ရန်ကုန်- ၂၀၂၄ ဒီဇင်ဘာ ၃၀ (မော်ကွန်း)
ဒီနေ့ ကျရောက်တဲ့ ၂၇၆၄ ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော်ကို ရန်ကုန်မြို့၊ တိုင်းရင်းသားကျေးရွာမှာကျင်းပခဲ့ပြီး စစ်ကောင်စီဝင်တချို့ လုံခြုံရေး အပြည့်နဲ့ တက်ရောက်လာတာကို တွေ့ရပါတယ်။
ဒီအခမ်းအနားမှာ ရိုးရာအက၊ ရိုးရာလက်ဝှေ့ပွဲအပါအဝင် အခြားပျော်ပွဲရွှင်ပွဲနဲ့ ဈေးရောင်းပွဲတော်တွေပါ ပူးတွဲကျင်းပခဲ့တဲ့အထဲ့က ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။

ဓါတ်ပုံ- မော်ကွန်း

