ရန်ကုန်၊ ၂၀၂၄ နိုဝင်ဘာ ၄ (မော်ကွန်း)
အခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းက ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံအရှေ့ပိုင်းနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၇ အတွက် လူငယ်တွေရဲ့ စာရင်းတွေကို ကောက်ယူသွားတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတချို့က ပြောပါတယ်။
အဲဒီ မြို့နယ်တွေက ရပ်ကွက်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက လူငယ်တွေရှိတဲ့ နေအိမ်တွေကို လာရောက်ကာ စစ်မှုထမ်းသင်တန်းအတွက် မဲနှိုက်စေခဲ့ပြီး မဲပေါက်သွားတဲ့လူငယ်တွေရဲ့ စာရင်းတွေကို ကောက်ယူသွားတာလို့ ဒဂုံမြို့သစ်တောင်ပိုင်း ၅၇ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒီလိုမဲဖောက်မယ့်သတင်းကြောင့် တိမ်းရှောင်သွားသူတချို့လည်း ရှိခဲ့ပြီး လူမလာနိုင်တဲ့ အိမ်တွေကိုလည်း ကိုယ်စားစနစ်နဲ့ မဲနှိုက်စေခဲ့ပါသေးတယ်။
“လူမရှိလည်းရတယ်။ သူ့ဘာသာနှိုက်ပြီး စာရင်းထည့်သွားတယ်။ အခုတော့ မဲပဲနှိုက်ရတယ်။ မဲပေါက်တဲ့သူရဲ့ စာရင်းသွင်းထားရတယ်။ ခေါ်တော့မခေါ်သွားသေးဘူး” လို့ ကိုယ်တိုင်ကြုံလာသူတစ်ဦးက ပြောပါတယ်။
နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) ကို ဒီနှစ် ဧပြီလပိုင်းက စပြီးဖွင့်လှစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းမှာတော့ သင်တန်းအပတ်အစဉ် (၄) သင်တန်းဆင်းလာပြီး သင်တန်းအပတ်စဉ် (၆) ကို ပြီးခဲ့တဲ့လ ၂၁ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
စစ်မှုထမ်းသင်တန်းသားတွေ စတင်ခေါ်ယူစဉ်ကတော့ တပ်သားသစ်တွေကို ရှေ့တန်းမပို့ပါဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောခဲ့ပေမယ့် အခုလက်ရှိသင်တန်းဆင်းလာသူတွေ အများစုဟာ ရှေ့တန်းစခန်းတွေကို ပို့လွှတ်ခံနေရတာပါ။
ဒါ့ပြင် ရှေ့တန်းမှာလည်း တပ်သားသစ်တွေအနေနဲ့ သေဆုံးတာ၊ ထွက်ပြေးတာနဲ့ တော်လှန်ရေးတပ်တွေရှိရာ နယ်မြေတွေဆီ ခိုလှုံလာတာတွေလည်းရှိလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တချို့က ပြောထားပါတယ်။
စစ်ကောင်စီက အခုလို စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်ကာ အသက် ၃၅ နှစ်အောက် လူငယ်တွေကို ပစ်မှတ်ထားကာ စစ်သားစုဆောင်းလာတာကြောင့် နိုင်ငံတစ်ဝှမ်းမှာ လူငယ်တွေ ပြည်ပကိုထွက်ခွာတာ၊ နေရပ်ကနေ ရှောင်တိမ်းတာတွေလည်း အများအပြားရှိလာပါတယ်။
ပုံစာ – ပြီးခဲ့တဲ့လက ဖွင့်လှစ်ထားတဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၆ မြင်ကွင်း
ဓာတ်ပုံ – ပြည်သူ့စစ်မှုထမ်းများစုစည်းရာ Telegram
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

