ကျော်ဇေယျ ဖေဖော်ဝါရီ-၁၄ တပ်မတော် တပ်ရင်းမှူးနှစ်ဦးထံကနေ RCSS/SSA တပ်ဖွဲ့ဝင်တွေယူသွားတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို ပြန်မ ပေးပါက ပြင်းထန်စွာအရေးယူမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၂ ညနေပိုင်းက့ တောင်ကြီးမြို့ကနေ ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ ကျိုင်းတုံမြို့ကို ယာယီတာဝန်ပြီးဆုံးလို့ ပြန်လာတဲ့ တပ်မတော်တပ်ရင်းမှူးနှစ်ဦးစီးနင်းလာတဲ့ကားအား မိုင်းပျဉ်းမြို့နဲ့ကျိုင်းတုံမြို့ကြား ပြည်ထောင်စုကားလမ်းမ တစ်နေရာမှာ RCSS/SSA (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ) အဖွဲ့မှ အင်အား ၅၀ လောက်က တားမြစ်ကာ ကားပေါ်မှာပါလာတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို ရယူသွားခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန် ပါတယ်။ “ တပ်မတော်သားများနှင့်စစ်အသုံးအဆောင်ပစ္စည်းများဖြစ်သည်ကိုသိလျက်နှင့်ဆောင်ရွက်မှုသည် ထာဝရငြိမ်းချမ်းရေး အတွက် ကြီးမားသည့် ဆန့်ကျင်ဘက်စိန်ခေါ်မှုတစ်ခုဖြစ်သည်” လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြတယ်။ RCSS/SSA ဌာနချုပ်ကိုလည်း ပစ္စည်းတွေ ပြန်လည်ပေးအပ်ဖို့ အကြောင်းကြားထားတယ်လို့ […]
ကျော်ဇေယျ ဖေဖော်ဝါရီ-၁၁ ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ မီးပြတိုက်တွေ၊ ရေလမ်းကြောင်းပြဗော်ယာတွေကို ပုံမှန်စစ်ဆေး ရေးခရီးစဉ်ထွက်သွားတဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဆင်ပြောင်ရေယာဉ်ဟာ ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းမီးပြတိုက်အနီးမှာ ကျောက်ချရပ်နားထားစဉ် ဒီနေ့ မနက်လေးနာရီဝန်းကျင်မှာ ရေဝင်နစ်မြုပ်သွားတဲ့အတွက် ဝန်ထမ်းတချို့သေဆုံးပြီး တချို့ကို ဆက်လက်ရှာဖွေနေပါတယ်။ နစ်မြုပ်သွားသည့် ဆင်ပြောင်ရေယာဉ် (Photo: Khin Soe) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ နေပြည်တော်ရုံးက ညွှန်ကြားရေးမှူးတစ်ဦးက“ဘာကြောင့်ဖြစ်သလဲဆိုတာကိုတော့ အခုစုံစမ်းနေဆဲပဲ။ အခု ကယ်ဆယ်အသက်ရှင်တဲ့ ခုနစ်ဦးထံက သိရတာက ရေယာဉ် ထဲကို ရေတွေအလုံးအရင်းနဲ့ ဝင်လာတယ်။ ဝင်လာပြီး ရေပြန်စုတ်ထုတ်ဖို့ ကြိုးစားနေစဉ်မှာပဲ နာရီဝက်လောက်အတွင်းမှာ ဘယ်ဘက်ကို စောင်းပြီး အလျင်အမြန် နစ်မြုပ်သွားတယ်ဆိုတဲ့ဟာပေါ့။ အဲဒီဟာပဲ လောလောဆယ် သိရသေးတယ်”လို့ ဒီနေ့နေ့လည် ၁နာရီခွဲဝန်းကျင်က မော်ကွန်းကို ပြောပါတယ်။ လတ်တလောရှာဖွေမှုတွေအရ အလောင်း နှစ်လောင်း […]
ဟေမာန်ပြည့် ဖေဖော်ဝါရီ ၈ မိုးထိမိုးမိရွှေတူးဖော်ရေးဒေသတွင် လုပ်ငန်းလိုင်စင်များချထားမှု ရပ်နားထားခြင်းသည် ယင်းဒေသတွင် အကြီးစားရွှေတူး ဖော်ခဲ့သည့် ကုမ္ပဏီများနှင့် ရွှေခွန်ကြွေးကျန်ကိစ္စများရှင်းလင်းနေသည့်အတွက်ကြောင့်ဖြစ်ကြောင်း သယံဇာတနှင့် သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေက ယနေ့ကျင်းပသည့် လွှတ်တော်အစည်း အဝေး တွင်ပြောသည်။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက မိုးထိမိုးမိဒေသရှိ အကြီးစားရွှေလုပ်ကွက်သုံးခုအား ရပ်ဆိုင်းထားသည့်အတွက် ဒေသခံများ စီးပွားရေးထိခိုက်မှုများရှိနေသည့်အတွက် ယင်း ရွှေလုပ်ကွက်သုံးခုအား တရားဝင်ရွှေထုတ်လုပ်ခွင့်ပြုပေးနိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော်ပေးနိုင်မှု