ဖြူး – ၂၀၂၄ ဇန်နဝါရီ ၄ (မော်ကွန်း)
ရန်ကုန်-မန္တလေးလမ်းဟောင်းပိုင်းမှာ အဓိကကျတဲ့ ကညွှတ်ကွင်းတံတားကျိုးသွားတဲ့အတွက် အဲဒီလမ်းပိုင်းကိုအသုံးပြုနေတဲ့ ကုန်တင်ကားနဲ့ခရီးသည်ကားတွေအပါအဝင် ယာဉ်တွေအားလုံး အမြန်လမ်း(ရန်ကုန်_မန္တလေး)ပိုင်းပေါ်တက်လာတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေ တချို့နေရာတွေမှာ ဖြစ်ပေါ်နေပါတယ်။
အောက်ပါဓါတ်ပုံတွေကတော့ အမြန်လမ်း ၁၁၅ မိုင်တိုးဂိတ်မှာ ယာဉ်ကြောပိတ်နေတာတွေနဲ့ အမြန်လမ်းကို အသုံးပြုနေကြတဲ့ ကုန်ကားတွေပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကုန်တင်ကားကြီးတွေဟာ အမြန်လမ်းကို အသုံးပြုခွင့်မရှိပါဘူး။
အုတ်တွင်းကနေ အမြန်လမ်းပေါ်ကို ဝင်ထွက်ရပြီး အမြန်လမ်း ၇၂ မိုင်ကနေ ဒိုက်ဦးကိုပြန်ပြီး ဝင်ထွက်လုပ်ရပါတယ်။
အမြန်လမ်းပိုင်းပေါ်မှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ ပြတ်တောက်ေနပြီး ညစဉ် လက်နက်ကြီးပစ်ခတ်သံတွေကို ကြားရတယ်လို့ ၁၁၅ မိုင်၊ စားသောက်ဆိုင်တစ်ခုက ဝန်ထမ်းတစ်ဦးကပြောပြီ ဖြူး၊တောင်ငူ၊ ညောင်လေးပင် မြို့နယ်အပိုင် အမြန်လမ်းပိုင်းမှာ အင်တာနက်ပြတ်တောက်နေတာကို မော်ကွန်းကိုယ်တိုင် ကြုံတွေ့ရပါတယ်။
ဓါတ်ပုံ_မော်ကွန်း

