မုန်တိုင်းနောက်တစ်ကြိမ် ဝင်ခဲ့လျှင် အပိုင်း(၂)

မုန်တိုင်းနောက်တစ်ကြိမ် ဝင်ခဲ့လျှင် အပိုင်း(၂)

ဇွန်လိုင်၊-၂၀၁၃ ၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ဝင်းဇော်လတ်၊ ခင်မောင်မြင့် နှင့် နှင်းကို ရေးသည်။

ဘယ်ကို ပြေးရမလဲ

နာဂစ်တုန်းက မသေမပျောက် ကျန်ခဲ့သည့် ဒေါ်ဌေးမြင့်က အနီးအနား ကျေးရွာများမှ ဘဝတူ ဒေသခံများ အတွက် မုန်တိုင်းဒဏ်ခံအဆောက်အအုံ များ ရရှိရေးကို မျှော်လင့်လျက်ရှိသည်။ အထူးသဖြင့် ရွာနှင့်အဝေးရှိ ကွင်းပြင် များတွင် နေထိုင်သူများအတွက်ဖြစ် သည်။ အရေးကြုံလျှင် လယ်ကွင်းပြင် များကို ဖြတ်ပြေးရန်မှာလည်း မလွယ်ကူ။မြစ်ကူး၊ ချောင်းကူးရန်လည်း စက်လှေ မရှိသူများအတွက် ပို၍ စိုးရိမ်နေသည်။

နာဂစ်မုန်တိုင်းနှင့် ကြုံပြီးကတည်း က မိုးဦးကျချိန်များတွင် အရေးကြီးသည့် ပစ္စည်းအနည်းငယ်နှင့် အဝတ်အစားအချို့ ကို အဆင်သင့်ထုပ်ပိုးထားလေ့ရှိသည့် သူ့အတွက်ကတော့ ရွာရှိ မုန်တိုင်းဒဏ်ခံ အဆောက်အအုံက လုံခြုံမှုပေးနိုင်သည် ဟု ယုံကြည်လျက်ရှိသည်။

နာဂစ်ဖြစ်ပွားစဉ် အိမ်ခြေတစ် ထောင်ခန့်ရှိ ကျေးရွာအုပ်စုတစ်စုလုံး ပျက်စီးသွားသည့် ဒေးဒရဲမြို့နယ်ရှိ ကျုံ ဓမင်းကျေးရွာမှ ဒေသခံများကတော့ မုန် တိုင်းဖြစ်လျှင် ခိုလှုံစရာအဆောက်အအုံ အနီးအနားတွင် မရှိသည့်အတွက် ပူပန်မှု များ ရှိနေသည်။

နာဂစ်မုန်တိုင်းတိုက်စဉ် ညနေခင်း က မိမိနှစ်သက်သည့် ငါးခူစဉ်းကောဟင်း နှင့် ညစာစားရန် လက်လွတ်ခဲ့ရသော အသက် ၅ဝ ကျော် အရွယ် လက်သမား ဆရာ ဦးဝင်းမောင်ကမူ အကယ်၍ နောက်တစ်ကြိမ်သာ အင်အားပြင်းထန် မည့် မုန်တိုင်းများ တိုက်လာခဲ့သော် ပြေး စရာမြေကို စဉ်းစားမရဘဲ ရှိနေသည်။

သူ့ရွာမှ ဒေးဒရဲသို့ ပြေးလျှင် ၁၆ မိုင်ခန့် ဝေးသည်။ အနီးဆုံးဆိုလျှင် ဖျာပုံ သို့ ပြေးသည်က ပို၍ အဆင်ပြေမည်ဟု သူခန့် မှန်းနေသည်။ သို့သော် အရေးကြုံ၍ ဖျာပုံသို့ ပြေးလျှင်ပင် မြို့ပေါ်ရှိ  အိမ်များက မိမိတို့ကို လက်ခံမည်လား စိုးရိမ်ရ ပြန်သည်။

