ရန်ကုန်- ၂၀၂၅ ဩဂုတ် ၈ (မော်ကွန်း)
ဒီကနေ့ ကျရောက်တဲ့ ဝါခေါင်လပြည့်နေမှာ ရန်ကုန်မြို့က ကရင်တိုင်းရင်းသားတချို့က ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်က ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ စုပေါင်းကျင်းပခဲ့ကြပါတယ်။
အခမ်းအနားမှာ ဆရာတော်တွေနဲ့ သက်ကြီးရွယ်အိုတွေက လူငယ်တွေကို ရိုးရာချည်ဖြူဖွဲ့စည်းနှောင်းပေး ကြတာကိုလည်း တွေ့ရပါတယ်။
နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ ဒီအခမ်းအနားကို ဒီနှစ်မှာလည်း ပုံမှန်ကျင်းပခဲ့ပေမယ့် ယခင်နှစ်တွေကလို လူငယ်တွေမများတော့ဘဲ နည်းပါးသွားတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံအောက်ပိုင်းဒေသအနှံ့မှာ ပျံ့နှံ့နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားတွေဟာ ဒီမင်္ဂလာအခမ်းအနားကို မကောင်းဆိုးဝါးတွေရန်က ဘေးကင်းဖို့၊ နေအိမ်နဲ့မိသားစုအပေါ် အဖျက်အမှောက်နဲ့ မိစ္ဆာတွေရန်ကကင်းဝေးဖို့ ယုံကြည်ချက်နဲ့ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်း လာခဲ့ကြတာလို့ ရိုးရာပွဲကျင်းပတဲ့ ကရင်လူကြီးတွေက ရှင်းပြပါတယ်။
အောက်ပါ ဓါတ်ပုံတွေကတော့ ဒီနေ့ကျင်းပတဲ့ ကရင့်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားက ပုံရိပ်တချို့ ဖြစ်ပါတယ်။

ဓါတ်ပုံ- မော်ကွန်း

