ပခုက္ကူ – ၂၀၂၂ နိုဝင်ဘာ ၁၈ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဒီကနေ့ မနက် ၈:၀၀ ဝန်းကျင်က စစ်မှုထမ်းဟောင်းတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
သေဆုံးသူဟာ ပခုက္ကူမြို့ ၊ ၁၉လမ်းမှာနေထိုင်တဲ့ ဝါးထောင်ဦးရဲဆိုသူဖြစ်ပြီး နေအိမ်မှာပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
” သူကစစ်မှုထမ်းဟောင်း၊ အငြိမ်းစားယူထားတာတော့ကြာပြိီ၊ အပစ်ခံရပြီးတော့ဆေးရုံပို့တယ်၊အသက်မရှင်တော့ဘူး၊ သေပြီလို့သိရတယ်”လို့ဒေသခံကပြောပါတယ်။
ခုလိုပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတဲ့အဖွဲ့အစည်းတွေလည်း မရှိသေးပါဘူး။
#Dailynews

