ရန်ကုန် – ၂၀၂၂၊ ဇန်နဝါရီ ၆ (မော်ကွန်း)
လှိုင်သာယာမြို့နယ်၊ ရုံးရှေ့မှတ်တိုင်အနီးမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီနေ့ နံနက် ၉:၄၅ ခန့် က ဒေသဆ်ိုင်ရာပျောက်ကျားတပ်ဖွဲ့ Spring Revolution Flames – SRF က အနီးကပ်ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့တယ်လို့ အဲဒီ့အဖွဲ့ရဲ့ မဟာမိတ် မြို့ပြပျောက်ကြားအဖွဲ့ ဖြစ်တဲ့ CGF – Yangon က ထုတ်ပြန်ထားပါတယ်။
အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီ တပ်သားနှစ်ဦးသေပြီး ဒေသပျောက်ကျားတပ်ဖွဲ့ ဝင်တွေ အောင်မြင်စွာ ဆုတ်ခွါလာနိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
အဲဒီရုံးရှေ့ မှတ်တိုင်အနားမှာ ရဲစခန်း ရှိနေပြီး မလှမ်းမကမ်းမှာတော့ အထွေထွေအုပ်ချုပ်ရေးမှူးရုံရှိနေတာပါ။
ဒီနေ့ မနက်ပိုင်းက မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက္ကံဘောလုံးကွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို Area 21 မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ CGF – Yangon နဲ့ Yangon Federal Army – YFA တို့က ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီနေ့ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေဟာ ပျံလွှားအောင်စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
#Dailynews

