ပုံစာ- ပြင်ဦးလွင်မြို့တွင် ဖေဖော်ဝါရီ ၉ရက်နေ့က ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင် လူထုဆန္ဒပြပွဲ
ဓာတ်ပုံ- ပေးပို့
ရန်ကုန် -၂၀၂၀ ဖေဖော်ဝါရီ ၁၆ (မော်ကွန်း)
ပြင်ဦးလွင် မြို့မှာ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးလူထုဆန္ဒပြမှုများကို ဦးဆောင်သူလေးဦးကို အိုးဘိုးထောင်တွင် ဖမ်းဆီထားတယ်လို့ ဆန္ဒပြပွဲများတွင် ဦးဆောင်သူအဖြစ်ပါဝင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“နောက်ဆုံးကြားရတာကတော့ သူတို့ကို သဘာဝဘေးအန္တရာယ်နဲ့ ဆိုင်တဲ့ ပုဒ်မနဲ့ စွဲထားတယ်”လို့ သူက ပြောပါတယ်။
ပြင်ဦးလွင်မြို့မှာ အာဏာရှင်စနစ်ဖျက်သိမ်းရေး လူထုဆန္ဒပြပွဲကို ဦးဆောင်သူ ၁၅ ဦးခန့်ကို ဖေဖော်ဝါရီ ၁၀ ရက်ညပိုင်းက ဖမ်းဆီးသွားခဲ့တာပဲဖြစ်ပါတယ်။ အချို့ကိုလွှတ်ပေးလိုက်ပြီး လက်ရှိမှာလေးဦးကို ဖမ်းဆီးထားဆဲဖြစ်ပါတယ်။
ပြန်လည်လွှတ်ပေးလိုက်သူတွေကိုဝောာ့ ဆူပူမှုမပြုလုပ်ရန်၊ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့အရာမျိုးမလုပ်ရန်၊ ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့ အညီလုပ်ဆောင်ရန် စတဲ့အချက်တွေကို ခံဝန်ထိုးခိုင်းခဲ့တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး မော်ကွန်းက ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်ခဲ့ရာ “ဒါက ရုံးဌာနစိပ်ပါ၊ ဖမ်းဆီးချူပ်နှောင်ထားတဲ့နေရာမဟုတ်ပါဘူး၊ ဒီကိစ္စကို မသိဘူး”လို့ ပြောပါတယ်။
#Dailynews