ရှိ၊ မရှိ ယနေ့ လွှတ်တော်အစည်းအဝေးတွင်မေးမြန်းရာတွင် ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေက ဖြေကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိတောင်ကြောများတွင် ဧက ၂ သောင်းခန့် ကျယ်သော ရွှေသတ္ထုရှိ သည့်မြေများကို လုပ်ကွက် A,B,C သုံးခုခွဲကာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ လုပ်ကွက်-A၊ ရွှေမိုးယံကုမ္ပဏီ လုပ်ကွက်-B နှင့် […]
ကျော်ဇေယျ ဖေဖော်ဝါရီ-၈ ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုတို့ ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ ကရင်ပြည်နယ်က ကျောက်မီးသွေး သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်းကို ခွင့်ပြုပေးဖို့မရှိဘူးလို့ ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။ ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောတင်ဝင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြိုးပမ်း ဆောင်ရွက်ခဲ့သော (၁,၂၈၀) မီဂါဝပ် ထွက်ရှိမယ့် USC (Ultra Super Critical) နည်းပညာသုံး ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အစီအစဉ် ရှိ၊ မရှိနဲ့ စပ်လျဉ်းတဲ့ မေးခွန်းကို ငြင်း ဆိုရာမှာ အထက်ပါအတိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ရှင်းလင်းပြခဲ့တာဖြစ်ပါတယ်။ ဒေါက်တာထွန်းနိုင်က ဒီစက်ရုံရဲ့လောင်စာအတွက် ပြည်ပကနေ ကျောက်မီးသွေးတန်ချိန် သိန်းနဲ့ချီသယ်ဆောင်လာမယ့် ပင်လယ် ကူးသင်္ဘောတွေအတွက် ဆိပ်ကမ်းနေရာ […]
ကျော်ဇေယျ ဖေဖော်ဝါရီ-၈ သံတွဲမြို့ရှိ အများပြည်သူပိုင် စားကျက်မြေတွေကို စစ်အစိုးရလက်ထက် ယင်းမြို့ကိုအုပ်ချုပ်ခဲ့တဲ့ ဗိုလ်မှူးတွေက အမည် ဖောက်ရယူထားတဲ့အတွက် ဒေသခံတွေရဲ့နစ်နာမှုကို ယနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဆွေးနွေး ကြရာ လာရောက်ဖြေကြားတဲ့ ဒုတိယဝန်ကြီးက အတိအကျအဖြေမပေးနိုင်ခဲ့တဲ့အတွက် စာနဲ့ရေးသားထပ်မံဖြေကြားဖို့ လွှတ်တော်ဥက္ကဌက ကြားဝင်ညှိနှိုင်းပေးခဲ့ပါတယ်။ ၁၉၉၄ မှာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင်တွေက သံတွဲမြို့၊ အံတော် ရပ်ကွက်မှာရှိတဲ့ ဒေသခံတွေရဲ့ စားကျက်မြေ ဧက ၁၅၀ လောက်ကို ရာဘာစံပြစိုက်ခင်းအဖြစ်ပြောင်းလဲခဲ့ပြီး ယခုအခါ ယင်းမြေနေရာတွေမှာ သူတို့ဦးပိုင်အမည်တွေနဲ့ ပိုင်ဆိုင်မှုပြောင်းလဲထားသလို အခြားပုဂ္ဂလိက လုပ်ငန်းရှင်တွေကိုလည်း မြေရောင်းစားတာတွေ ဖြစ်နေတဲ့အတွက် ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၂)က ကိုယ်စားလှယ်ဖြစ်သူ ဦးစိုးဝင်းက လွှတ်တော်အစည်းအဝေးမှာ ဒီအကြောင်းကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတွေဟာ သူတို့စားကျက်မြေကို ရာဘာစိုက်ကွင်းအတင်းပြောင်း၊ သစ်ပင်တွေကို […]
