Photo : Khin Maung Myint
၂၀၁၅-ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၄) မှ အင်တာဗျူ း ဆောင်းပါး ဖြစ်ပါသည်။
ခင်မောင်မြင့် နှင့် သက်ဦးမွန် မေးမြန်းသည်။
ယခုလမော်ကွန်းမဂ္ဂဇင်း၏ အင်တာဗျူးကဏ္ဍအတွက် ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို မော်ကွန်းက စစ်တွေ မြို့တွင် မေလဒုတိယပတ်အတွင်းက တွေ့ဆုံမေးမြန်းခဲ့ရာ ယင်းတို့ အနက်မှ အချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။ အဓိက မေးဖြစ် ခဲ့သည့် အကြောင်းအရာများကတော့ ရခိုင်ပဋိပက္ခဖြစ်ပွားခဲ့သည် မှာ ယခုလဆိုလျှင် သုံးနှစ်ပြည့်တော့မည်ဖြစ်ရာ ထိုသုံးနှစ်တာကာ လအတွင်း ယုံကြည်မှုပျောက်ဆုံးသွားသော နှစ်ဖက်လူမှုအသိုင်း အဝိုင်း ပြန်လည်သင့်မြတ်ရေး၊ ပြန်လည်နေရာချထားရေးများနှင့် ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့သကဲ့သို့ ဝှိုက်ကတ်(White Card) ကိစ္စ၊ နိုင်ငံသားစိစစ်နေသည့်ကိစ္စများကိုလည်း မေးမြန်းဖြစ်ခဲ့ ပါသည်။
မော်ကွန်း။ ။ အခုအချိန်ထိလည်း လူအဖွဲ့အစည်းနှစ်ခုကို ခွဲထား တယ်ဆိုတော့ ပြန်လည်နေရာချထားရေးအတွက် ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ ဘာတွေ စီမံထားပါသလဲ။
ဝန်ကြီးချုပ်။ ။ ယနေ့ ဒီ ဘင်္ဂါလီကိစ္စမှာလည်း လူသားတစ်ယောက် ရယ်လ့ိုဖြစ်လာရင် ကမ္ဘာ့အမြင်မှာလည်း Stateless (နိုင်ငံမဲ့)မရှိ ရဘူးဆိုတဲ့မူရှိတယ်။ ကိုယ်တို့နိုင်ငံမှာ ဘင်္ဂါလီလူမျိုးတွေ အကြောင်း မဲ့ရောက်နေတာ။ ကိုယ့်နိုင်ငံမှာ ရောက်နေရင်တော့ တို့မှာ တာ ဝန်ရှိပြီပေါ့။ ပြောရတာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လေ။ ပြီးတော့ တို့တစ်တွေလည်း သူတို့ကို ဥပဒေကြောင်းအရ ၁၉၈၂ အက်ဥပဒေနဲ့ (စိစစ်ပြီး နိုင်ငံသား)ပေးဖို့ လုပ်နေတယ်။ ကိုယ်က သူတို့နဲ့တွေ့ရင် အမြဲတမ်းပြောတယ်။ ခင်ဗျားတို့က ရို ဟင်ဂျာဖြစ်ချင်တာလား။ နိုင်ငံသားဖြစ်ချင်တာလား။ တို့က တော့ လူသားချင်းစာနာလို့ နိုင်ငံသားပေးတယ်။ နိုင်ငံသားကျ တော့ မယူချင်ဘဲနဲ့ ရိုဟင်ဂျာဆိုတာ ဘာသဘောလဲဗျာ။
