မန္တလေး – ၂၀၂၃ ဇန်နဝါရီ ၂ (မော်ကွန်း)
မန္တလေးမြို့၊ ပုသိမ်ကြိီးမြို့နယ်၊ ရေထွက်လမ်းမပေါ်မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ခန့် ဆယ်အိမ်မှူးတစ်ဦးဒီနေ့နေ့လည် ၁၂:၃၀ ဝန်းကျင်က သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
“ပွင့်လင်းအောင်အရက်ဆိုင်”အနီးမှာပစ်ခံလိုက်ရတာဖြစ်ပြီး ပစ်ခံရသူဟာအောင်ကျော်မြင့်ဆိုသူဖြစ်ကာ အာဏာသိမ်းစစ်တပ်ခန့်ထားတဲ့ ဆယ်အိမ်မှူးဖြစ်တယ်လို့ အနီးနားဒေသခံတွေကပြောပါတယ်။
” ပစ်ခံလိုက်ရပြီးလဲသွားတာ၊သေတော့မသေသေးဘူး၊ဒါပေမယ့်သေဖို့များတယ်လို့ပြောကြတယ်”လို့ ရပ်ကွက်နေဒေသခံတစ်ဦးကပြောပါတယ်။
ဆယ်အိမ်မှူးအောင်ကျော်မြင့်က နိုင်ငံရေးလုပ်တဲ့လူငယ်တွေကိုဖမ်းဆီးဖို့သတင်းပေးတိုင်ကြားသူဖြစ်တယ်လို့ဒေသခံတွေဆီကသိရပြီး ဘယ်အဖွဲ့ကပစ်ခတ်သွားတယ်ဆိုတာကိုမသိရသေးပါဘူး။
ပုံစာ – ပစ်ခတ်ခံရသူ
ဓာတ်ပုံ – Supplied
#Dailynews