မော်ကွန်းမဂ္ဂဇင်းမှ နေ့စဉ် သတင်းဖြစ်ပါသည်။ အိရွှေဖြူ ဖေဖော်ဝါရီ ၆ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်း ရန်ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုကို ယနေ့ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေး ခွင့်ရှိသူ သုံးပုံနှစ်ပုံ၏ ထောက်ခံမဲဖြင့် အဆိုအောင်မြင်ခဲ့ပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်း မယ့် အစီအစဉ်ကို မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၄)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည် ညွှန့်က ဇန်နဝါရီ ၂၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အရေးကြီးအဆို တင်သွင်းခဲ့တာဖြစ်ပြီး တပ်မ တော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၅ မှာတော့ ထိုအဆိုကို လွှတ်တော် ကိုယ်စားလှယ် ၃၀ က အခြေအတင်ဆွေးနွေးခဲ့ကြပြီးနောက် ယနေ့မှာ တော့ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၆၂၁ […]
ကျော်ဇေယျ ဖေဖော်ဝါရီ ၅ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်တစ်ဦးတင်သွင်းတဲ့ ၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်ကို အရေးကြီးအဆိုတင်သွင်းလာတာဟာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွှတ်တဲ့အတွက်ကန့်ကွက်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက ဒီကနေ့ လွှတ်တော်မှာ ပြောပါတယ်။ ၂၀၁၉၊ ဇန်နဝါရီ ၂၉ က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကြားဖြတ်အရေးကြီးအဆိုအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၄)က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးအောင် ကြည်ညွှန့်က ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆောလျင်စွာပြင်နိုင်ဖို့ ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့် လျော်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းပေးဖို့ တင်သွင်းခဲ့တဲ့အဆိုကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြတဲ့ အခါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ “ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ […]
လသာမြို့နယ်တွင် တတိယအကြိမ်မြောက် တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းတွင် သံဃာတော်၊ သီလရှင် အပါး ၁၅၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ် ဓာတ်ပုံ – ဗညားကျော် #mawkun #chronicle #magazine
ဇန်နဝါရီ ၂၃၊ နေပြည်တော် ဓါတ်ပုံသတင်း “မဆီမဆိုင်နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင်ရှုတ်ချသည်။” “ ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှမတတစ်ဖက်သတ်အစီရင်ခံစာ တို့လုံးဝလက်မခံ။” “ပြည်သူကိုချစ်သော၊ ပြည်သူက ချစ်သော တပ်မတော်အောင်မြင်ပါစေ။” “ မြန်မာတပ်မတော်ကို အပြည့်အဝ ထောက်ခံသည်။” “ပျဉ်းမနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ယနေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့ရှိ ကားဝင်းဟောင်းတွင် စစ်မှုထမ်းဟောင်းများက တပ်မတော်ထောက်ခံပွဲကို ပြုလုပ်ခဲ့သည်။ ဓါတ်ပုံ – ကြယ်စင်ခ (CNM) #mawkun #magazine #chronicle
ကျော်ဇေယျ ဇန်နဝါရီ – ၂၂ သစ်ခိုးထုတ်သည့်အကြောင်း ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်မေးမြန်းရာ မေးခွန်းအဓိပ္ပာယ်လွဲသည့်အတွက် အဓိကတာဝန်ရှိသည့်ဝန်ကြီးဌာနအစား အခြားဝန်ကြီးဌာနက လာရောက်ရှင်းလင်းသောကြောင့် အဖြေမရရှိဘဲဖြစ်ခဲ့ရသည်။ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးမင်းသိန်းက “ ပဲခူးရိုးမကို ဖြတ်သန်းဖောက်လုပ်ထားသောကတ္တရာလမ်းမကြီးများရဲ့ လမ်းဘေးဝဲယာမှာ ကျေးရွာချင်းဆက်လမ်းမဟုတ်သော