အဲဒီလိုဆိုရင်တော့ ကိုယ်နဲ့ စကားမပြောနဲ့။ အဲဒီလို ဒဲ့ ပြောတယ်။ ဒါကြောင့်မို့ ယနေ့အချိန်ထိ Verification လို့ ခေါ်တဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကလည်း မပြတ်ဘူး။ သူတို့တွေ က အကောက်မခံဘူး။ အခု White Card တော့ နားလည်အောင် ပြောတော့ ပြန်အပ်နေကြတယ်။ တစ်ဝက်လောက်တော့ အပ်ပြီး ပြီ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကိုယ်တို့သည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ဖြစ်တယ်။ ဒီအတွက် ကုလသမဂ္ဂရဲ့ စည်းမျဉ်းစည်းကမ်းတွေ ကို လိုက်နာရမှာပေါ့။
အခုအချိန်မှာတော့ သုံးနှစ်ကြာကာလမှာ အဆောက် အအုံ (နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူတွေကို ထားတဲ့ စခန်း) တွေကလည်း ပျက်နေပြီ။ ပြဿနာတွေကလည်း မပြီး သေးဘူး။ ပြီးတော့ မကြာခင်လည်း မိုးကျတော့မယ်ဆိုတော့ သူ တို့ရဲ့ တန်းလျားတွေကို ပြုပြင်ပေးတဲ့ကိစ္စတွေကို ကိုယ်တို့ လုပ် ပေးရတယ်။ ပြီးတော့ နီးစပ်ရာနေရာတွေမှာ နေထိုင်ဖို့ ပြန် ဆောင်ရွက်ပေးရတာပေါ့။ ဒါတွေကလည်း ကိုယ်တို့ ဥပဒေနဲ့ အညီ ဆောင်ရွက်တာပါ။ Verification ဆိုတာ ညီလေးလုပ်မယ် ဆိုရင် ညီလေးက လျှောက်လွှာတင်ရတာ။ ညီလေးလျှောက်လွှာ မတင်ရင် ညီလေးကို ဘာမှ လုပ်ပေးလို့မရဘူး။ ညီလေးက ဆန္ဒ မရှိလို့ မလျှောက်တာ၊ ညီလေးကို အစ်ကိုတို့ ပေးလို့မရဘူး။ အတင်းအဓမ္မ ညီလေးကို လျှောက်ခိုင်းလို့လည်း မရဘူး။ အဲဒီ တော့ သူတို့မလျှောက်ရင် မရဘူးပေါ့။
ကိုယ်တို့က အရင်ကတည်းက လူသားချင်းစာနာသောအား ဖြင့် လုပ်ပေးသင့်တာတွေ လုပ်ပေးပါတယ်။ ကိုယ့်ရဲ့ တိုင်းရင်း သားတွေကိုလည်း နားလည်အောင်ရှင်းပြတယ်။ ဖြစ်သင့်ဖြစ် ထိုက်တာကိုတော့ ပြည်သူဘက်က နားလည်မှုပေးပါ။ ဘင်္ဂါလီ ဘက်ကလည်း နားလည်မှုနဲ့ ဖြစ်သင့်တာရမယ်။ နိုင်ငံသားအခွင့် အရေးလိုချင်ရင်တော့ နိုင်ငံသားဖြစ်အောင်လုပ်ပေါ့။ ကိုယ့်နိုင်ငံ မှာလည်း နေသေးတယ်။ ပြီးတော့ ကိုယ့်နိုင်ငံက ချမှတ်တဲ့ ဥပဒေ တွေကိုလည်း မလိုက်နာဘူးဆိုရင်တော့ ကိုယ်တစ်ခါတလေ စိတ် ထဲမှာ ဘဝင်မကျဘူး။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒီကိစ္စက တော့ ကိုယ်တစ်ယောက်တည်း ရှင်းလို့ရတဲ့ ကိစ္စမဟုတ်ဘူး။
