ကျိုက်လတ် – ၂၀၂၂ ဩဂုတ် ၂၄ (မော်ကွန်း)
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့က အာဏာသိမ်းစစ်တပ်ထိန်းချုပ် မြန်မာ့စီးပွါးရေးဘဏ်ဟာ ဒီကနေ့ နေ့လယ်က ဓားပြတိုက်ခံရပြီး ညနေပိုင်း လမ်းမတစ်နေရာမှာ ငွေတွေပြန်တွေ့ခဲ့ပေမယ့် ဘဏ်ဆီကိုတော့ ပြန်ရောက်မလာသေးကြောင်း နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးဆီကသတင်းရရှိပါတယ်။
အာဏာသိမ်းစစ်တပ်လက်အောက်ခံ စသုံးလုံး၊ စိုက်ပျိုးရေးဘဏ်၊ မြို့နယ်စကစဥက္ကဌအိမ်တွေနဲ့ နီးတဲ့ ကျိုက်လတ်မြန်မာ့စီးပွါးရေးဘဏ်ကို အမည်မသိလူတစ်စုက လက်နက်တွေနဲ့ ဓားပြတိုက်ခဲ့တာပါ။
” ပိုက်ဆံက အားလုံး သိန်း ၅၀၀ ကျော်လောက်ပါသွားတာ ညနေပိုင်း ပြန်ရပါတယ်။ ဒါပေမယ့် ဘဏ်ကိုတော့ ပြန်လာမပို့သေးဘူး” လို့ ဘဏ်နဲ့နီးစပ်သူတစ်ဦးကပြော ပါတယ်။
ဘဏ်ကိုဓားမြတိုက်သွားတဲ့အဖွဲ့ဟာ ဖျာပုံဘက်ကိုသွားတဲ့ လမ်းက ဂုံညှင်းတံတားအစပ်မှာ ချပြီး ထွက်ပြေးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်၊ တပ်သားတွေနဲ့ ရဲတွေက ဓားမြအဖွဲ့ကို မမြင်ရပေမယ့် သေနတ်မိုးပေါ်ထောင်ဖောက်ပြီး ပိုက်ဆံအိတ်ကို ကားထဲတင်ဆောင်သွားတာတွေ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