”တစ်ခုဖြစ်ရင် ကိုယ်က ပြေးမယ်။ ဟိုရွာက ပြေး၊ ဒီရွာက ပြေးနဲ့ဆိုတော့ မုန် တိုင်းဒဏ်ခံအဆောက်အအုံရှိတဲ့နေရာ တွေက ကိုယ့်မှ အဝင်ခံပါ့မလား။ လမ်းရိုး မှာပဲ မတ်တတ်ရပ်နေရမလား။ ဟို(ဖျာပုံ) တံတားကြီးပေါ်မှာပဲ ဝမ်းလျားမှောက် နေရမလား၊ အဲဒါပဲ စဉ်းစားနေရတာပဲ”ဟု ဦးဝင်းမောင်က ပြောသည်။

မြစ်ဝကျွန်းပေါ်တွင် နောက်တစ် ကြိမ် မုန်တိုင်းဖြစ်ပွားခဲ့လျှင် ဧရာဝတီ တိုင်း ဒေသကြီးရှိ သက်ဆိုင်ရာဒေသနှင့် အဆင့်လိုက် ဖွဲ့စည်းထားသည့် သဘာဝ ဘေးအန္တရယ်ကြိုတင်ကာကွယ်ရေး စီမံ ခန့်ခွဲမှုကော်မတီများက မုန်တိုင်းဒဏ်ခံ အဆောက်အအုံအနီးဝန်းကျင် ကျေးရွာ များမှ ဒေသခံများ ပြောင်းရွှေ့ရ လွယ်ကူ ရန် စီစဉ်ထားရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ ဒုတိယ òန်ကြားရေးမှူး ဦးသန်းစိုးက ပြောသည်။

UN Habitat အဖွဲ့မှ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူ မစ္စတာ မူရူဂတ်ဆင်ကမူ ပြည်သူလူထု အနေဖြင့်လည်း လွန်ခဲ့သည့် ငါးနှစ်ကနှင့် နှိုင်းယှဉ်လျှင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် သတိရှိမှုများ တိုးတက် လာသည်ဟု ဆိုသည်။

မုန်တိုင်းများသည် ရုတ်တရက်ချက် ချင်းဝင်လေ့မရှိဘဲ အချိန်ယူလေ့ရှိသဖြင့်  ဘေးလွတ်ရာသို့ ပြေးနိုင်ရန်နှင့် ရှောင် တိမ်းနိုင်ရန် အချိန်ရကြောင်း မိုးလေဝသ နှင့် ဇလဗေဒဦးစီဌာနမှ òန်ကြားရေးမှူး ချုပ် ဒေါက်တာဟရင်နသီရမ်က ဆိုသည်။ လုံလောက်သည့် ကြိုတင်ကာကွယ်မှုများ ကြောင့် နာဂစ်ကဲ့သို့ မုန်တိုင်းမျိုး နောက် တစ်ကြိမ်ဖြစ်ပွားခဲ့လျှင် ယခင်က ပျက်စီး ဆုံးရှုံးမှုမျိုးတော့ ရှိနိုင်မည်မဟုတ်ဟု ယုံ ကြည်ကြောင်း သူက ဆက်လက် ပြောသည်။

မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့ သည့် ဒေသခံများကလည်း မုန်တိုင်းနှင့် ပတ်သက်၍ အမြဲတမ်း ရေဒီယိုနားထောင် လေ့ရှိကြောင်း ပြောပြကြသည်။ သို့သော် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအား နည်း ရပ်ဝန်းဖြစ်ပေါ်နေပြီဟု ရေဒီယိုမှ သတင်းကြားသည်နှင့် စိုးရိမ်တကြီးနှင့် ကြောက်လန့်နေကြသူများလည်း မြစ်ဝ ကျွန်းပေါ်ရှိ ကျေးရွာများတွင် အများ  အပြား ရှိနေသည်ဟုဒေသခံတို့က ဆို ပါသည်။

ကျုံဓမင်းရွာမှ ဦးဝင်းမောင်က ”ရေဒီယိုကတော့ ဘယ်ကိုရွေ့မယ်။ တောင်ရွေ့ မယ်၊ မြောက်ရွေ့မယ် စသဖြင့် တိတိကျကျ ကြေညာတာပါပဲ။ ဒါပေမဲ့ အချို့က မြောက်က ဘယ်မှာမှန်းမသိဘူး။ ဘင်္ဂလားပယ်လယ်အော် ဘယ်မှာမှန်း မသိဘဲ စွတ်ကြောက်တဲ့သူတွေကလည်း အများကြီးပဲ”ဟု ပြောပြသည်။

မိုးလေဝသပညာရှင် ဦးထွန်းလွင် ကမူ လုံခြုံစိတ်ချရသည့် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အနေ အထားများသို့ မရောက်ရှိသေးကြောင်း ထောက်ပြပါသည်။ အက်ဖ်အမ်(FM)ရေဒီယိုနှင့် တီဗီရုပ်သံလိုင်းများက မိုးလေ ဝသသတင်းများကို ယခင်ထက် အကြိမ် ရေများစွာ ထုတ်လွှင့်ပေးသော်လည်း တောနေလူတန်းစားအားလုံးကို ကိုယ် စားပြုသည့် ဆက်သွယ်ရေးစနစ်များ မဟုတ်ကြောင်းနှင့် တောနေလူတန်းစား အတွက် သီးသန့်စဉ်းစားပေးရန် လိုအပ် သည်ဟုလည်း ဦးထွန်းလွင်က မြင်သည်။

”ကြိုတင်သတိပေးချက်က နိုင်ငံ တကာအဆင့်ကို မရောက်သေးပါဘူး။ ဆက်သွယ်ရေးစနစ်တွေ အားနည်းနေဆဲ။ လူထုဆီကို ရောက်အောင်ပို့တဲ့စနစ်တွေ အားနည်းနေဆဲပါပဲ”ဟု သူကပြောသည်။

ဒီရေတောတွေ များများလို

သဘာဝဘေးအန္တရာယ်များကို ကာကွယ်ရန်မှာ မြစ်ဝကျွန်းပေါ်တွင် မုန်တိုင်းဒဏ်ခံအဆောက်အအုံများတင်မက ဒီရေတောများလည်း လိုအပ်ပါသည်။ အမှန်တကယ်လည်း ဒီရေတောများ ကြောင့် နာဂစ်ဖြစ်ပွားစဉ်က အသက်ရှင် ကျန်ရစ်ခဲ့သူတွေ အများကြီးရှိခဲ့သည်။

နာဂစ်မုန်တိုင်းကြောင့် မြစ်ဝကျွန်း ပေါ်ဒေသရှိ သစ်ပင်၊ တောအုပ်များ ၈ဝ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ သစ် တောမရှိလျှင် မုန်တိုင်းများ အချိန်မရွေး ဝင်လာနိုင်သည်။ နောက်ထပ် နာဂစ်မုန် တိုင်းကဲ့သို့သော သဘာဝဘေးအ္တနရာယ် များ ထပ်မံမဖြစ်ပွားရန်မှာမူ ပျက်စီးဆုံးရှုံး သွားသည့် သစ်တောများကို အချိန်မီ ပြန် လည်အစားထိုးနိုင်မှ ဖြစ်မည်ဟု သစ် တောပညာရှင် ဦးအုန်းက ဆိုသည်။

”သဘာဝဘေးတွေ ဖြစ်မယ်ဆိုရင် လူတွေအသေနည်းဖို့အတွက် တောတွေ ထောင်ထားရမယ်။ သစ်ပင်တွေရှိရင် အမှီ အခို အကိုင်အတွယ်ဖြစ်တာပေါ့”ဟု သူ က ဆက်ပြောသည်။

လက်ရှိတွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံမရှိသည့် ကျေးရွာများ၌ အချို့သူများက သစ်ပင်များကိုသာ အား ကိုးလျက်ရှိသည်။ သို့သော် ဒီရေတောများ လုံလောက်အောင် စိုက်ပျိုးခြင်းများကို မတွေ့ရကြောင်း မော်ကွန်းက မေးမြန်းခဲ့ သည့် မိန်းမလှကျွန်းတစ်ဝိုက် ကျေးရွာ များမှ ဒေသခံတို့က ပြောပြကြသည်။

