ရန်ကုန်-၂၀၂၃ မေ ၁၉ (မော်ကွန်း)
မုန်တိုင်းကြောင့် ရိုဟင်ဂျာ(စကစကတော့ င်္ဘဂါလီလို့သုံးပါတယ်) ၁၂၀ နီးပါး သေဆုံးခဲ့ပြီလို့ မေလ ၁၈ ရက်အထိ စာရင်းတွေကိုအခြေခံပြီး စစ်ကောင်စီက ဒီနေ့ထုတ်ပြန်ပါတယ်။
ဒေသခံတိုင်းရင်းသားတွေအပါအဝင် မိုခါမုန်တိုင်းကြောင့် ဒီနေ့အထိ သေဆုံးသူပေါင်း ၁၄၅ ဦး ရှိခဲ့ပြီး အဲဒီအထဲမှာ စစ်ကောင်စီတပ်သား လေးဦး ပါဝင်တယ်လို့ထုတ်ပြန်ပါတယ်။
ဒီလိုထုတ်ပြန်တာဟာ သတင်းမှန်ပြန်ကြားတာဖြစ်ပြီးလူမှုကွန်ယက်တွေမှာ စစ်တွေမြို့က IDP Camp တွေမှာ ရိုဟင်ဂျာ ၄၀၀ သေဆုံးတယ်လို့ ထုတ်လွှင်နေတာတွေကို တုန့်ပြန်တာလို့ဆိုပါတယ်။
သေဆုံးသူတွေဟာ တာဝန်ရှိသူတွေရဲ့ရွှေ့ပြောင်းမှုကိုလက်မခံဘဲ မိမိအစီအစဉ်နဲ့ မိမိနေကျန်ရစ်ခဲ့သူတွေသာ ဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။
ဒါအပြင် ရိုဟင်ဂျာ ၄၀၀ ကျော်သေဆုံးတယ်လို့ မမှန်သတင်းဖော်ပြတဲ့မီဒီယာတွေနဲ့ လူမှုကွန်ယက်တွေကိုလည်း အများပြည်သူ အထိတ်တလန့် ဖြစ်အောင်လှုံဆော်မှုနဲ့ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်တွေမြို့အပါအဝင် IDP Camp ၁၇ ခုက ရိုဟင်ဂျာ ၁၂၅,၇၈၉ ဦးအနက် ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ လိုတဲ့ ၆၃,၃၀၂ ဦးကို ရွှေ့ပြောင်းပေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှ မောင်းကတော့ ရိုဟင်ဂျာတွေ သေကြေပျောက်ဆုံးရတာဟာ လက်ရှိအုပ်ချုပ်နေတဲ့ စစ်ကောင်စီမှာတာဝန်ရှိပြီး တမင်သေအောင် ပစ်ထားတာလို့ မိမိယူဆကြောင့် RFA သတင်း ဌာနနဲ့ အင်တာဗျူးမှာ စွပ်စွဲခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်တွေ အပါအဝင် တစ်နိုင်ငံလုံးမှာ လူပေါင်း ၄၅၅ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
#Dailynews

