အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၃ (မော်ကွန်း)
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင် အသက် ၉၁ နှစ်သည် ယနေ့မွန်းလွဲ ၃:၂၅ အချိန်တွင် ကွယ်လွန်ခဲ့သည်။
၎င်းသည် စက်တင်ဘာ ၂၉ ရက်တွင် နေမကောင်းသည့်အတွက် မင်္ဂလာဒုံ ကုတင် ၁ဝဝဝ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပြီး နှာခေါင်းနှင့် အာခေါင်တို့ဖတ်ယူ၍ စစ်ဆေးခဲ့ရာ ၎င်းနှင့် သမီးဖြစ်သူတွင် COVID – 19 လူနာအဖြစ် အောက်တိုဘာ ၂ ရက်တွင်အတည်ပြုခဲ့သည်။
၎င်းသမီးဖြစ်သူက “လွန်ခဲ့တဲ့တစ်ပတ်လောက်က ဖေဖေ Nagative ပြန်ပြပါတယ်။ အဲဒီကနေ အခု အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်တာနဲ့ ခွဲစိပ်လိုက်ပါရတယ်။ ဒီနေ့ဆုံးပါတယ်။ အခု ခုတင် ၁၀၀၀ မှာပဲ ရှိပါသေးတယ်” ဟု ပြောသည်။
COVID -19 ရောဂါပြန်လည်သက်သာလာပြီး တပ်မတော်စစ်ဆေးရုံမှ ပြန်လည်ဆင်းရန် တစ်ရက်အလိုတွင် အစာအိမ်အူလမ်းကြောင်း အရေးပေါ်ခွဲစိတ်ခဲ့ရပြီး ယခုလိုဆုံးပါးသွားခြင်းဖြစ်သည်။
ပုံစာ – ဟံသာ၀တီဦးအုန်းကြိုင်
ဓါတ်ပုံ – ဇေယျာလှိုင်
#Dailynews

