ကျောက်ဖြူ – ၂၀၂၄ စက်တင်ဘာ ၁၁( မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်း၊ ကျောက်ဖြူမြို့ကို နယ်ဘက်ကနေ ဈေးလာဝယ်ကြတဲ့ အမျိုးသမီးခြောက်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် တရားမဝင်ရိက္ခာသယ်ယူသည်ဟုစွပ်စွဲကာကာ ထောင်ဒဏ်တစ်လ အသီးသီးချမှတ်လိုက်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အဲဒီခြောက်ဦးဟာ ကျောက်ဖြူမြို့နယ်၊ ဂုံးချိန်ကျေးရွာဒေသခံတွေဖြစ်ကြပြီး စက်တင်ဘာလ ၈ ရက် မနက်ပိုင်းက ကျောက်ဖြူမြို့ကို ရေလမ်းမှစက်လှေနဲ့ ရောက်လာစဉ် ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ပြောကြပါတယ်။
” အဖမ်းခံလိုက်ရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးလည်း ပါပါတယ်။ အမျိုးသမီး သီးသန့်စုပြီး အဖော်နဲ့ဈေးလာဝယ်ကြတာ ထင်ပါတယ်။ GTI တက္ကသိုလ်ကျောင်း အနောက်ဘက်မှာ အဖမ်းခံလိုက်ရတာ” လို့ ကျောက်ဖြူ ဒေသခံတစ်ဦးက ဒီနေ့ ပြောပါတယ်။
ဖမ်းပြီးနောက် ကျောက်ဖြူမြို့မရဲစခန်းကို ခေါ်ဆောင်သွားခဲ့ကာ နောက်ရက်မှာပဲ ထောင်ဒဏ် တစ်လချလိုက်တာလို့ ဂုံးချိန်ရွာ ဒေသခံတချို့ကလည်း ပြောပါတယ်။
” ၁၆ နှစ်အရွယ် အသက်မပြည့်တဲ့ ကလေးကိုတောင် အလွတ်မပေးဘဲ ထောင်ချတာ။ စားနပ်ရိက္ခာတွေကို တရားမဝင် ခိုးသယ်တယ်ဆိုပြီး စွပ်စွဲတာ။ ရွာတွေမှာ စားနပ်ရိက္ခာတွေ ပြတ်နေကြပြီ။ အငတ်မခံနိုင်တော့ မြို့တက်ပြီး ဈေးလာဝယ်ရတာပေါ့။ အမျိုးသားတွေသွားရင် အန္တရာယ်များတယ်ဆိုပြီး အမျိုးသမီးတွေ စုပြီးသွားကြတာ။ အဲဒါကို လိုက်ဖမ်းတာကတော့ အရမ်းကိုဆိုးဝါးတဲ့လုပ်ရပ်ပဲ” လို့ ဂုံးချိန်ရွာသားတစ်ဦးက ပြောပါတယ်။
ကူးသန်းသွားလာခွင့်ကို စစ်ကောင်စီက ဖြတ်တောက်ထားတဲ့အတွက် ကျောက်ဖြူမြို့နယ်ရဲ့ ကျေးလက်ဒေသတွေမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပြတ်တောက်မှု ဆိုးဆိုးရွားရွားကြုံနေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
လက်ရှိကျောက်ဖြူမြို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကြား စစ်ရေးတင်းမာမှုတွေရှိနေပြီး စစ်ကောင်စီက မြို့အဝင်အထွက်တွေကို ကုန်းလမ်း၊ ရေလမ်းကနေ အကုန်ပိတ်ဆို့ကာ စားနပ်ရိက္ခာနဲ့ဆေးဝါး သယ်ယူခွင့်တွေကို တင်းကျပ်စွာပိတ်ပင်ထားတယ်လို့ ကျောက်ဖြူမြို့ခံတချို့က ပြောပါတယ်။
ကျောက်ဖြူမြို့နယ်နဲ့ကပ်လျှက်က ရမ်းဗြဲမြို့နယ်ကို AA က သိမ်းပိုက်ထားပြီး တရုတ်နိုင်ငံရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန်ရှိနေတဲ့ ကျောက်ဖြူမြို့ကိုတော့ စစ်ကောင်စီ က ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
ပုံစာ- ကျောက်ဖြူမြို့ကမ်းနားတစ်နေရာ။
ဓါတ်ပုံ- AB News
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