မခိုင်ခံ့သည့် စာသင်ကျောင်း၊ ဘုန်း ကြီးကျောင်းများတွင် ခိုလှုံရမည်ကို စိုးရိမ် နေသော ပဒဲကောရွာသူ မသန်းသန်းအေး က မုန်တိုင်းဖြစ်လာလျှင် သစ်ပင်တွေရှိ သည့် တစ်ဖက်ကမ်းမှ မိန်းမလှကျွန်းဘက် သို့ ကူးပြေးမည်ဟု စိတ်ကူးထားသည်။ သို့ သော် ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ် လာလျှင် သစ်ပင်များက လုံလောက်သည့် အကာအကွယ်ရမည်မဟုတ်ဟု တွေးမိ သည့်အခါ မိမိတို့ရွာတွင် မုန်တိုင်းဒဏ်ခံအဆောက်အအုံတစ်လုံးကို လိုချင်မိသွား ပြန်သည်။

မသန်းသန်းအေး ဘေးတွင် အတူ ထိုင်နေသည့်  ကိုကျော်လွင်ကလည်း ယခု လို ဝင်ပြောသည်။

”လိုချင်တာက မုန်တိုင်းဒဏ်ခံ အဆောက်အအုံပေါ့။ ဒါပေမဲ့ ဖြစ်မလာ တာကြီးကို ကိုယ်က မျှော်လင့်နေလို့ ဖြစ်တာမှ မဟုတ်ဘဲ။ ဒီတော့ ကိုယ့် အတွက် အရေးအကြောင်းကြုံလာရင် တော့ သမဲ့ပင်ပဲ အားကိုးရဦးမှာပေါ့”

သဘာဝ ဘေးအ္တနရာယ်နှင့် ပတ် သက်၍ ပြည်သူလူထုအနေဖြင့် အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပြုလုပ်ပေး မည့် အစီအစဉ်များကို ထိုင်စောင့်နေ၍ မဖြစ်ဘဲ မိမိတို့ကိုယ်တိုင် အသိစိတ်ရှိရှိဖြင့် ပါဝင်လုပ်ဆောင်ရန် လိုအပ်ကြောင်း မစ္စတာမူရူဂက်ဆင်က ဆိုပါသည်။

သို့သော် သက်ဆိုင်ရာက ပြုလုပ် ပေးမှသာ ဒေသခံများ ရရှိနိုင်မည့် အကူ အညီများစွာလည်း ကျန်ရှိနေပါသေး သည်။ မော်ကွန်း၏ လေ့လာမှုများအရ ဒေသခံများအနေဖြင့် စိတ်ကြောင့်ကြမှု ကင်းစွာဖြင့် မိမိတို့အရပ်ဒေသတွင် နေ ထိုင်နိုင်ရန်အတွက် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ လိုအပ်သည်ဟု ဒေသခံတို့၏ အပြောကို ကြားခဲ့ရသည်။

နာဂစ်အပြီး ငါးနှစ်အတွင်း ကြီးမား သော သဘာဝဘေးအန္တရာယ်များနှင့် မကြုံခဲ့ရသေးသဖြင့်သာ ဒေသခံများ သက်သာရာ ရရှိနေခြင်းဖြစ်သည်။ ငါးနှစ် ကြာလာသည့်တိုင်အောင် သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ မြစ်ဝကျွန်းပေါ် တွင် စိတ်ချရသည့် အတိုင်းအတာအထိ မရောက်ရှိသေးကြောင်း မော်ကွန်းက မေးမြန်းခဲ့သည့် ပညာရှင်အချို့က ဆိုသည်။

ဤသတင်းဆောင်းပါးတွင် မြစ်ဝ ကျွန်းပေါ်ရှိ သဘာဝဘေး ကြိုတင်ကာ ကွယ်ရေးလိုအပ်ချက်များကို အားရဖွယ် မရှိသေးကြောင်း ထောက်ပြခဲ့သည့် ဦးထွန်းလွင်က အင်အားပြင်းထန်မည့် မုန်တိုင်းမျိုး မြစ်ဝကျွန်းပေါ်သို့ နောက်တစ် ကြိမ် ဝင်ခဲ့လျှင် စိုးရိမ်မှုရှိနေသေးသည်။

”နောက်တစ်ခါ နာဂစ်တော့ မဖြစ် ပါစေနဲ့လို့ပဲ ဆုတောင်းရမှာ။ ဖြစ်များဖြစ် ရင်တော့ ကျွန်တော်လည်း အာမ မခံနိုင်ဘူး”ဟု သူက ပြောသည်။