ရယ်စရာအားဖြင့် ပြောရရင်တော့ ငယ်ငယ်တုန်းက ပါ ဆယ်ဂိမ်းကစားတယ်မလား။ ကက်ဆက်ဖွင့်ထားတယ်။ အထုပ် ကြီးဝေတယ်။ ကက်ဆက်သံရပ်တဲ့အချိန်မှာ ဒီအထုပ်ကြီး ကိုင်တဲ့ လူက တစ်ခုခုလုပ်ရတယ်။ အခုလည်း ကိုယ်လည်း ဒီလို ဖြစ်နေ တယ်။ ဒီအထုပ်ကြီးက သွားနေတာ၊ ကိုယ့်လက်ထဲလည်း ရောက် ရော ကက်ဆက်သံက ရပ်သွားတယ်။ အောက်ကို ပစ်ချလို့ လည်း မရဘူး။ သူများပေးလို့လည်း မယူဘူး။ ကိုင်ကြည့်တော့လည်း ပျော့စိပျော့စိနဲ့။ နည်းနည်း ခပ်တင်းတင်းကိုင်ရင်လည်း ပေါက် သွားမှာ စိုးရသေးတယ်။ ဒီအထုပ်ကြီးကို ကိုယ်တို့ ဖြေရှင်းတဲ့အခါ မှာတော့ ကိုယ်ရယ်၊ ပြည်သူရယ်၊ နိုင်ငံတကာရယ် အားလုံး ယုံ ကြည်မှုနဲ့ သွားမှသာလျှင် ဒီအထုပ်ကြီးက တဖြည်းဖြည်း လျော့ ပြီးတော့ အားလုံးအဆင်ပြေမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဟန်ချက် မညီဘူးဆိုရင်တော့၊ ပေါက်သွားခဲ့လို့ရှိရင်တော့ နစ်နာမှာက ကိုယ်တို့ ပြည်သူတွေနစ်နာမယ်။ အတတ်နိုင်ဆုံး ရခိုင်ပြည်ကြီး မနစ်နာအောင် ကာပေးနေတယ်လို့ပဲ ပြောချင်တယ်။
မော်ကွန်း။ ။ အခုဆောင်ရွက်နေတာကတော့ ပြန်လည်နေရာချ ထားရေးပေါ့။ ဒါပေမဲ့ ပြန်လည်နေရာချထားရေးအတွက် အရေး ကြီးတာက ပြန်လည်သင့်မြတ်ရေးပေါ့။ ပြန်လည်သင့်မြတ်မှ နေ ရာချထားရေး လုပ်လို့ရမှာဆိုတော့ ပြန်လည်သင့်မြတ်ရေး အတွက်ရော ဘာတွေ ဆောင်ရွက်ထားပါသလဲ။
ဝန်ကြီးချုပ်။ ။ သင့်မြတ်ရေးအတွက် ကိုယ်တို့ အများကြီးတော့ ကြိုးစားတယ်။ သို့သော်ငြားလည်းပဲ အတူတကွ သဟဇာတဆိုတဲ့ အရင်က စကားလုံးတစ်လုံးရှိတယ်။ အခုအချိန်မှာတော့ အတူ တကွဆိုတာ အင်မတန်ခဲယဉ်းတဲ့ အခြေအနေပါပဲ။ အရင်တုန်းက အတူနေခဲ့ကြသူတွေက ယနေ့ အပြင်ရောက်သွားကြပြီ။ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်မှာလည်း ရွာလုံးကျွတ်တွေ၊ မီးရှို့တာတွေ၊ လူသေတာ တွေ ဖြစ်ခဲ့တယ်။ ကြားထဲမှာလည်း တောက်လျှောက် ပြဿနာ တွေ ဖြစ်နေတယ်။ အဲဒီမတိုင်ခင်တုန်းကလည်း ဖြစ်ခဲ့တဲ့အခါကျ တော့ အခုအနေအထားမှာတော့ အတူတကွဖြစ်ဖို့ဆိုတာ တော် တော့်ကို ခဲယဉ်းပါတယ်။ သို့သော်လည်း ကိုယ့်အနေနဲ့ ပြောရရင် တော့၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အနေနဲ့ ပြောရရင်တော့ သဟ ဇာတဖြစ်အောင်တော့ ကိုယ်အတတ်နိုင်ဆုံးကြိုးစားတယ်။
