ရန်ကုန်- ၂၀၂၃ ဧပြီ ၆ (မော်ကွန်း)
စစ်ကောင်စီကပြုလုပ်မယ့်သင်္ကြန်ပွဲမှာ မပါဝင်ကြဖို့ စတစ်ကာကမ်ပိန်းကို မြေအောက်တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ Mayangone Democratic Front နဲ့ KMD18 တို့ပူးပေါင်းပြီး ရန်ကုန်မြို့ရဲ့ မြို့နယ်နှစ်ခုမှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။
“ပြည်သူတွေအားလုံးက ဒီလာမယ့်သင်္ကြန်မှာ တော်လှန်သင်္ကြန်အနေနဲ့ဘဲ ဆင်နွှဲကြဖို့နဲ့ စကစ က ယခုထိအာဏာသိမ်းထားဆဲဆိုတာကို မမေ့ဖို့ရယ် စစ်အာဏာရှင်ကျဆုံးရေးအတွက်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ရဲဘော်တွေ၊ အကျဥ်းချခံထားရတဲ့ ရဲဘော်တွေ၊ ကျဆုံးသွားတဲ့ ရဲဘော်တွေကို မမေ့ကြပါနဲ့ စကစကပြုလုပ်တဲ့င်္သကြန်မှာမပါဝင်ကြဖို့နှိုးဆော်တာပါ။” လို့ Mayangone Democratic Front မှ တာဝန်ခံက ပြောပါတယ်။
“သွေးနဲ့ပက်တဲ့သင်္ကြန်ပွဲပြည်သူအားလုံးမဆင်နွှဲ။”
“အပျော်သင်္ကြန်တို့ငြင်းဆန်၊ တော်လှန်သင်္ကြန်ပြည်သူ့အသံ။”
“သွေးစွန်းသင်္ကြန်တို့မဆင်နွှဲ။”
“တစ်နိုင်ငံလုံးမှာစစ်၊အတာသင်္ကြန်မဖြစ်၊ အာဏာရှင်ကိုတော်လှန်ပစ်။” ဆိုတဲ့ စာသားတွေပါဝင်တဲ့စတစ်ကာတွေကို ဘတ်စ်ကားမှတ်တိုင်တွေနဲ့ လူသွားလူလာများတဲ့နေရာတစ်ချို့မှာကပ်ထားခဲ့ကြတာပါ။
စစ်ကောင်စီကပြုလုပ်မယ့်င်္သကြန်ပွဲတော်ဟာလာမယ့် ဧပြီ ၁၃ ရက် ဆ်ိုစတင်တော့မှာပါ။
တော်လှန်ရေးအင်အားစုတွေကတော့ပြည်သူတွေ အနေနဲ့ လာမယ့်သင်္ကြန်ကို တိတ်တဆိတ်ပျော်ရွှင်ကြဖို့နဲ့ စစ်ကောင်စီကပြုလုပ်မယ့်သင်္ကြန်မှာမပါဝင်ကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။
စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်း စကစဟာ အပြစ်မဲ့ပြည်သူ ၃,၂၁၂ ဦးကိုသတ်ဖြတ်ခဲ့ပြီး ၁၇,၃၅၅ ဦးသောအပြစ်မဲ့ပြည်သူတွေဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားပါတယ်။
#Dailynews

