စစ်ကိုင်းတိုင်း – ၂၀၂၂ နိုဝင်ဘာ ၁၇ (မော်ကွန်း)
အကြောင်းအမျိုးမျိုးကြောင့် လူထုပါဝင်မှုကျဆင်းလာပြီး တကျော့ပြန် လူထုအုံကြွတော်လှန်မှုတွေ မြန်မာပြည်အနှံ့ဖော်ဆောင်ဖို့လိုနေပြီလို့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီက ဒီကနေ့အသိပေးတိုက်တွန်းပါတယ်။
၁၀၂ နှစ်ပြည့် အမျိုးသားနေ့အောင်ပွဲ (၁၃) ရက်တာလှုပ်ရှားမှုနဲ့အတူရွာပေါင်းစုံလူထုသပိတ်စစ်ကြောင်းရဲ့ ၆၁၆ ရက်မြောက် ဒီကနေ့လူထုသပိတ်မှာသပိတ်ကော်မတီက တိုက်တွန်းထားတာပါ။
ပြည်သူလူထုဟာ စစ်အာဏာရှင်တွေရဲ့ဖိနှိပ်မှုအောက်မှာ စီးပွါးရေးကျပ်တည်းလာပြီး တော်လှန်ရေးမှာပါဝင်မှုကျဆင်းလာရတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ကတောအကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေပြီး လူထုကိုတော်လှန်ရေးကနေသွေဖယ်သွားအောင်လုပ်နေတာဖြစ်လို့ တွေဝေ၊တွန့်ဆုတ်မနေကြဘဲ ရုန်းကန်တော်လှန်ကြဖို့ သတိပေးထားပါတယ်။
ပုံစာ – ၆၁၆ ရက်မြောက် ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံလူထုသပိတ် ယနေ့မြင်ကွင်း။
ဓာတ်ပုံ – CJ
#Dailynews