ရန်ဖြစ်ထားတဲ့ လူနှစ်ယောက်ကတော့ တည့်ဖို့ဆိုတာ ဘယ်လိုလုပ်မလဲ။ မလွယ်ပါဘူးနော်။ အဲဒီမှာမှ သမိုင်းနဲ့ ချီတဲ့ဟာဆိုတော့ ခံစားမှုတွေရှိတဲ့အတွက် မလွယ်ပါဘူး။ သို့သော်လည်း ရခိုင်ပြည်နယ်မှာ ဒီနည်းလမ်းက လွဲရင် အခြားနည်းလမ်းမရှိဘူး။ သဟဇာတဖြစ်ဖို့တော့ လိုတဲ့အတွက် ယနေ့ ရခိုင်ပြည်နယ်မှာ ကမ္ဘာကြီးနဲ့ သဟဇာတဖြစ်ဖို့ ခေါင်းခံညှိပေးတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ညှိတယ်။ ကိုယ့်ရဲ့ တိုင်းရင်းသားတွေနဲ့ ညှိ တယ်။ ဘင်္ဂါလီ IDP (Internally Displaced Persons – နေ ရပ်စွန့်ခွာ တိမ်းရှောင်နေသူတွေ)ကိုလည်း ဒီအတိုင်းပဲ ညှိတယ်။ ကိုယ်တို့က ရန်ကုန်မှာဆိုလည်း ဒေါက်တာကျော်ရင်လှိုင် ဦးစီးတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အဖွဲ့ရှိတာပေါ့နော်။ အဲဒီအဖွဲ့ အနေနဲ့လည်း ဟိုတုန်းက ရန်ကုန်မှာ Workshop လုပ်တာရှိ တယ်။ ဒီမှာလည်း အတတ်နိုင်ဆုံးတော့ ဒီလူ့အဖွဲ့အစည်းနှစ်ခု သည် အတူတကွမဟုတ်ရင်တောင်မှ သဟဇာတဖြစ်ဖို့တော့ ကိုယ်က စီမံဆောင်ရွက်ပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ပြောရရင် တော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဆိုတာ ရခိုင်ပြည်နယ်မှာ ရှိကြ တဲ့ ရခိုင်တိုင်းရင်းသားတွေကိုလည်း အုပ်ချုပ်ကွပ်ကဲရတယ်။ တခြားတိုင်းရင်းသားငယ်တွေဖြစ်တဲ့ မြို၊ သက်၊ ဒိုင်းနက်၊ ခမီး အုပ်ချုပ်ရတယ်။ ပြီးရင် အကြောင်းအမျိုးမျိုးကြောင့် ရောက်နေ တဲ့ ဒီဘင်္ဂါလီတွေကိုလည်း အုပ်ချုပ်ကွပ်ကဲရတယ်။ အဲဒီအထဲမှာ ရခိုင်လူမျိုးတစ်မျိုးတည်းကိုပဲ လုပ်ပေးပါဆိုရင် Fair မဖြစ်ဘူး (မမျှတဘူး)။ ကိုယ့်နေရာမှာ ဘယ်ဝန်ကြီးချုပ်ပဲ တက်လုပ်လုပ်၊ အားလုံးကို တာဝန်ယူ ကွပ်ကဲရမယ်။ ဒါကြောင့် ကိုယ်က ပြောပါ တယ်။ အားလုံးကို လုပ်ပေးတဲ့အခါ ကျွန်တော့်အပေါ်မှာ နား လည်ပေးပါ။ သို့သော် ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒကိုတော့ နံပါတ်တစ် ဦးစားပေးမယ်။ ဒီလိုပဲ ဆောင်ရွက်တဲ့အနေအထား ရှိတာပေါ့နော်။
မော်ကွန်း။ ။ ဒုက္ခသည်စခန်းတွေကို သွားတွေ့တဲ့အခါမှာ သူတို့ နေရာတွေကို ပြန်နေချင်ပြီလို့ ပြောကြတယ်။ IDP Camp(နေရပ်စွန့်ခွာတိမ်းရှောင်နေသူတွေထားတဲ့စခန်း)တွေကရော ဘယ် အချိန်လောက်ထိ ရှိနေဦးမှာလဲ။
ဝန်ကြီးချုပ်။ ။ အမှန်တော့ IDP Camp ဆိုတာ ကာလတစ်ခုပဲ ထားရမှာ။ တစ်သက်လုံး သူတို့ကို ဘယ်သူက ထမင်းကျွေးထား မှာလဲ။ IDP ဆိုတာလည်း အခိုက်အတန့်ပဲ ရှိမှာ။ အတတ်နိုင်ဆုံး တော့ ဒါကို ခြေဖျက်နေပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်ကိစ္စ ကလည်း အကြောင်းအရာတစ်ခုတည်း