မြန်မာ့အိမ်နီးချင်းများသို့ အလည်တစ်ခေါက်

မြန်မာ့အိမ်နီးချင်းများသို့ အလည်တစ်ခေါက်

ကျော်ဇေယျာထွန်း ရေးသည်။

စာရေးဆရာကြီး သိန်းဖေမြင့်နှင့် ဇဝနတို့ ဂျပန်သို့သွားမည် ဆိုသောအခါ မိတ်ဆွေများက သူတို့နှစ်ဦးအား ရာဇဝင်ကြွေးဆပ်ခဲ့ဖို့ကို မှာကြသည်ဟု ဆရာသိန်းဖေမြင့်ရေးသားသည့် “ချစ်ကြည်ရေးခရီးသည်” ဆိုသည့် စာအုပ်အစပိုင်းတွင် ဖော်ပြထားသည်။ ယင်းသို့အမှာ ခံရပါက အမှာခံရသူရော၊ မှာသူရော အတွေးကိုယ်စီနှင့် ပြုံးရယ်ကြသည်ဟုဆိုသည်။

ယခု ကျွန်တော်မှာ ထိုင်းနှင့် လာအိုသို့ သွားမည်ဆိုသော အခါ လုပ်ဖော်ကိုင်ဖက်များက သွေးဆေပ်ခဲ့ဖို့ကို မှာကြားကြ သည်။ ထိုအခါ မှာသူရော အမှာခံရသူပါ ‘တဟဲ ဟဲ ဟဲ’နှင့် ရယ်ကြသည်။ နတ်လမ်းòန်လုပ်သူကလည်း ရှိသေးသည်။ ပြီး လျှင် ”သွေကြွေးဆပ်တာလည်း လူမှားနေဦးမယ်နော်”ဟု တစ် ဦးတစ်ယောက်က ဆိုလိုက်လျှင် ကျန်သူများက တဟားဟားဖြင့် ဝါးလုံးကွဲ ရယ်ကြလေတော့သည်။

ထိုင်းနှင့် လာအိုနိုင်ငံရှိ ခရီးသွားလုပ်ငန်းများကို လေ့လာ ရန် အာဆီယံသတင်းဆရာများအဖွဲ့ (Confederation of ASEAN Journalists – CAJ)က မြန်မာဂျာနယ်လစ်ကွန် ရက်(Myanmar Journalist Network-MJN) မှ အသင်းဝင် သတင်းထောက် နှစ်ဦးကို ဖိတ်ကြားခဲ့သည်။ ထို့ကြောင့် MJN

အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် မော်ကွန်းမဂ္ဂဇင်းမှ ကျွန်တော်နှင့် အသင်းဝင်တစ်ဦးဖြစ်သည့် ကောင်းကင်သစ်အွန်လိုင်း သတင်းဌာနမှ ကိုရန်နောင်စိုးတို့ သွားရောက်ခဲ့ကြသည်။

ကျွန်တော်တို့၏ ခရီးစဉ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နှစ်ရက်ခန့်လည်ပတ်ပြီး ထိုင်းနိုင်ငံ နယ်စပ်မြို့လေးတစ်ခုသို့ သွား ကြမည်။ ပြီးလျှင် ယင်းမြို့မှတစ်ဆင့် လာအိုနိုင်ငံသို့ ခရီးဆက်မည်ဖြစ်သည်။ လာအိုနိုင်ငံတွင် လေးငါးရက်ကြာနေပြီး နိုင်ငံ ခြား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ကြသည့် နေ ရာများသို့ သွားရောက် လေ့လာရမည်ဖြစ်သည်။ ခရီးစဉ်က စုစု ပေါင်း ၁ဝ ရက်ကြာမည် ဖြစ်သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ မကြာခဏ ရောက်ဖူးနေခြင်း ကြောင့် ဘန်ကောက်မြို့တွင် လည်ပတ်ရမည့်အစီအစဉ်ကို စိတ်ထဲပြင်းပြင်းပြပြမဖြစ်သော်လည်း တစ်ကြိမ်တစ်ခါမျှ မရောက်ဖူး သေးသည့် လာအိုနိုင်ငံသို့ လည်ပတ်ရမည့် အရေးကိုတော့ စိတ်လှုပ်ရှားနေမိသည်။

