မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ cartoon ဖြစ်ပါသည် #mawkun #magazine #chronicle #cartoon #no69
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ editorial cartoon ဖြစ်ပါသည် #mawkun #magzine #chronicle #eidtorial_cartoon #no_69
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ Postcard ဖြစ်ပါသည်။ မျိုးဆက်စံ (ပုဂံဌာနေ) ရေးသည်။ အပိုင်း(၂) ပုဂံဒေသဟာ ကမ္ဘာ့အဆင့်ထိန်းသိမ်းစောင့်ရှောက်မှုကို ခံယူရတော့မယ်ဆိုတဲ့အခါ နံပါတ်တစ် အရေးကြီးဆုံးက ယခင်ကလို ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ငါ့သဘောငါဆောင် ငါရှင်ပြုချင်သလိုပြု ငါလုပ်ချင်သလိုလုပ်ဆိုတဲ့ ဥပဒေလက်တစ်လုံးခြားကိစ္စတွေကို ချက်ချင်းရပ်တန့်ကြရပါလိမ့်မယ်။ ရှေးဟောင်း အမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးဆိုတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဥပဒေအထက်မှာ မည်သူမျှရှိမနေသင့်တော့ပေ။ ကမ္ဘာ့အဆင့် ထိန်းသိမ်းစောင့်ရှောက်မှုကို ခံယူခွင့်ရရှိသွားတာ မှန်ပေမယ့် ကမ္ဘာ့စံချိန်စံညွှန်းနဲ့အညီ မှန်ကန်တဲ့ စီမံခန့်ခွဲမှု၊ ကမ္ဘာ့အဆင့်က လက်ခံနိုင်တဲ့ စီမံခန့်ခွဲမှုကို အသွင်ကူးပြောင်းရမှာ ဖြစ်ပါတယ်။ မိမိနိုင်ငံက တရားဝင်ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေနဲ့အညီ ရှေးဟောင်းအမွေအနှစ်တွေကို တိကျမှန်ကန်စွာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်မှသာလျှင် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကမ္ဘာ့အမွေအနှစ်အမည်နဲ့ လိုက်ဖက်မှာ ဖြစ်တယ်။ မိမိနိုင်ငံက တရားဝင်ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေကို […]
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ သတင်းဆောင်းပါးဖြစ်ပါသည်။ အောင်ပိုင် ရေးသည်။ မှတ်ပုံတင်မရှိသေးတဲ့ သားဖြစ်သူ ဘွဲ့ယူခါနီးပြီဖြစ်တာကြောင့် ဦးညီကျော်ဟာ ပြီးခဲ့တဲ့ဧပြီလက မှတ်ပုံတင်လုပ်ဖို့ စတင်ကြိုးစားခဲ့ပါတယ်။ မှတ်ပုံတင်မရှိဘဲ ကျောင်းတက်လို့ရခဲ့ပေမယ့် ဘွဲ့လက်မှတ်ကတော့ မှတ်ပုံတင်ရှိမှ ထုတ်ယူနိုင်တာကြောင့်ပါ။ ဒါကြောင့် ဥပဒေနဲ့အညီ၊ အထောက်အထားအပြည့်အစုံနဲ့ သူတို့နေထိုင်ရာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်က လဝကရုံးကိုသွားရောက် လျှောက်ထားခဲ့ပါတယ်။ ကိုးကွယ်ရာဘာသာမှာ အစ္စလာမ်ဖြစ်နေတာကြောင့် လူမျိုးနေရာမှာ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် တစ်ခုမဟုတ် တစ်ခုထည့်သွင်းရမယ်လို့ မြို့နယ်ဦးစီးအရာရှိက ပြောတယ်လို့ သူကဆိုပါတယ်။ မြို့နယ်အဆင့်မှာတင် မပြီးပြတ်နိုင်ဘဲ ခရိုင်အဆင့်၊ တိုင်းအဆင့်ထိ အမှုတွဲကို တင်ဖို့လိုလိမ့်မယ်လို့လည်း ဆိုလာပါတယ်။ ဒီအခါမှာ ဦးညီကျော်က အစ္စလာမ်ဘာသာဝင်ဖြစ်ရင် ဗမာလူမျိုးမဟုတ်တော့ဘဲ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလား ဒေ့ရှ် စတဲ့တခြားနိုင်ငံက လူမျိုးတွေလို့ […]
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ cartoon ဖြစ်ပါသည်။ #mawkun #magazine #chronicle #cartoon #no_68
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ cartoon ဖြစ်ပါသည်။ #mawkun #magazine #chronicle #cartoon #no_68
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ cartoon ဖြစ်ပါသည်။ #mawkun #magazine #chronicle #cartoon #no_68
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ cartoon ဖြစ်ပါသည်။ #mawkun #magazine #chronicle #cartoon #no_68