မဟုတ်ဘူး။ Verification ကလည်း မလုပ်ဘူး။ ခင်ဗျားကို နိုင်ငံသားပေးပါမယ်၊ ခင် ဗျား Verification လုပ်ပါဆိုလည်း မလုပ်ဘူး၊ ရိုဟင်ဂျာမှဆိုရင် ဘယ်လိုလုပ်လို့ ရမလဲ။ သူတို့ ခက်တယ်။ တော်တော်ခက်တယ်။ IDP ကိုတော့ အတတ်နိုင်ဆုံးတော့ လျှော့ချရမှာပေါ့။ ဥပဒေ ကြောင်းအရလည်း စစ်ရမယ်။ ခိုးဝင်သူရှိလည်း ခိုးဝင်သူလို အရေးယူရမယ်။ ဥပဒေကြောင်းအရ ရပိုင်ခွင့်တွေပေးရမယ်ဆို လည်း ပေးမယ်။ သို့သော် နိုင်ငံတကာက ပြောတယ်၊ အတင်းအဓမ္မ မလုပ်ပါနဲ့၊ ဆန္ဒမရှိရင် မလုပ်ပါနဲ့၊ နိုင်ငံတကာကလည်း မရဘူး။
အိုကေ၊ ဘယ်ကိစ္စမဆို သူတို့ကိုလည်း ဆန္ဒမေးရတယ်။ တစ်ခါတလေကျရင် တိုင်းရင်းသားတွေက ခံစားမှုရှိတာပေါ့ နော်။ ကိုယ့်ကိုလည်း ဝေဖန်ကြတာပေါ့နော်။ ကိုယ်ကတော့ အတတ်နိုင်ဆုံးပြောပါတယ်။ ဝေဖန်ခံနိုင်ပါတယ်။ တိုင်းရင်းသား တွေရဲ့အကြိုက် လိုက်လုပ်ဖို့ဆိုတာကလည်း တိုင်းရင်းသားတွေ က မုန်းနေတာ။ ကိုယ်ကတော့ အဲဒီလိုလုပ်လို့မရဘူး။ ကိုယ်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်ဆိုတော့ ဥပဒေကြောင်းအရ သွားရတာပေါ့။
မော်ကွန်း။ ။ တစ်ဖက်ကလည်း Verification မလုပ်ဘူး။ တစ် ဖက်ကလည်း IDP တွေကို လျှော့ချမယ်ဆိုတော့ ဘယ်လို အချိန် ကာလတစ်ခုမှာ လျှော့ချနိုင်မလဲ။
ဝန်ကြီးချုပ်။ ။IDP မှာလည်း နှစ်မျိုး၊ သုံးမျိုးရှိတယ်။ မူလနေရာ က ဒီနားမှာနေတယ်။ နီးနီးလေးရယ်၊ နောက်တစ်ခုကလည်း မူလနေရာကနေ အဝေးကြီး။ တခြားနေရာက စစ်တွေကို လာပြီး ပို့တာမျိုးတွေ ရှိတာပေါ့။ တချို့လူတွေကျတော့လည်း ဒီနေရာမှာ နေတယ်။ အဲဒီနေရာမှာ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေ တဲ့အခါကျတော့လည်း ဒုက္ခသည်ယောင်ဆောင်ပြီးတော့ ရိက္ခာ လာယူနေတာ။ နဂိုကတည်းက စားစရာမရှိတော့ နေထိုင်စရာ တစ်နေရာ ရှိရင် ရှိမယ်။ ဒါပေမဲ့ ဘာမှမလုပ်တတ်တော့ ဒီမှာလာ တယ်၊ ဒါမျိုးတွေလည်း ရှိတယ်။ အဲဒီအတွက် စိစစ်နေရတာပေါ့။ မပြန်နိုင်တဲ့ IDP ဆိုလည်း ကိုယ်တို့က တစ်ခုခုတော့ လုပ်ပေးရ မှာပေါ့။
တချို့ကလည်း ကိုယ့်ကို မေးတယ်။ သူတို့က ဘယ်မှ မသွား ရဘူး။ အေးပေါ့။ သွားချင်ရင် နိုင်ငံသားဖြစ်အောင်လုပ်။ နိုင်ငံ သားမဖြစ်ဘဲ ဘယ်လိုလုပ်သွားလို့ ရမလဲ။ IDP က IDP အခွင့် အရေးရမယ်။ ကိုယ် ဒီလိုပဲ နိုင်ငံတကာကို ပြောတယ်။ အဲဒီတော့ ကန့်သတ်မှုတွေ ရှိမယ်။ ဒီလိုပဲ နေကြရမှာပေ့ါ။
