ပြည် – ၂၀၂၁ အောက်တိုဘာ ၂၈ (မော်ကွန်း)
ပဲခူးတိုင်း၊ ပြည်မြို့ လွှစင်အုပ်စု ဆီဆုံကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးဟာ အရက်ဆိုင်ထိုင်နေစဥ် သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံကပြောပါတယ်။
“အရက်ဆိုင်ထိုင်နေချိန် ဝင်ပစ်သွားတာ ။ ငါးချက် ပစ်သွားတယ်။ သေလားမသေလားတော့အတိအကျမသိရသေးဘူး”လို့ ဒေသခံက ပြောပါတယ်။
သေနတ်နဲ့ပစ်ခံရသူ ဦးအေးစိုး က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်ပြီး အာဏာသိမ်းကာလအတွင်း ကျေးရွာထဲမှာ လိုက်လံခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ဦးအေးစိုးသတင်းပေးမှုကြောင့်ဖမ်းဆီးခံထားရသူ ခြောက်ယောက်ထက် မနည်းရှိတယ်လို့လည်း ဒေသခံကပြောပါတယ်။
#Dailynews

