ပုသိမ် – ၂၀၂၂ ဖေဖော်ဝါရီ ၉ (မော်ကွန်း)
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တစ်ဘက်ကမ်းမှာရှိတဲ့ သင်္ဘောကျင်းနယ်မြေအာဏာသိမ်းစစ်ကောင်စီရဲစခန်းကို ဒီကနေ့ မနက်ပိုင်းက အဖွဲ့တစ်ဖွဲ့က လက်ပစ်ဗုံးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနက်ပိုင်း ၈းဝဝ နာရီလောက်မှာ လာရောက်ပစ်ခတ်သွားတာလို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
“စခန်းက ကားလမ်းဘေးမှာဆိုတော့ ပစ်ရလွယ်တယ်၊ အရင်တခါလည်း မနက်အစောပိုင်း လာပစ်တာရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်သွားတာမြင်ရပေမယ့် ပေါက်ကွဲသံတော့ မကြားရဘူးလို့ သူကဆိုပါတယ်။
စခန်းထဲက ရဲတွေ အလုပ်ရှုပ်သွားတာမြင်ရပြီး နောက်ပိုင်း စခန်းထဲက ဆိုင်ကယ်တွေနဲ့ ထွက်လိုက်တာမျိုးတွေလည်း ရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ပုသိမ်မြို့တစ်ဘက်ကမ်းကို ကူးတဲ့ ကူတို့ဆိပ်တွေနဲ့ တံတားဖြတ်သန်းသွားလာတဲ့ ဂိတ်တွေမှာ ပိတ်ဆို့ စစ်ဆေး တာတွေပြုလုပ်ခဲ့ပေမယ့် လာပစ်သွားတဲ့အဖွဲ့ကိုတော့ ဖမ်းဆီးနိုင်တာမျိုးမရှိခဲ့ဘူးလို့ ဒေသခံဆီက သိရပါတယ်။
ပုသိမ်မြို့မှာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ယာဉ်ထိန်းရဲကင်းကို လာရောက် ပစ်ခတ်ခဲ့လို့ ယာဉ်ထိန်း ၂ ဦးသေဆုံးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