ဗိုလ်ကလေးမြစ်ကမ်းနဘေးမှ ဒေသခံတို့၏ ဘဝပုံရိပ်တစ်စိတ်တစ်ဒေသ

တစ်ပိုင်တစ်နိုင် ပြင်ဆင်

တစ်ပိုင်တစ်နိုင် ကြိုတင်ကာကွယ် မှုအနေဖြင့် ကျုံဓမင်းရွာမှ လက်သမား တစ်ဦးဖြစ်သည့် ဦးဝင်းမောင်ကတော့ သူ့အိမ်ကို ကြိုးများဖြင့် ခိုင်ခံ့အောင် တုပ်နှောင်ထားသည်။ မိုင် ၅ဝ ဝန်းကျင် ပြင်းအားရှိမည့် မုန်တိုင်းမျိုးလောက်တော့ ခံနိုင်ရည်ရှိမည်ဟု သူ့ဟာသူ ယုံကြည် လျက်ရှိသည်။ (မိုင်တစ်ရာကျော်လောက် ဆိုမှသာ နေအိမ်ကိုစွန့်ခွာမည်ဟုဆိုသည်။)

မုန်တိုင်းဒဏ်ခံအဆောက်အအုံမရှိ သည့် ဒေးဒရဲမြို့နယ်အတွင်းရှိ နောက် ပြန်တိုးကျေးရွာအုပ်စုမှ ဒေသခံများအနေ ဖြင့် နောက်တစ်ကြိမ် မုန်တိုင်းလာမည် ဆိုလျှင် လမ်းနှစ်သွယ်ပဲ စဉ်းစားသည်။ နီး စပ်ရာ ဖျာပုံသို့ ပြေးရမည့် လမ်းနှင့် သချုႋင်းသို့ သွားရမည့် လမ်းတို့ဖြစ်သည်။

”အခုတစ်ခေါက် နာဂစ်လိုမျိုးသာ ထပ်ဖြစ်ရင် သချုႋင်းမှာပဲ  နေရာယူထား တော့မယ်လို့ ရွာထဲက လူအချို့က ပြောနေကြတယ်”ဟု ကိုမောင်ခိုင်က ဆိုသည်။

ခိုလှုံစရာမရှိ၍ သေရမည့်အတူတူ သချုႋင်း မှာ အဆင်သင့်သွား၍ အသေခံလိုက်မည့် သဘောကို ဒေသခံများက တင်စား၍ ဆို လိုခြင်းဖြစ်သည်။

ခုနစ်မိုင်အဝေးတွင်ရှိသည့် သော ကြာကုန်း ကျေးရွာအုပ်စုရှိ မုန်တိုင်းဒဏ်ခံအဆောက်အအုံကိုတော့ နောက်ပြန် တိုးကျေးရွာအုပ်စုအတွင်းရှိ ရွာသားများ က အားမကိုးလိုကြပေ။ ထိုခုနစ်မိုင်ခရီးကို ခြေကျင်လမ်းလျှောက်ရမည့် လမ်းတစ် လမ်းသာရှိပြီး သွားလျှင်လည်း အချိန် ကြန့်ကြာမှု ရှိမည်။

သွား၍ ရောက်သည့်တိုင်အောင် သောကြာကုန်းကျေးရွာတွင် ရှိမည့် အဆောက်အအုံက နောက်ပြန်တိုးမှ ရွာ သားတစ်ထောင်ကျော်အတွက် နေရာ လွတ်ရှိမည်မဟုတ်ဟု နောက်ပြန်တိုး ကျေးရွာမှ ရွာသားအများစုက လက်ခံ ထားသည်။

မုန်တိုင်းဒဏ်ခံအဆောက်အအုံရှိသည့် သောကြာကုန်းသို့ သွားရမည့် အချိန်နှင့် ဖျာပုံမှ ရန်ကုန်သို့ သွားလျှင် ကြာမြင့်သည့်အချိန်မှာ မကွာလှပါ။ ထို့ ကြောင့် ကိုမောင်ခိုင်က ဤသို့ စိတ်ပိုင်း ဖြတ်ထားသည်။

”သောကြာကုန်းကို သွားမယ့် အစား ရန်ကုန်ပဲ ရောက်အောင် ပြေး တော့မယ် ဗျို့” ။      ။ အပိုင်း(၁)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."