မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၁၅ (မော်ကွန်း)
မန္တလေးမြို့က ရဟန်းသံဃာတွေနဲ့ သပိတ်စစ်ကြောင်းတွေ စုပေါင်းပြီး စစ်အာဏာရှင်ကို ဘယ်တော့မှလက်ခံမှာမဟုတ်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းမှာ ရက်ပေါင်းရာချီတိုင် ကြံ့ကြံ့ခိုင်ဆန္ဒပြနေဆဲဖြစ်တဲ့ မန္တလေးမြို့က သံဃသမဂ္ဂသပိတ်စစ်ကြောင်း၊ မြတောင်သပိတ်စစ်ကြောင်း၊ ဘုရားကြီးသပိတ်စစ်ကြောင်းတို့ဟာ စစ်အာဏာရှင်ကို ဘယ်တော့မှ လက်မခံကြောင်း ပူးပေါင်းချီတက်ကာ ဆန္ဒပြခဲ့ကြပါတယ်။
“လှေခွက်ချည်းကျန် အလံမလဲ သာသနာ့အလံ လေမှာဝဲ” “အရေးကြုံလာရင် နီးစပ်ရာ ဝိုင်းကူစို့”
“ကြောက်ခေတ်ကိုမှောက်ပစ်” “တော်လှန်ရေးမှသင့်ကိုအလိုရှိသည်” စတဲ့ ကြွေးကြော်သံတွေ စာသားတွေနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ဓါတ်ပုံ-Posion
#Dailynews

