ရန်ကုန်တိုင်းအတွင်း မြို့နယ်ခုနစ်ခုတွင် Stay at Home နေထိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်တွင် ညွှန်ကြားပြီးနောက် ယနေ့နံနက်ပိုင်းတွင် ပုဇွန်တောင်မြို့နယ်အတွင်း ၄၉ လမ်း၊ လမ်း ၅၀ နှင့် ၅၁ လမ်းတို့အား အသွားအလာ ကန့်သတ်မှုများကို စတင်ပြုလုပ်လျက်ရှိသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ထုတ်ပြန်သည့်စာရင်းတွင် ပုဇွန်တောင်မြို့နယ်၌ Covid-19 ပိုး တွေ့ရှိအတည်ပြုလူနာ ခြောက်ဦး ရှိသည်။


#Dailynews

