တောင်ကုတ် -၂၀၂၄ အောက်တိုဘာ ၄ (မော်ကွန်း)
တောင်ကုတ်မြို့နယ်ရှိ တောင်ကုတ်- မအီကားလမ်းဘေးက ကင်းတောင်စံပြကျေးရွာကို စစ်ကောင်စီလေကြောင်းကနေ လာရောက်ဗုံးကြဲခဲ့လို့ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားလေးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ကင်းထောက်စံပြကျေးရွာရှိ မီးသတ်ရုံးအနီးနဲ့အထက်တန်း ကျောင်းအနီးပတ်ဝန်းကျင်ကို ယနေ့မနက် နှစ်နာရီလောက်မှာ စစ်ကောင်စီက Y-12 နဲ့ နှစ်ကြိမ် တိတိလာရောက် ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
” မီးသတ်ရုံးအနားက နေအိမ်တွေနဲ့ အထက်တန်း ကျောင်းနားက နေအိမ်တွေမှာ ဗုံးလာကျပြီးတော့ သေဆုံးဒဏ်ရာရသွားကြတာ။ နေအိမ်တွေလည်း ဗုံးစံထိပြီး အကုန်ပျက်စီးသွားတယ်။ ညသန်းခေါင်ကြီး လာကြဲသွားတာ။ သေတဲ့သူတွေအတွက်တော့ စိတ်မကောင်းစရာပဲပေါ့ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ယခုဗုံးကြဲခံလိုက်ရတဲ့ ကင်းတောင်စံပြကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို အာရက္ခတပ်တော်(AA) က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေအရ တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီနဲ့ AA တို့ကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီကလည်း AA ရှိနေနိုင်တဲ့ နေရာတွေနဲ့ AA ထိန်းချုပ်နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်ပြုလုပ်နေပါတယ်။
အောက်တိုဘာလ ၂ ရက်ကလည်း စစ်ကောင်စီဟာ တောင်ကုတ်မြို့နယ် ၊ခေါင်းလောင်းတူရွာကို လေကြောင်းကနေဗုံးကြဲခဲ့လို့ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်မှာ အရပ်သား ထိခိုက်သေဆုံးသူ ၈၀ ကျော်အထိ ရှိခဲ့ပါတယ်။
ပုံစာ- လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ကလေးငယ်။
ဓါတ်ပုံ- Narinjara
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


