ပခုက္ကူ – ၂၀၂၂ ဇူလိုင် ၄ (မော်ကွန်း)
မကွေးတိုင်း၊ပခုက္ကူမြို့၊ မြို့မစျေး(အရှေ့စျေး)က ရှမ်းဧကရီရွှေဆိုင်ကို ဒီကနေ့ နေ့လယ် ၁၂ : ၀၀ နာရီဝန်းကျင်မှာ ဓါးပြတိုက်သွားပြီး ရွှေနဲ့ငွေအမြောက်အများပါသွားတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။
ဒေသခံတချို့ရဲ့ ပြောဆိုချက်အရတော့ ရွှေတစ်ကျပ်သားနဲ့ ငွေသိန်းတစ်ရာလောက်ပါသွားတယ်လို့ သိရပါတယ်။
“လူလေးဦးဆိုင်ကိုရောက်လာပြီး နှစ်ယောက်က သေနတ်အတိုနဲ့ထုတ်ပြီးချိန်တာတဲ့၊ နှစ်ယောက်က အပြင်မှာစောင့်နေတာ၊ ဆိုင်ပိုင်ရှင်ကိုရိုက်ပြီးရွှေနဲ့ပိုက်ဆံနဲ့ယူသွားတာ၊ရိုက်ခံရသူက ပွန်းပဲ့ရုံပဲ’လို့ ပခုက္ကူမြို့ခံတစ်ဦးကပြောပါတယ်။
ဓားပြတိုက်သူတွေက Mask တပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပခုက္ကူမြို့မစျေးမှာဓားပြတိုက်ခံရပြီးနောက် စျေးအတွင်းက အခြားရွှေဆိုင်တွေပါ ပိတ်လိုက်ကြတယ်လို့ စျေးသည်တစ်ဦးကပြောပါတယ်။
ပခုက္ကူမြို့က နေအိမ်တစ်အိမ်မှာလည်း ပြီးခဲ့တဲ့သီတင်းပတ်က ဓားပြဝင်တိုက်ခံရတာကြောင့် အိမ်ရှင်ဟာ ဓားနဲ့ထိုးခံခဲ့ရပြီး Apple KTV မှာလဲ ဓားပြတိုက်ခံရတာကြောင့် ဝန်ထမ်းတစ်ဦး ဓားထိုးခံထားရသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။
#Dailynews

