ဘုတလင် – ၂၀၂၁ နိုဝင်ဘာ ၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊ မြို့ပေါ်ကျေးရွာက စစ်ကောင်စီသတင်းပေး အမျိုးသားတစ်ဦး ဒီကနေ့ ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ ထွန်စက်မောင်းပြီးနောက် ယာခင်းကနေအပြန် ရွာသုဿန်အနီးမှာ အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့သုံးချက် အနီးကပ်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်ခံရလို့သေဆုံးသွားတဲ့ အမျိုးသားဟာ ကြံ့ဖွံ့ပါတီ စည်းရုံးရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံတွေကဆိုပါတယ်။
ဘုတလင်မြို့နယ် မြို့ပေါ်ကျေးရွာကို စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာလ ၈ရက်နေ့ကလည်း ဝင်ရောက်ခဲ့ပြီး ရွာသားတချို့အား ဖမ်းဆီးခြင်း၊ ဒေသခံရွာသားတွေရဲ့နေအိမ်တွေကို ဝင်ရောက်ရှာဖွေဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
#Dailynews