လာအိုနိုင်ငံသည်  မြန်မာနိုင်ငံနှင့် နယ်မြေချင်းထိစပ်နေသည့်  အိမ်နီးချင်းဖြစ်သည်။ ယဉ်ကျေးမှုချင်း တူညီ၏။ သူတို့ နိုင်ငံ၏ နိုင်ငံသားတွေက မည်သူတွေနှင့်တူမည်နည်း၊ သူတို့တွေ ဘယ်လိုနေထိုင်ကြသနည်း၊ သူတို့နိုင်ငံ၏ လည်ပတ်စရာများက ဘာတွေများဖြစ်မည်နည်း၊ ထွေထွေထူးထူး လည်ပတ်စရာရော ရှိပါ့မလားစသဖြင့် ကျွန်တော့်မှာ လာအိုသို့ လူမရောက်ခင် စိတ်က ရောက်နှင့်နေမိသည်။

အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ကြ    Photo – Kyaw Zay Yar Htun

 

ခရီးအစ

ဇွန်လ ၁၇ ရက် မနက် ရှစ်နာရီခွဲတွင် ကျွန်တော်တို့နှစ်ယောက်သည် ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှ ထွက်ခဲ့ကြသည်။ လေကြောင်းလိုင်းမှာ ဈေးနှုန်းသက်သာသည့် Air Asia ဖြစ်သည်။ လေယာဉ်ပေါ်တွင် ဘာမှ မကျွေး။ သို့သော် ကျွန်တော်တို့ နှစ်ဦး အတွက်က လေယာဉ်လက်မှတ်တွင် ထမင်းစားဖို့ ပါသဖြင့် လေ ယာဉ်မယ်လေးများက ထမင်းဘူးများ လာပေးသည်။ သို့မဟုတ် ပါက စားချင်၊ သောက်ချင်လျှင် ဝယ်ယူစားသောက်ရမည်သာ ဖြစ်သည်။

လေယာဉ်မောင်းချိန်မှာ တစ်နာရီဝန်းကျင်ခန့်သာ ကြာ သည်။ ထိုင်းနိုင်ငံ၏ စံတော်ချိန်သည် မြန်မာနိုင်ငံ၏ စံတော် ချိန်ထက် မိနစ် ၃ဝ ခန့်စောသည်။ ထို့ကြောင့် ဒွန်မောင်းလေဆိပ် သို့ရောက်သည့်အခါ ဒေသစံတော်ချိန် မနက် ၁ဝ နာရီကျော်ခန့် ရှိပြီဖြစ်၏။

ကျွန်တော်တို့ကို လေဆိပ်ရှိ ခရီးသွားဧည့်လမ်းညွှန်အမျိုးသားဝန်ထမ်းနှစ်ဦးက အသင့်လာရောက် စောင့်ကြိုနေကြသည်။ သူတို့နှစ်ဦးသည် ကျွန်တော်တို့၏ ခရီးဆောင်အိတ်များ သွား ရောက်ထုတ်ယူရသည့်နေရာအထိ လိုက်လံစောင့်ရှောက်ပေး ကြသည်။ ပြီးလျှင် ခရီးစဉ်ကို တာဝန်ယူထားသည့် ထိုင်းနိုင်ငံ သတင်းဆရာများအဖွဲ့မှ Sumonchaya Chuengcharoensil (Prang) ဆိုသည့် အမျိုးသမီးထံ ပို့ပေးကြသည်။