မြေသားတစ်ကြောင်းထိုးလမ်းများ ဖောက်လုပ်ထားခြင်းနှင့် ဖောက်လုပ်နေကြခြင်းကို တားဆီးပေးရန် မည်သို့စီစဉ်ထားပါသလဲ ” ဟု ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။ ထို့နောက် မေးခွန်းနှင့်ပတ်သက်သည့် ကျိုးကြောင်းဖော်ပြချက်ကို ရှင်းလင်းရာတွင် ယင်းလမ်းများသည် သစ်ခိုးထုတ်နေသူများ ဖောက်လုပ်ထားကာ အစိုးရတရားဝင် သစ်ခုတ်ခွင့်ပိတ်ထားသည့် ပဲခူးရိုးမသစ်တောများကို ယင်းလမ်းကြောင်းများကိုအသုံးပြုပြီး ပေါ်ပေါ်တင်တင် အသုံးပြုခုတ်ယူနေသည့်အတွက် တားဆီးကာကွယ်မည့် အစီအစဉ်ကို သိလိုရင်းဖြစ်ကြောင်း ရှင်းလင်းသည်။ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား ရာတွင် “လမ်းနယ်နိမိတ်အတွင်း လမ်းများပျက်စီးမှုမဖြစ်ပေါ်စေရန်အတွက် […]
ကျော်ဇေယျ ဇန်နဝါရီ-၂၁ ကြက်ငှက်တုတ်ကွေးနဲ့ အာဖရိကဝက်တုတ်ကွေးရောဂါတွေကျရောက်နိုင်ချေမြင့်တဲ့ အရှေ့တောင်အာရှက နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံပါဝင်တယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခနှင့်စိုက်ပျိုးရေးအဖွဲ့အစည်း(FAO)ရဲ့ ယနေ့ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ ဇန်နဝါရီကနေ မတ်လအထိ သုံးလစာခန့်မှန်းထားတဲ့ “Early Warning Early Action” ဆိုတဲ့ FAO ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒီအစီရင်ခံစာမှာ “တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာအန္တရာယ်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံကို ဒေသတွင်း နိုင်ငံ တွေနဲ့အတူ အခုလို ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံနဲ့အတူ ကြက်ငှက်တုတ်တွေးရောဂါ ( avian influenza)၊ အာဖရိကဝက်တုတ်ကွေးရောဂါ (African swine fever ) ကျရောက်နိုင်ခြေမြင့်တဲ့နိုင်ငံတွေအဖြစ် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ထိုင်းနဲ့ တရုတ်နိုင်ငံတို့ကိုလည်း ဖော်ပြပြီး လာအို၊ မြောက်ကိုရီးယားနဲ့ နီပေါနိုင်ငံတွေကိုတော့ ဒီရောဂါတွေနဲ့ ပတ်သက်ရင် […]
ဗညားကျော် ဇန်နဝါရီ ၂၁ မြန်မာနိုင်ငံမသန်စွမ်းအသင်းချုပ်၏ဥက္ကဌဖြစ်သူမှ မသန်စွမ်းအမျိုးသမီးတစ်ဦးကို အဓမ္မကျင့်သည့် စွတ်ဆွဲမှု သုံးလကြာသည်အထိ အမှုမဖွင့်နိုင်သေးကြောင်း မသန်စွမ်းအမျိုးသမီး၏ဦးလေးဖြစ်သူ ဦးမာကုက မော်ကွန်းကိုပြောသည်။ ဥက္ကဌတာဝန်မှ ရပ်စဲခြင်းခံထားရပြီး စွတ်ဆွဲခံရသူ ဦးအောင်ကိုမြင့်ကို ဦးမာကုမှ ပြီးခဲ့သည့်နှစ် အောက်တိုဘာလဆန်းပိုင်းတွင် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ ပုဒ်မ ၁၃ ဖြင့် အမှုဖွင့်ခဲ့ဖြစ်သော်လည်း သက်သေမခိုင်လုံသော ကြောင့် ဥပဒေရုံးမှ အလုံမြို့နယ်ရဲစခန်းကို ပြန်လည်စစ်ဆေးခိုင်းခဲ့ဖြစ်သည်ဟု ၎င်းက ဆိုသည်။ “ရဲစခန်းကို ဖုန်းဆက်မေးတော့ အမှုတင်ပြီးတာကြာပြီလို့ ပြောတယ်၊ ဒါပေမယ့် တရားရုံးက ခေါ်စစ်ဆေးတာတွေ အခုထိ မရှိသေးဘူး” ဟု ဦးမာကုက ပြောသည်။ အဓမ္မပြုကျင့်ခံရသည်ဟုဆိုသည့် အမြင်အာရုံနှင့် ဉာဏ်ရည်မသန်စွမ်းသူအမျိုးသမီးကို လက်ရှိချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် အမျိုးသမီးစောင့်ရှောက်ရေးဂေဟာတွင် စောင့်ရှောက်ထားသည်ဟု ၎င်းက ဆက်ပြောသည်။ မသန်စွမ်းသူများအရေးဆောင်ရွက်နေသည့် ISchool […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."