ရေး – ၂၀၂၁ အောက်တိုဘာ ၁ (မော်ကွန်း)
မွန်ပြည်နယ် ရေးမြို့က အစင်စံပြကျေးရွာမှာ စက်တင်ဘာ ၃၀ရက်ညက စစ်ကောင်စီတပ်တွေက တစ်အိမ်တက် တစ်အိမ်ဆင်း ဧည့်စာရင်းဝင်စစ်ပြီး ငွေတောင်းခံမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ရွာထဲက အိမ်တိုင်းကို တစ်အိမ်ဝင် တစ်အိမ်ထွက် ဧည့်စာရင်းစစ်တယ် ၊ တအိမ်ကို ၂၅,၀၀၀တောင်းတယ်၊ အကြောင်းအမျိုးမျိုးပြပြီးတောင်းတယ် ၊ အိမ်ထောင်စုစာရင်းရှိလည်းပေးရတယ် “လို့ဒေသခံတစ်ဦးကဆိုပါတယ်။
ရေးမြို့က အစင်စံပြကျေးရွာမှာ စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၃၀ရက်ညမှ စတင်ပြီး ဧည့်စာရင်းစစ်ပိုက်ဆံတောင်းတာဖြစ်တယ်လို့ သိရပါတယ်။
မွန်ပြည်နယ် ရေးမြို့အစင်စံပြကျေးရွာက သတင်းပေးတစ်ဦး အသတ်ခံရပြီးနောက်ပိုင်းစစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်လာပြီး ဧည့်စာရင်းတွေစစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