မော်ကွန်း။ ။ ရခိုင်နဲ့ ဘင်္ဂါလီဒုက္ခသည်စခန်းတွေကို ကျွန်တော်တို့ သွားတဲ့အခါမှာ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရစတဲ့ တာ ဝန်ရှိသူတွေက ပြန်လည်သင့်မြတ်ရေး၊ ပြန်လည်နေရာချထားရေး ကိစ္စတွေအတွက် ဘာမှ လုပ်ပေးတာမရှိဘူးလို့ ပြောကြတယ်။
ဝန်ကြီးချုပ်။ ။ ဘူးသီးတောင်၊ မောင်တောဘက်က အဖွဲ့တွေက တော့ IDP မဟုတ်ဘူး။ နဂိုနယ်ခံတွေဖြစ်သွားတာပေါ့။ ဒီမှာ တော့ IDP ပေါ့။ ကိုယ်ပြောသလိုပါပဲ။ ကိုယ်တို့နိုင်ငံမှာနေလို့ရှိရင် ဘင်္ဂါလီပဲဖြစ်ဖြစ်၊ ရခိုင်ပဲဖြစ်ဖြစ် ကိုယ်တို့နိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာဖို့လိုတယ်။ ကိုယ်တို့ရဲ့ ဘာသာ၊ ဥပဒေ၊ ထုံးစံနဲ့အညီ လေးစားလိုက်နာဖို့လိုတာပေါ့။ ဒါတွေ အားနည်းတယ်။ ဒီ ရိုဟင် ဂျာဆိုတဲ့ကိစ္စမှာ ကိုယ်တို့နိုင်ငံမှာ ရိုဟင်ဂျာမရှိပါဘူးလို့ ပြော တယ်။ သူတို့က ရှိတယ်ဆိုပြီး တင်းခံတယ်။ ဘယ်လိုလုပ်မလဲ။အဲဒီတော့ အစိုးရနဲ့ ပြည်သူကတော့ အပြန်အလှန်ယုံကြည်မှုနဲ့ နားလည်မှရတာလေ။ သူတို့က ပစ်ထားတယ်ပြောတယ်။ ကဲ…ကိုယ်တို့ ပြောတဲ့ ဥပဒေတွေရော လိုက်နာသလား။ မလိုက်နာ ဘူး။ ယနေ့ သူတို့က အပြည်ပြည်ဆိုင်ရာ ထောက်ပံ့မှုတွေနဲ့ပဲ ရှင် သန်နေတယ်။ တော်တော်ခက်တယ်။ ဆိုတော့ တဖြည်းဖြည်းနဲ့ ကိုယ်တို့က အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်၊ စည်းရုံးပြောဆိုပြီးတော့ ပဲ ကိုယ်နိုင်ငံရဲ့ ဥပဒေကို လိုက်နာပြီးတော့ ဥပဒေအတိုင်း ဆောင် ရွက်သွားရမယ်။
သူတို့ ဘင်္ဂါလီတွေက မိန်းမတွေ လေးယောက်၊ ငါးယောက် ယူကြမယ်၊ ဒါမျိုးလည်း ရှိမှာပေါ့နော်။ ကလေးတွေလည်း အများ ကြီးမွေးကြတယ်။ အမှန်တော့ သားသမီးဆိုတာ ကိုယ်တို့ဆီမှာ လည်း ကန့်သတ်ချက်ရှိမှာပေါ့နော်။ သို့သော်လည်း သူတို့ရဲ့ ဘာသာအရဆိုတဲ့ ကန့်သတ်ချက်တွေရှိတဲ့အခါကျတော့ တော်တော် တော့ ခက်တယ်။
ဒါတွေက တို့နိုင်ငံဥပဒေစည်းကမ်း၊ စည်းမျဉ်းအတိုင်းနဲ့ တစ်ဖက်အဖွဲ့အစည်းက လိုက်နာဖို့တော့ လိုတယ်။ မလိုက်နာဘဲနဲ့ ပစ်ထားတယ်ဆိုတော့ မလိုက်နာလို့ ကိုယ်တို့က ဆောင်ရွက်ရ ခက်နေတာ။ ပစ်ထားတာတော့ မဟုတ်ဘူး။ ကိုယ်တို့ရဲ့ တိုင်းရင်း သားတွေကတော့ ရင်ထဲမှာ ခံစားချက်တော့ ရှိကြတာပေါ့ကွာ။ ဒါ ကတော့ သူသူကိုယ်ကိုယ်ပေါ့။
