မြိုင် – ၂၀၂၄ စက်တင်ဘာ ၇ (မော်ကွန်း)
မကွေးတိုင်း မြိုင်မြို့နယ် လက်ယက်မရွာ စာသင်ကျောင်းကို အာဏာသိမ်းစစ်ကောင်စီက မနေ့က မွန်းလွဲပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့ရာ ဗုံးခိုကျင်းထဲ ရှောင်တိမ်းနေတဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူခြောက်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကျေးရွာစာသင်ကျောင်းဘေး နေအိမ်ဝင်းအတွင်းက ဗုံးခိုကျင်းပေါ် ဗုံးတစ်လုံး ကျရောက်ပြီး ပေါက်ကွဲရာ ဗုံးခိုကျင်းထဲမှာရှိနေတဲ့ ပြည်သူ
ငါးဦး နေရာမှာတင်သေဆုံးကာ သေဆုံးသူထဲမှာ ၁၀ နှစ်အရွယ်ကလေးတယောက်ပါတယ်လို့ ဒေသ ပကဖအဖွဲ့ဝင်တစ်ဦးကမော်ကွန်းကိုပြောပါတယ်။
“ဗုံးခိုကျင်းထဲကို တည့်တည့်ကျတာ၊ ခန္ဓာကိုယ်တွေက ကောက်ရတယ်ပြောရုံပဲ ကောက်ရတယ်၊ အကုန်အပိုင်းအပိုင်း အပြတ်ပြတ်တွေ ဖြစ်လို့ ကြုံးယူရတာပါ၊ ၁၀နှစ်အရွယ်ကလေးရောဆို ငါးယောက်ပေါ့၊ ပေါင်ဗုံးတွေ ကြဲချပြီး စက်လက်နဲ့ပစ်သွားတာ” လို့ ဒေသတွင်း ပကဖအဖွဲ့ဝင်တဦးက မော်ကွန်းကို ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ မြိုင်နယ်ထဲ မကြာခဏ ဗုံးကြဲသတ်ဖြတ်နေလို့ ဒေသခံပြည်သူတွေ ဗုံးခိုကျင်းတူးထားပေမယ့် မလုံခြုံဘဲ အခုလို ဗုံးထိမှန်သေဆုံးတာလို့ သူကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ကြဲချခဲ့တဲ့ ဗုံးသီးသုံးလုံးအနက် တစ်လုံးဟာ စာသင်ကျောင်းဝင်းဘေး လမ်းမပေါ် ကို ကျပြီးပေါက်ကွဲတာကြောင့် လမ်းမပေါ် သွားလာနေတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးလည်း ဗုံးစထိမှန်သေဆုံးတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဗုံးသုံးလုံးကြဲချတာကြောင့် လက်ယက်မ ကျေးရွာစာသင်ကျောင်းဆောင်နဲ့ နေအိမ်နှစ်လုံး ပြိုကျပျက်စီးပြီး စာသင်ကျောင်းဝင်းအတွင်းရှိ ခိုင်းနွား ငါးကောင်လည်း သေဆုံးကာ ခွေးဘီလူး Hijet တစ်စီးလည်း ပျက်စီးတယ်လို့ဒေသခံက ပြောပါတယ်။
“ဒေသခံ တော်လှန်ရေး အဖွဲ့တွေလည်း ကျေးရွာမှာ မရှိတာမို့ အကြောင်းမဲ့သက်သက် ပစ်ခတ်တာ” လို့ ဒေသခံက ဆိုပါတယ်။
လက်ယက်မကျေးရွာဟာ အိမ်ခြေ ၂,၀၀၀ ခန့် ရှိတဲ့ ကျေးရွာကြီးဖြစ်ပြီး ပျူစခန်းတွေနဲ့ နီးကပ်တာကြောင့် စစ်အုပ်စုနဲ့ ပျူတွေရဲ့ မကြာခဏ စီးနင်းလုယက် မီးရှို့ခံရတာ၊ လူသတ်ခံရတဲ့ဖြစ်စဥ်တွေရှိခဲ့တယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေက စစ်ကောင်စီဟာ ကရင်နီပြည်က စစ်ရှောင်စခန်းတစ်ခုနဲ့ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ကိုလည်း ဖျက်အားပြင်းဗုံးတွေ ကြဲချတာကြောင့် ကလေးသူငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် အနည်းဆုံး ၂၀ ထက်မနည်းသေဆုံးထားပါတယ်။


ပုံစာ – ဗုံးကြဲခံရတဲ့ လက်ယက်မရွာစာသင်ကျောင်းအပျက်အစီးများ
ဓာတ်ပုံ – Supplied
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

