စစ်ကိုင်းတိုင်း – ၂၀၂၃ ဖေဖော်ဝါရီ ၁၆ (မော်ကွန်း)
သပိတ်အင်အားကောင်းကောင်းနဲ့ နေ့စဉ်မပြတ်လမ်းမပေါ်ထွက် ချီတက်နေတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ယင်းမာပင်မြောက်ခြမ်းကျေးရွာများသပိတ်နဲ့အတူ ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာလူထုပဲဖြစ်ပြီး လူထုအားနဲ့သာ တော်လှန်ရေးကိုဆုံးခန်းတိုင် ဆင်နွှဲရမှာဖြစ်တယ်လို့ သပိတ်ကထုတ်ပြန်ပါတ
ယ်။
အညာဒေသပြည်သူလူထုဟာ ရရာလက်နက်ဆွဲကိုင်တော်လှန်နေကြတဲ့အပြင် အိုးအိမ်စည်းစိမ်တွေကို အကြမ်းဖက်စစ်တပ်က ဖျက်ဆီးမီးရှို့ခဲ့ကြပေမယ့်လည်း တော်လှန်ရေးအပေါ်မှာ ထားတဲ့စိတ်ဓာတ်တွေဟာ ယိုင်လဲမသွားသေးဘူးလို့ သပိတ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
ဒါကြောင့် အညာဒေသလို မီးလောင်ပြာကျမဖြစ်တဲ့နေရာတွေက ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာ နိုင်ရာနေရာကနေ တတ်စွမ်းသလောက်ပါဝင်ပေးကြဖို့ သပိတ်ကော်မတီဝင်ကပြောပါတယ်။
ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ လမ်းမပေါ်ချီတက်ဆန္ဒပြလာတာ ဒီနေ့နဲ့ဆို ၇၀၇ ရက်ရှိပါပြီ။
ဓာတ်ပုံ – CJ
#Dailynews