သို့သော်လည်း ရခိုင်ဆိုတာ သာကီဝင်လူမျိုး၊ ဗုဒ္ဓဘာသာ ဝင်လူမျိုး။ မြင့်မြတ်တယ်၊ ကြီးမြတ်တယ်ဆိုတဲ့ဟာနဲ့ လျော်ညီ အောင် သဘောထားကြီးတယ်၊ မကြီးဘူးဆိုတာထက် လက်ရှိ အခြေအနေမှန်ကို လက်ခံပြီး အနာဂတ်မှာ ကောင်းအောင်လုပ် မယ်ဆိုတဲ့ နိုင်ငံကြီးသားစိတ်တွေ ထားသင့်တာပေါ့။ ဒီလိုမဟုတ် ဘဲနဲ့ အမုန်းတရားကို အခြေခံပြီးတော့မှပဲ ဖြစ်လာမယ်ဆိုရင် လည်း သူဖြုတ် ကိုယ်ဖြုတ်၊ သူချ ကိုယ်ချ၊ သူသေ ကိုယ်သေ၊ သူပျက် ကိုယ်ပျက် ဒီလိုပဲ ဖြစ်မယ်လို့ ကိုယ်က မြင်တယ်။
ဒီနေ့ ကိုယ်မေးတယ်၊ ရခိုင်ပြည်နယ်က ဘာလဲ။ ဘယ်လဲ။ဘာဖြစ်ချင်တာလဲ။ တည်ငြိမ်နေတာလား၊ မတည်ငြိမ်မှုလား။ဖွံ့ ဖြိုးတိုးတက်မှု ရှိချင်တာလား၊ မရှိချင်တာလား။ မြင့်ချင်တာလား၊ နိမ့်ချင်တာလား။ အားလုံးဟာ မိဘပြည်သူများရဲ့ ဆန္ဒပဲ။ ဝန်ကြီး ချုပ်ကတော့ ယနေ့ ဒိုင်လူကြီးလုပ်မယ်။ ဒိုင်လူကြီးဆိုတာ ဘေး ထွက်နေတဲ့ လူမဟုတ်ဘူး။ ခရာကိုင်ထားတာ၊ လိုအပ်ရင် တွတ် မယ်၊ လိုအပ်ရင် အဝါကတ်ပြမယ်။ လိုအပ်ရင် အနီကတ်ပြမယ်။ ကျွန်တော် အပေါစား ခေါင်းဆောင်မှု မယူဘူး။ ပြည်သူပြောတိုင်း ကျွန်တော်လိုက်မလုပ်ဘူး။ လိုအပ်ရင် ပြည်သူ မပြောလည်း လုပ် ပေးမယ်။
ကျွန်တော်သည် ယနေ့ မေတ္တာပဲ ပေးတယ်။ မေတ္တာပဲ ယူ တယ်။ ကိုယ့်ကိုလည်း ရောက်ခါစဆိုရင်လေ ရခိုင်သွေးတွေ စီး တယ်ဆိုပြီးပြောတော့ ရခိုင်တွေ မကြိုက်တာ။ ကိုယ့်ကို ရယ် တယ်၊ ဆဲကြတာပေါ့ကွာ။ အင်တာနက်မှာလေ။ ခံစားမှုတွေကို ရှေ့တန်းတင်ပြီးတော့မှ အမုန်းတရားနဲ့ ဖြစ်နေတာ ရခိုင်သွေး စီးတာ မဟုတ်ဘူး။ အနာဂတ်ရခိုင်ပြည်နယ်ကြီးဟာ တည်ငြိမ် လှပတိုးတက်ပြီးတော့မှ ဆွေစဉ်မျိုးဆက်၊ သားစဉ်မြေးဆက် တည်တံ့ခိုင်မြဲတဲ့ အစစအရာရာကို စဉ်းစားချင့်ချိန်လုပ်မယ့် ရခိုင် လူမျိုးရဲ့ သွေးစီးတာ။ ယနေ့ ကျွန်တော်ဒီအတိုင်းပဲ သွားပါတယ်။ကျွန်တော့်ကို မုန်းချင်မုန်းမယ်၊ ချစ်ချင်ချစ်မယ်။ ကျွန်တော်ပြော တာ အားလုံးသည် ရခိုင်တွေကို ချစ်လို့ လုပ်ပေးတာပါ။ ရခိုင်တွေ မကြိုက်တာလုပ်တာ မှန်သမျှသည်လည်း ရခိုင်တွေကို ချစ်လို့ လုပ်တာပါ။ ကိုယ်ကတော့ တာဝန်ထမ်းဆောင်နေတဲ့ အချိန် သမာသမတ်ကျအောင် လုပ်သွားမှာပဲ။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးမော်ငမောင်အုန်း နှင့် တွေ.ဆုံခြင်း အပိုင်း(၂) ဆက်လက်ဖော်ပြပါမည်။

