ကလေးမြို့- ၂၀၂၂ ဇန်နဝါရီ ၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နတ်မြောင်း၊နတ်ချောင်းကျေးရွာတွေက စစ်ဘေးရှောင်တွေ ရက်ပိုင်းအတွင်း စားနပ်ရိက္ခာပြတ်လပ်တော့မယ်လို့ Nat Myaung Youth Foundation က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ဆောင်းတွင်းဖြစ်တာကြောင့် ဆန်၊ဆီ၊ဆား၊ငွေကြေးအပြင် စောင်တွေလည်းအရေးပေါ်လို့အပ်နေတယ်လို့ သူကပြောပါတယ်။
“လူတစ်ထောင့်ငါးရာဆိုတော့ တစ်ရက်ကို ၁၀ တင်းလောက်တော့ကုန်မယ်ထင်တယ်။ဒီတိုင်းတိုက်ပွဲတွေ ဆက်ဖြစ်မယ်၊ သွားရလာရအဆင်မပြေဘူးဆိုရင်တော့ စားရေးသောက်ရေးက ဒုက္ခရောက်လာနိုင်တယ်ဗျ။ လေးငါးရက်လောက်ဆိုရင်တော့ အဲ့လိုမျိုး၊ စစ်ပွဲကမရပ်ဘူး၊ စစ်သားတွေက ဒီမှာပဲတပ်စွဲဦးမယ်ဆိုရင်တော့ ပြန်လို့ကအဆင်မပြေဘူး”လို့ အဲဒီကအခြေအနေတွေကို ပြောပြပါတယ်။
လက်ရှိစစ်ဘေးရှောင်နေကြတဲ့ ဘုန်းကြီးကျောင်းထဲမှာ နတ်မြောင်း၊နတ်ချောင်းက စစ်ရှောင်တွေအပြင် ချောင်းခွ၊ ဟားခါးလေး၊ ရေချိုစတဲ့ရွာတွေကစစ်ရှောင်တွေနဲ့ စုစုပေါင်း လူဦးရေ ၁၅၀၀ လောက်ရှိနေပြီး ထပ်တိုးလာနိုင်ခြေ ရှိနေတယ်လို့ဆိုပါတယ်။
#Dailynews

