ္ဂလိကပိုင်ပြုလုပ်ပေးခဲ့တဲ့ကိစ္စနဲ့ အရင်အစိုးရလက်ထပ်ကဝယ်ယူထားတဲ့စက်ယန္တရားတွေကို ငှားရမ်းလို့ရတဲ့ ငွေကြေးတွေကို ကိုယ်ပိုင်ငွေစားရင်းဖွင့်လှစ်ကာ သုံးစွဲခဲ့တာတွေကြောင့် လွှတ်တော်ဥက္ကဌက တာဝန်ပေးအပ်ကာ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။ ကျပ်သိန်းပေါင်း ငါးထောင်နီးပါးအထိ အလွဲသုံးမှု တွေ့ရှိထားတယ်လို့ ဖရူဆိုမဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးသဲရယ်က မော်ကွန်းကို ပြောပါတယ်။ မော်ကွန်း။ ။ ဒီနေ့စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို […]
Biometric Data နဲ့ SIM card မှတ်ပုံတင်ခြင်းနဲ့ ပတ်သက်ပြီး Privacy International အဖွဲ့၏ မူဝါဒပိုင်းဆိုင်ရာ ယာယီညွန်ကြားရေးမှူး မစ္စလူစီပါဒန်နှင့် မေးမြန်းခြင်း။ အောင်ပိုင် ဇူလိုင်၊ ၂၀၂၀ (မော်ကွန်း) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက Biometric Data နဲ့ SIM card မှတ်ပုံတင်ခြင်း အစီအစဉ်ကို အကောင်အထည်ဖော်နေပါတယ်။ လူဦးရေ သန်းခြောက်ဆယ်အထိ ကိုယ်ရေးအချက်အလက်တွေကို သိမ်းဆည်းနိုင်တဲ့ Common Database တည်ဆောက်ဖို့ကိုလည်း တင်ဒါခေါ်ထားပြီး လာမည့်နှစ်မှာ စတင်အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။ ရည်ရွယ်ချက်ကတော့ SIM card အသုံးပြုတွေကို မည်သူမည်ဝါဆိုတာ တိတိကျကျသိနိုင်အောင်လုပ်တာဖြစ်ပြီး ရာဇဝတ်မှုတွေလျှော့ချနိုင်မယ်လို့ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ခေတ်သစ်နည်းပညာပိုင်းဆိုင်ရာ အခွင့်အရေးတွေနဲ့နှီးနွှယ်ပြီး အသိပညာပေးတာတွေ ဆောင်ရွက်နေတဲ့ လန်ဒန်အခြေစိုက် Privacy International […]
COVID-19 သတင်းထုတ်ပြန်ရေးအဖွဲ့တွင်ပါရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနှင့် မေးမြန်းခြင်း ကောင်းထက်စံမေးမြန်းသည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ယနေ့နောက်ဆုံးထုတ်ပြန်သည့်သတင်းအရ COVID – 19 ရောဂါ ကူးစက်ခံရသူ ၉၄ နှင့် စောင့်ကြည့်လူနာ ၁,၇၅၄ ဦးရှိနေပြီဖြစ်ပါသည်။ သံသယစောင့်ကြည့်လူနာ များအားလုံးကို ဆေးစစ်ပေးနိုင်ခြင်းမရှိဘဲ Random ကျရာပုံစံဖြင့် ဆေးစစ်မှုများပြုလုပ်နေသည့်အပေါ် စိုးရိမ်မှုများရှိကြောင်း မော်ကွန်းမဂ္ဂဇင်းထံသို့ ဆက်သွယ်သတင်းပေးလာမှုများရှိလာပါသည်။ ထို့အပြင် ကန့်သတ်နေထိုင်မှု ၁၄ ရက်အပြီး မိမိနေရပ်သို့ ပြန်နေစဉ် ဆေးစစ်ချက် Positive ထွက်ပေါ်လာမှုကြောင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ကုသမှုခံယူနေရသည့် Case – 29 နှင့် အတူ အင်္ဂလန်နိုင်ငံမှ လိုက်ပါစီးနင်းလာသူများသည်လည်း Random သာ စစ်ဆေးသည့်အပေါ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ COVID-19 သတင်းထုတ်ပြန်ရေးအဖွဲ့တွင်ပါရှိသူ ညွှန်ကြားရေးမှူး […]
မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ အင်တာဗျူးဖြစ်ပါသည် ကျော်ဇေယျ ဆက်သွယ် မေးမြန်းသည်။ အပြောင်းအလဲမရှိခဲ့ရင် ဒီနှစ်နိုဝင်ဘာက ရွေးကောက်ပွဲလပါ။ ဒါပေမဲ့ နိုင်ငံအနောက်ဘက် ရခိုင်ဒေသမှာတော့ စစ်မီးအရှိန်က တစ်ဟုန်ထိုး မြင့်တက်နေတာ နှစ်ပေါက်လာပြီဖြစ်သလို ဒုက္ခသည် အရေအတွက်ကလည်း တိုးသထက် တိုးလာနေပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်စလုံး အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်အပေါ် ဒီတိုက်ပွဲတွေက ဘယ်လိုများ သက်ရောက်လာနိုင်မလဲ။ အကယ်၍သာ ရခိုင်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ရင် ရခိုင်ပြည်နယ် နိုင်ငံရေးဟာ ဘယ်လို ဖြစ်သွားနိုင်သလဲဆိုတာတွေကို မော်ကွန်းက ရခိုင်ပြည်နယ်က ပါတီတချို့၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူတွေကို မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။ ခိုင်သုခ ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ မော်ကွန်း။ ။ စစ်ပွဲအရှိန်မြင့်နေတဲ့ […]
“ကာလုံခေါ်ရလောက်အောင် နိုင်ငံတော်က လုံခြုံရေးနဲ့ ကာကွယ်ရေးက ခြိမ်းခြောက်ခံရတဲ့ အခြေအနေမရှိတာတစ်ချက်ရယ်၊ နောက်တစ်ချက် ကာလုံခေါ်ရင် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ မပြောင်းလဲခင် ကာလုံခေါ်ရင် တပ်မတော်ဘက်က အများစု ဖြစ်နေတဲ့အောက်မှာ NLD ပါတီက ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို အရင်လုပ်နေတာ။” မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ အင်တာဗျူးဖြစ်ပါသည် ဟေမာန်ပြည့် မေးသည်။ ဦးသန်းစိုးနိုင် နိုင်ငံရေးလေ့လာသုံးသပ်သူ မော်ကွန်း။ ။ ကာလုံဆိုတာဘာလဲ။ ဘယ်လိုအချိန်မျိုးမှာ ခေါ်ဖို့လိုတာလဲ။ ဦးသန်းစိုးနိုင်။ ။ ကာလုံဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာပြဿနာတွေနဲ့ပတ်သက်လို့ တာဝန်အရှိဆုံး အဖွဲ့အစည်းပေါ့။ တိုင်းပြည်တစ်ပြည်အတွက်လည်း ကာကွယ်ရေး၊ လုံခြုံရေးလုပ်ငန်းဆိုတာ လုပ်ငန်းအားလုံးနဲ့ ဝန်ကြီးဌာန အားလုံးအနက်မှာ အရေးပါဆုံးဌာနဖြစ်တာပေါ့။ ဘယ်လိုအခြေအနေတွေမှာလဲဆိုတော့ ပြည်တွင်းမငြိမ်မသက် ဖြစ်တဲ့အခါမှာ၊ ဒီဒေသကို စစ်အုပ်ချုပ်ရေး ကြေညာမလား။ ဘာလားဆိုတာ […]
“နှစ်ပွင့်ပဲ ဆိုင်ဖို့လိုတော့တယ်။ နှစ်ပွင့်ဆိုတာက ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်၊ ဟိုဘက်က တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပေါ့။ သူတို့နှစ်ယောက် ပြေလည်သွားရင် ကိစ္စတော်တော်များများက ဖြတ်လို့ရသွားနိုင်တယ်” မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ အင်တာဗျူးဖြစ်ပါသည် ဦးအောင်သူငြိမ်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (Institute for Strategy and Policy-Myanmar)၏ ဆက်ဆံဆက်သွယ်ရေးဌာန ဒါရိုက်တာ ဟေမာန်ပြည့် မေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်တွင်းကနေ ကြိုးပမ်းလာချိန်မှာ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီဘက်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဥပဒေကြမ်းများတင်သွင်းလာခဲ့ပါတယ်။ အဲဒီအထဲမှာ ကာလုံလို့ခေါ်တဲ့ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ စုဖွဲ့မှုကို ပြန်လည်ပြင်ဆင်ဖို့ အချက်များလည်း ပါဝင်ပါတယ်။ စက်တင်ဘာ လကုန်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာလည်း တပ်မတော်ဘက်က လက်ရှိ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သုံးသပ်ဆွေးနွေးရန် […]
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ အင်တာဗျူးဖြစ်ပါသည်။ “အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့နေရာမှာ ဒီအခြေခံဥပဒေက နိုင်ငံတော်အတွက် ဆိုးကျိုးဖြစ်နေပြီဆိုရင် ဒါကို ကောင်းကျိုးဖြစ်ဖို့ ပြုပြင်ရမှာက စောင့်ရှောက်သူရဲ့ တာဝန်မဟုတ်ဘူးလား” ဦးစိုင်းညွန့်လွင် ဒုတိယဥက္ကဋ္ဌ ၁ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကျော်ဇေယျ မေးသည်။ ပြီးခဲ့တဲ့လပိုင်းအတွင်း မြန်မာ့နိုင်ငံရေးရဲ့အဓိကအကျပ်အတည်းဖြစ်နေတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ စတင်ခဲ့ကြပါတယ်။ တပ်မတော်အစိုးရက ဆယ်စုနှစ်နဲ့ချီ အချိန်ယူရေးဆွဲခဲ့ပြီး တပ်မတော်ခွင့်ပြုချက်မပါဘဲ အဓိကကျတဲ့ပုဒ်မတွေကို ပြင်ဆင်ခွင့်မရအောင်လုပ်ထားတဲ့ ဒီအခြေခံဥပဒေကို တိုင်းရင်းသားပါတီတွေအပါအဝင် လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့အနိုင်ရခဲ့တဲ့ ၂၀၁၅ ရွေး ကောက်ပွဲကာလကတည်းက ပြင်ဆင်ဖို့ ကြွေးကြော်ခဲ့တာပါ။ အစုအဖွဲ့အသီးသီးက အကြံပြုချက်အမျိုးမျိုး ပေးခဲ့ကြပေမယ့် ဒီအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့က မလွယ်ကူဘူးလို့လည်း သုံးသပ်မှုတွေရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အကြံပြုချက်ပေးကြတဲ့ အစုအဖွဲ့အသီးသီးအနက် အများဆုံးအကြံပြုချက် […]
မော်ကွန်း။ ။ နောက်တစ်ခုကလည်း ဒီ ARSA လို့ ခေါ်တဲ့အဖွဲ့ကို ဦးဆောင်နေတဲ့သူတွေက ပြင်ပနိုင်ငံတွေက လာတာ ဖြစ်တယ်။ ဒီအဖွဲ့တွေမှာ ဒေသခံတွေပါကောင်းပါမယ်။ ဒါပေမဲ့ တကယ် ဦးဆောင်နေတဲ့ သူတွေက ပြင်ပကနေ လာပြီး ဦးဆောင်နေတယ်ပေါ့။ ဥပမာ- Ata Ullah Abu Ammar Jununi (အတာအူလား) လို လူတွေပေါ့။ ဒီလို အပြင်ကလာပြီး ဦးဆောင်နေတဲ့အဖွဲ့နဲ့ ဆွေးနွေးစရာမလိုဘူးလို့ ပြောဆိုနေကြတဲ့အပေါ်မှာ ဘယ်လို သုံးသပ်ပါသလဲ။ Photo – Supplied ဒေါက်တာမင်းဇော်ဦး။ ။ အဲဒါကြောင့်တော့ မဟုတ်ဘူးဗျ။ အစိုးရ အသိအမှတ်ပြုတာ၊ မပြုတာက အပြင်ကလာတာလား၊ အတွင်းက လာတာလား အဲဒါကြောင့် မဟုတ်ဘူးဗျ။ အဓိက နံပါတ်တစ်က ဒီလူမျိုးစုက မြန်မာနိုင်ငံရဲ့ […]
၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Sidebar Interview ဖြစ်ပါသည်။ နန်းပန်းအိခမ်း ညှိနှိုင်းရေးတာဝန်ခံ မူးယစ်ဆေးဝါး မူဝါဒ ပြောင်းလဲခြင်း ထောက်ခံ ဆွေးနွေးရေးအဖွဲ့ (မြန်မာ) ကျော်ဇေယျ မေးသည်။ မော်ကွန်း။ ။ ၁၉၉၃ခုနှစ် ၊ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာ ဥပဒေပြင်ဆင်ချက်တစ်ခုကို ၂ဝ၁၈ ဖေဖော်ဝါရီ ၁၄ မှာ ပြင်ဆင်အတည်ပြုလိုက်တယ်။ ဆရာမတို့ လည်း ဒီဥပဒေ စတင်ပြင်ဖို့ ကြိုးစားတာကို ကြိုဆိုခဲ့ကြတယ်။ ဒါပေမဲ့လည်း ဒီပြင်ဆင်ချက်ဥပဒေဟာလည်း ပုဒ်မ ၁၆(ဂ) မှာ ပြဋ္ဌာန်းချက်ကြောင့် အခုနောက်ပိုင်း လူ ၁ဝ ဦး မူးယစ်မှုနဲ့ ဖမ်းခံ ရရင် တစ်ဝက်လောက်နီးပါးက သုံးစွဲသူတွေကို ဆက်လက်အရေး ယူနေတာကို တွေ့ရတယ်။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီး […]
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Interview ဖြစ်ပါသည်။ ကျော်ဇေယျ တွေ့မေးသည်။ ““ ရှေ့သွားဖို့ဆိုတာ အဖွဲ့ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ နောက်ချန်ထားလို့ မဖြစ်ဘူး။ မီးစ သေးသေးလေးကနေ မီးစအကြီးကြီး ဖြစ်သွားနိုင်တယ် ”” ဒေါက်တာစိုင်းဦး သုတေသနဒါရိုက်တာ ပြည်ထောင်စုအင်စတီကျု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အစိုးရ အုပ်ချုပ်ခဲ့တဲ့ သုံးနှစ်တာကာလအတွင်း နိုင်ငံမှာ စိန်ခေါ်မှုအကြီးဆုံးနဲ့အကျပ်တည်းဆုံး ပြဿနာတစ်ရပ်ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေကို အစိုးရအနေနဲ့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရှေ့ဆက်မတိုးတော့ဘူးလို့ ဝေဖန်မှုတွေရှိသလို အဓိကကျတဲ့ နိုင်ငံရေး ဆွေးနွေး ပွဲတွေကို တိုင်းရင်းသားလက်နက်ကိုင် အင်အားစု တွေနဲ့ အစိုးရ၊ တပ်မတော်တို့ ကြား ဆွေးနွေးမှုတွေ မှာလည်း တစ်ဆို့မှုတွေ ဖြစ်နေပါတယ်။ ဒီလိုကြုံနေရတဲ့ […]
၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Interview ဖြစ်ပါသည်။ ဦးဟန်ညွန့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ကျော်ဇေယျ တွေ့မေးသည်။ ဆယ်စုနှစ်ငါးခုလောက် စစ်အုပ်ချုပ်ရေးအောက်ကျရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဆိုးရွားဆုံးအဂတိလိုက်စားတဲ့ တိုင်းပြည်တွေ ထဲမှာ တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။ ဝန်ကြီး ဌာနနေရာစုံမှာ အဂတိလိုက်စားခဲ့ကြပြီး ဒီကိစ္စဟာ ရုံးဌာနဆိုင်ရာတွေမှာ ဓလေ့တစ်ခုဖြစ်လာတဲ့ အထိ ကြီးထွားခဲ့တယ်။ ဦးသိန်းစိန်အစိုးရလက်ထက် သက်တမ်းဝက်လောက် အရောက်မှာတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းပြီး ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ စတင်ခဲ့ပေမယ့် သိပ်အလုပ်မဖြစ်ခဲ့ပါဘူး။ အခုဆိုရင် ဥပဒေကို လေးကြိမ်အထိ ပြင်ဆင်ခဲ့ပါတယ်။ NLD အစိုးရခေတ်မှာတော့ ဝန်ကြီးချုပ်အဆင့်၊ တိုင်း ဥပဒေချုပ်အဆင့်၊ ညွှန်ကြားရေးမှူးချုပ်အဆင့်၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌအဆင့် ရာထူးယူထားသူတွေ အပါအဝင် အခြား ဌာနဆိုင်ရာ အရာရှိတော်တော်များများကို […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."