ရေး – ၂၀၂၁ ဒီဇင်ဘာ ၇ (မော်ကွန်း)
မွန်ပြည်နယ်ရေးမြို့က စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ် အနောက်မှာရှိတဲ့ ဆက်သွယ်ရေးတပ်ကို ဒီကနေ့ နေ့လယ်ပိုင်းက လျှော့တိုက်ဒုံးနဲ့ ပစ်ခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“အဝေးပစ်နဲ့လှမ်းပစ်တာ၊ လူအထိအခိုက်မရှိဘူး၊ တပ်ခြံစည်းရိုးတော့ပွင့်သွားတယ်”လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
အဆိုပါ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ်ကို တာဝေးပစ် လျှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ရေးမြို့နယ် ကာကွယ်ရေးအထူးအဖွဲ့ YSTF က ဆိုပါတယ်။
YSTF အနေနဲ့ ခေတ်မီလက်နက်တွေကို စမ်းသပ်ထုတ်လုပ်နေတာဖြစ်ပြီးယခုပစ်ခတ်မှုမှာ အောင်မြင်စွာ ပစ်ခတ်နိုင်တယ်လို့ ကြေညာပါတယ်။
မွန်ပြည်နယ်ရေးမြို့က မြို့မရဲစခန်းကိုလည်း ဒီဇင်ဘာ ၆ရက်နေ့ က ကြည့်မြင်တိုင်သပိတ် ဖြိုခွင်းခံရမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ လက်ပစ်ဗုံးနဲ့ပစ်ခတ်ခဲ့သေးပါတယ်။
#Dailynews