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ editorial-cartoon ဖြစ်ပါသည်။ #mawkun #magazine #chronicle #cartoon #editorial_cartoon
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ အက်ဆေးဖြစ်ပါသည်။ ဇာခြည်ငြိမ်း ရေးသည်။ “မြေက အဲ့သလောက်မဟုတ်ဘူးဆရာမရဲ့။ မြေနုကျွန်းဆိုတာ ဒီနှစ် ဒီနေရာမှာပေါ်ပေမယ့် နောက်နှစ် နောက်တစ်နေရာမှာ ပေါ်တဲ့အမျိုးရယ်။ ဘယ်လောက်မှ ကျယ်တာလည်း မဟုတ်ဘူးရယ်။ လေးဧက၊ ငါးဧကပေါ့။ ဒါပေသိ မက်ကြတယ်။ သတ်ကြဖြတ်ကြတဲ့အထိ ဖြစ်ရတာက သိက္ခာကျမခံချင်လို့ရယ်။ ပြိုင်လုကြရင် ကိုယ့်ရွာကနိုင်တယ်ဆိုတာမျိုးကို မက်ကြသာကိုး။ ဟိုဘက်ရွာက ရသွားတယ်ဆိုတာက မြေထက် ကိုယ့်ရွာသိက္ခာက ပိုလို့ရှုံးတယ်လို့ ခံယူသာမျိုးရယ်” မြေနုကျွန်းလုကြရင်း ရွာနှစ်ရွာအချင်းများရာကနေ လူသတ်ပွဲဖြစ်ကြတဲ့သတင်းက ကျွန်မတို့လူ့အဖွဲ့အစည်းကို တုန်လှုပ်စေတယ်လို့ ရိုးရိုးပဲဝန်ခံပါရစေ။ လူသတ်ပွဲ အထင်ကရဖြစ်လာမှ လူအာရုံစိုက်ကြပေမယ့် အငြင်းပွားနေတာကတော့ ကြာလှပါပြီဆိုတာ သတင်းများကို ပြန်ကြည့်မှ သိရပါတယ်။ မြေကပဲ လူ့အသက်ထက် တန်ဖိုးမြင့်နေသလားလို့ တွေးတွေးဆဆ ပြောကြပါတယ်။ ဒါပေမဲ့ အထက်ပါစကား […]
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။ ဖိုးသော်တာ ရေးသည်။ မိုင်းလားမြို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်တည်ရှိပြီး ကျိုင်းတုံမြို့အရှေ့မြောက် ဝမ်တာပင်းလမ်းမှသွားလျှင် ကီလိုမီတာ ၉၀ (၅၆ မိုင်)အကွာအဝေးတွင်တည်ရှိသည်။ မိုင်းလားဟု မြန်မာတို့ကခေါ်ဆိုကြသော်လည်း ရှမ်းအသံထွက်အမှန်မှာ မုန်းလားဖြစ်ပြီး မုန်းဆိုသည်မှာ ရှမ်းဘာသာဖြင့် မြို့ဟုအဓိပ္ပာယ်ရသည်။ မိုင်းလားမြို့သည် အထူးဒေသ ၄ ၏ ရုံးစိုက်ရာမြို့ဖြစ်ပြီး ထိုဒေသတွင်မိုင်းလား၊ ဆီလူး၊ နမ့်ပမ်း စသည့်မြို့များပါဝင်သည်။ အထူးဒေသ ၄ ဧရိယာသည် မြောက်ဘက်နှင့်အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ စစ်ဆောင်ပန်းနားပြည်နယ်ခွဲနှင့် ကီလိုမီတာ ၃၀ဝ (၁၈၆ မိုင်) ခန့် ၊ လန်ချန်းခရိုင်နှင့် ၄၅ ကီလိုမီတာ (၂၇မိုင်)ခန့် ထိစပ်လျက်ရှိပြီး အရှေ့ဘက်တွင် လာအိုနိုင်ငံနှင့်မဲခေါင်မြစ်ခြားကာ ကီလိုမီတာ ၁၀ဝ ကျော် (၆၂မိုင်)ခန့် […]
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ အင်တာဗျူးဖြစ်ပါသည်။ “အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့နေရာမှာ ဒီအခြေခံဥပဒေက နိုင်ငံတော်အတွက် ဆိုးကျိုးဖြစ်နေပြီဆိုရင် ဒါကို ကောင်းကျိုးဖြစ်ဖို့ ပြုပြင်ရမှာက စောင့်ရှောက်သူရဲ့ တာဝန်မဟုတ်ဘူးလား” ဦးစိုင်းညွန့်လွင် ဒုတိယဥက္ကဋ္ဌ ၁ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကျော်ဇေယျ မေးသည်။ ပြီးခဲ့တဲ့လပိုင်းအတွင်း မြန်မာ့နိုင်ငံရေးရဲ့အဓိကအကျပ်အတည်းဖြစ်နေတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ စတင်ခဲ့ကြပါတယ်။ တပ်မတော်အစိုးရက ဆယ်စုနှစ်နဲ့ချီ အချိန်ယူရေးဆွဲခဲ့ပြီး တပ်မတော်ခွင့်ပြုချက်မပါဘဲ အဓိကကျတဲ့ပုဒ်မတွေကို ပြင်ဆင်ခွင့်မရအောင်လုပ်ထားတဲ့ ဒီအခြေခံဥပဒေကို တိုင်းရင်းသားပါတီတွေအပါအဝင် လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့အနိုင်ရခဲ့တဲ့ ၂၀၁၅ ရွေး ကောက်ပွဲကာလကတည်းက ပြင်ဆင်ဖို့ ကြွေးကြော်ခဲ့တာပါ။ အစုအဖွဲ့အသီးသီးက အကြံပြုချက်အမျိုးမျိုး ပေးခဲ့ကြပေမယ့် ဒီအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့က မလွယ်ကူဘူးလို့လည်း သုံးသပ်မှုတွေရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အကြံပြုချက်ပေးကြတဲ့ အစုအဖွဲ့အသီးသီးအနက် အများဆုံးအကြံပြုချက် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."