၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Cartoon ဖြစ်ပါသည်။ Office : မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊ ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။ ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။ Website: http://www.mawkun.com E-mail: mawkunmagazine@gmail.com
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Cover Story ဖြစ်ပါသည်။ ဗညားကျော် ရေးသည်။ IS အကြမ်းဖက်ရန် ကာကွယ်ဖို့ မြန်မာအသင့်ဖြစ်ပြီလား ရန်ကုန် (ဇွန်၊ ၂ဝ၁၉) သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီတတိယပတ်က လူပေါင်း ၂၅ဝ ကျော် သေဆုံးပြီး ၅ဝဝ ဝန်းကျင် ဒဏ်ရာရရှိခဲ့တဲ့ အကြမ်းဖက်ဗုံးဖောက်ခွဲမှုတွေ အပြီးမှာ ဆီးရီးယားနဲ့အီရတ်မှာ ခြေကုပ်ယူထား တဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ ( Islamic State of Iraq and Syria- ISIS ) ဟာ ဗုဒ္ဓပုံတော်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ပုပ်ရဟန်း မင်းကြီး ဖရန်စစ်နဲ့ ဦးဝီရသူတို့ပုံတွေ ပါဝင်တဲ့ ပိုစတာနဲ့ အောင်ပွဲခံခဲ့ပါတယ်။ အဲဒီအကြမ်းဖက်မှုအပြီး လေးရက်အကြာမှာ […]
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Editorial Cartoon ဖြစ်ပါသည်။ #mawkun #magazine #chronicle #editorial_cartoon #no66
၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Cartoon ဖြစ်ပါသည်။ ကာတွန်းသီဟ (စခန်းသစ်) ရေးဆွဲသည် တက်လော့ မြန်မာ ခုန်လော့ မြန်မာ ကျော်လော့မြန်မာ ဆိုတော့ ဘယ်တော့ အလှည့်ရောက်မှာလဲ ကျုပ်တို့ ဘယ်အချိန်ထိ ထလော့ မြန်မာ ချည်းဆိုနေရမှာလဲ Office : မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊ ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။ ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။ Website: http://www.mawkun.com E-mail: mawkunmagazine@gmail.com
၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ PhotoEssay ဖြစ်ပါသည်။ “ဝ”ဒေသ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃ဝ ပြည့်အခမ်း အနားကို “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (United Wa State Party -UWSP) အခြေစိုက်ရာ ရှမ်းပြည်နယ် အရှေ့ မြောက်ပိုင်း၊ ပန်ဆန်းမြို့မှာ ဧပြီ ၁၅ ရက်က နေ ၁၇ ရက်အထိ ကျင်းပခဲ့ပုံတွေကို ယခုလအတွက် ဓာတ်ပုံမှတ်တမ်းအဖြစ် ဖော်ပြလိုက်ပါတယ်။ UWSAဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုနှစ် ၃၀ ပြည့်အခမ်းအနားမှာ စစ်ရေးပြအခမ်းအနားကိုပါ ထည့်သွင်းပြသခဲ့ပါတယ် စစ်သည်၈ဝဝဝ ခန့်ပါဝင်ပြသခဲ့တဲ့ စစ်ရေးပြမှုမှာတော့ လေးပုံတစ်ပုံလောက်ဟာ ငယ်ရွယ်တဲ့ အမျိုးသမီးစစ်သည်တွေပါ UWSA ဟာဝဒေသလုံခြုံရေးအတွက် စစ်အင်အားကို တိုးချဲ့ထားရတယ်လို့ဆိုပါတယ် […]
၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Remembrance ဖြစ်ပါသည်။ သန်းနိုင်ဦး ရေးသည်။ အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက် အရှင်ဇနကာဘိဝံသ ယခုနှစ်မှာ ရဟန်းဝါနှစ် ၁ဝဝ တင်းတင်း ပြည့်မြောက်ပါပြီ။ ဆရာတော်ကြီး မရှိတော့ပေမယ့် မဟာဂန္ဓာရုံကျောင်း တိုက်ကြီးရဲ့ မွှေးပျံ့တဲ့ ဂုဏ်သတင်းက အခုထက်တိုင် ပျံ့လွင့်နေဆဲဖြစ်တယ်။ကမ္ဘာလှည့်ခရီးသည်တွေ မန္တလေးဘက် ရောက်တဲ့အခါ မဟာဂန္ဓာရုံကျောင်းတိုက် အရောက်သွားပြီး သံဃာတော်တွေကို သွားရောက် ဖူးမြော်ကြတယ်။ ဆရာတော်ကြီး ချမှတ်ခဲ့တဲ့ ကျောင်းတိုက်စည်းကမ်း ၁ဝ ချက်ကို အခုချိန်ထိ ကျင့်သုံးနေဆဲ ဖြစ်တယ်။ ပထမဆုံး စည်းကမ်းချက်က “စိတ်ကောင်းရှိဖို့ ပထမ” ဖြစ်ပါတယ်။ ဆရာတော်ကြီးက ကျမ်းစာအုပ်ပေါင်း ၆ဝ ကျော် ရေးသားထုတ်ဝေခဲ့ပြီး ရတနာ့ဂုဏ်ရည် (၁၉၃၂ ခုနှစ်)၊ ကိုယ် ကျင့်အဘိဓမ္မာ (၁၉၄ဝ […]
၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Interview ဖြစ်ပါသည်။ ဦးဟန်ညွန့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ကျော်ဇေယျ တွေ့မေးသည်။ ဆယ်စုနှစ်ငါးခုလောက် စစ်အုပ်ချုပ်ရေးအောက်ကျရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဆိုးရွားဆုံးအဂတိလိုက်စားတဲ့ တိုင်းပြည်တွေ ထဲမှာ တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။ ဝန်ကြီး ဌာနနေရာစုံမှာ အဂတိလိုက်စားခဲ့ကြပြီး ဒီကိစ္စဟာ ရုံးဌာနဆိုင်ရာတွေမှာ ဓလေ့တစ်ခုဖြစ်လာတဲ့ အထိ ကြီးထွားခဲ့တယ်။ ဦးသိန်းစိန်အစိုးရလက်ထက် သက်တမ်းဝက်လောက် အရောက်မှာတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းပြီး ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ စတင်ခဲ့ပေမယ့် သိပ်အလုပ်မဖြစ်ခဲ့ပါဘူး။ အခုဆိုရင် ဥပဒေကို လေးကြိမ်အထိ ပြင်ဆင်ခဲ့ပါတယ်။ NLD အစိုးရခေတ်မှာတော့ ဝန်ကြီးချုပ်အဆင့်၊ တိုင်း ဥပဒေချုပ်အဆင့်၊ ညွှန်ကြားရေးမှူးချုပ်အဆင့်၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌအဆင့် ရာထူးယူထားသူတွေ အပါအဝင် အခြား ဌာနဆိုင်ရာ အရာရှိတော်တော်များများကို […]
၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Cartoon ဖြစ်ပါသည်။ ခင်ဗျားတော့မသိဘူး ခဏ ခဏ လာနေရလို့ ကျုပ်တော့ မျက်နှာပူလှပြီ
၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Essay ဖြစ်ပါသည်။ ကျော်ဇေယျာထွန်းရေးသည် ကျွန်တော်တို့လင်မယားနှစ်ယောက် အိမ်ထောင်ကျပြီး ရှစ်နှစ်ကြာမှ ဇနီး ဖြစ်သူ ကိုယ်ဝန်ဆောင်ခဲ့ပါတယ်။ ရှစ် နှစ်ဆိုတဲ့ကာလအတွင်းမှာ ကလေးယူ ဖို့ နည်းမျိုးစုံနဲ့ကြိုးစားခဲ့ကြပေမယ့် အဆင်မပြေခဲ့ကြပါဘူး။ အဲဒီကလေး မရနိုင်သေးတဲ့ ကာလတွေမှာ ကြုံတွေ့ ခဲ့ရတဲ့ အတွေ့အကြုံ၊ ခံစားမှုလေး တချို့ကို မျှဝေချင်တဲ့ စိတ်ကလေး ဖြစ်မိလို့ ဒီစာကို ရေးမိတာပါ။ အခု စာရေးနေတဲ့အချိန်မှာ ကျွန်တော့် ကလေးဟာ မိခင်ရဲ့ ဝမ်းထဲမှာသာ ရှိပါသေးတယ်။ ခံစားချက်တွေ လတ်ဆတ်နေတုန်း ချရေးလိုက် တာ ကောင်းမယ်ထင်လို့ အခုလိုအချိန်မှာ ရေး ရတာလည်းဖြစ်ပါတယ်။ ကျွန်တော် ဆယ်တန်းအောင်ပြီး တက္ကသိုလ် တက်ဖို့ လုပ်တော့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အတွေးတစ်ခု တွေးမိခဲ့တယ်။ အဲဒါက […]
၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Cartoon ဖြစ်ပါသည်။ အပြစ်ပြောတာက လွယ်ပါတယ် ကျုပ်တို့တောင်အစိုးရမဖြစ်ခင်က ပြောခဲ့ကြတာပဲ
၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Travelogue ဖြစ်ပါသည်။ မြင့်ကျော် ရေးသည်။ “ပန်းခင်းကို မြင်စီးပြီး လျှောက်ကြည့်ခြင်း” ဆိုတဲ့ နိုင်ငံခြား အသုံးအနှုန်း တစ်ခုကို တိုက်ရိုက်ပြန်ဆိုထားတဲ့ ဆိုရိုးစကား မှတ်သားဖူးပါတယ်။ အဓိပ္ပာယ်ကတော့ ကြည့်စရာတွေ တစ်ခုချင်း သေသေချာချာ အသေး စိတ် အနီးကပ်မကြည့်နိုင်ဘဲ ခပ်မြန်မြန် ခပ်သွက်သွက်အပေါ်ယံ သဘာဝဆန်ဆန် ကြည့်သွားတာလို့ နားလည်မိပါတယ်။ ဆရာ မြသန်းတင့်က ဆောင်းပါးတစ်ပုဒ်မှာ အဲဒီ အသုံးအနှုန်းသုံးနှုန်းခဲ့တာ မှတ်မိနေမိတာပါ။ ကျွန်တော်ရေးမယ့် အီသီယိုးပီးယား ခရီးသွားဆောင်း ပါးဟာလည်း ပန်းခင်းကို မြင်းစီးပြီး လျှောက်ကြည့်တာမျိုး ဖြစ် လိမ့်မယ်လို့ ထင်ပါတယ်။ နိုင်ငံတစ်နိုင်ငံကို သုံးလေးရက်ဆိုတဲ့ တိုတောင်းလှတဲ့ ရက်ပိုင်းအတွင်း ရောက်တဲ့နေရာ၊ မြင်တဲ့နေရာ လေးကိုသာ မြင်တဲ့အတိုင်း၊ တွေ့တဲ့အတိုင်း ပြန်တင်ပြတာမျိုးသာ […]
၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Cartoon ဖြစ်ပါသည်။ ပြောသားပဲ ခင်ဗျားနဲ့ကျုပ် အကျိုးတူ ဖြစ်စေရမယ်လို့
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."