အရာတော် – ၂၀၂၃ မတ် ၃၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒီကနေ့ညပိုင်းက ဒေသခံပြည်သူတွေကို လေကြောင်းအန္တရာယ်အသိပညာပေးခြင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီအခြေခံသဘောတရားတွေကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ပြီး ဟောပြောခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းမှာ လေကြောင်းကနေ နေ့စဉ်တိုက်ခိုက်ခံနေရပြီး အရာတော်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီလက တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့တိုက်ခိုက်တာကြောင့် စာသင်ကျောင်းနဲ့ဆေးရုံတွေ ပျက်စီးခဲ့ရပါသေးတယ်။
ဒီကနေ့ ဟောပြောပွဲကို အရာတော်မြို့နယ်က ပြည်သူ ၁,၀၀၀ လောက်တက်ရောက်ခဲ့တယ်လို့ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီတာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ဒီကနေ့ဟောပြောပွဲကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ကာ နည်းပညာတက္ကသိုလ်(မုံရွာ) ကျောင်းသားများသမဂ္ဂနဲ့အတူ ပူးပေါင်းပြုလုပ်တာဖြစ်ပါတယ်။
ဓါတ်ပုံ – အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ
#Dailynews