ကျွန်တော်တို့နှစ်ယောက် ခရီးစဉ်လိုက်ပါနိုင်ရေးအတွက် အီးမေးလ်မှတစ်ဆင့် အပြန်အလှန် စာပို့ဆက်သွယ်ခဲ့သူပင်ဖြစ် သည်။ Prang မှာ အသားဖြူဖြူ၊ မျက်နှာပြည့်ပြည့်၊ ကိုယ်လုံးပြားပြားနှင့်။ ခန္ဓာကိုယ်က မသိမသာလေး ကိုင်းနေသည်။ သူ့ကိုယ်သူ မိတ်ဆက်ပြီးသည့်အခါ ကျွန်တော်တို့ထက် အရင်စောကာ ရောက်နေသော ကမ္ဘောဒီးယားနိုင်ငံမှ သတင်းသမားနှစ်ဦးနှင့် မိတ်ဆက်ပေးသည်။ ကျွန်တော်တို့ထက် ငယ်ရွယ်သည့် အမျိုး သမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးဖြစ်သည်။

ပြီးလျှင် ကျွန်တော်တို့သည် ခရီးစဉ်ကို စီစဉ်ပေးသည့် CAJ တံဆိပ်ပါ ဆိုင်းဘုတ်များကိုင်၍ အထက်ပါ သတင်းသမား နှစ်ဦးနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် Prang က ကျွန်တော်တို့ လေးဦးကို တည်းခိုမည့် ဟိုတယ်သို့ ခေါ် ဆောင်သွားသည်။

တည်းခိုရမည့်ဟိုတယ်မှာ မြန်မာများ ထိုင်းနိုင်ငံ ဘန် ကောက်သို့ရောက်လျှင် ဈေးဝယ်လေ့ရှိသည့် MBK ရှော့ပင်း စင်တာကြီးအနီးရှိ Asia ဟိုတယ်ပင်ဖြစ်သည်။ ဟိုတယ်ထဲသို့ ဝင်သွားသည့်အခါ ဈေးဝယ်စင်တာကြီးတစ်ခုထဲသို့ ရောက် သွားသလို ဧည့်သည်များက ကြိတ်ကြိတ်တိုးနေသည်။ ထိုင်းနိုင်ငံသည် ယခုလို ခရီးသွားရာသီ မဟုတ်သည့်တိုင် ခရီးသွားများနှင့် စည်ကားနေဆဲပင်။

ဟိုတယ်၏ ဧည့်ကြိုကောင်တာတွင် လူများ ကြိတ်ကြိတ် တိုးနေသဖြင့် ကျွန်တော်တို့သည် ခရီးဆောင်အိတ်များကို တစ် နေရာတွင်ထားကာ ထမင်းစားလက်မှတ်ယူပြီး ဟိုတယ်က ကျွေးသည့် နေ့လယ်စာ ဘူဖေးကို သွားစားကြသည်။ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ကွေ့တယို ၊ ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ဆူရှီ၊ ရာသီပေါ် အသီးအနှံများနှင့် ကော်ဖီ၊ အအေးစသည်တို့ကို ချပေး ထားသည်။  ယင်းစားသောက်သည့်နေရာတွင်လည်း ဧည့်သည် က အပြည့်ဖြစ်သည်။

ထိုဧည့်သည်များထဲတွင် မြန်မာစကားပြောနေသူများကို လည်း တွေ့ရသည်။ ထိုအခါမှ ဟိုတယ်လော်ဘီထဲရှိ လူအုပ်ကြီးကို သေချာကြည့်မိသည်။ မြန်မာလူမျိုးတော်တော်များများကို တွေ့ ရသည်။ တချို့အမျိုးသမီးများဆိုလျှင် လုံချည်ဝမ်းဆက်များ ကိုပင် ဝတ်ထားကြသည်။ မိုးရာသီသည် စရိတ်ချွေတာချင်သူ များအတွက် ခရီးထွက်ဖို့ အကောင်းဆုံးအချိန်ပင်ဖြစ်သည်။

စားသောက်ပြီး နာရီဝက်ခန့်ကြာသည့်အခါ လူအုပ်ကြီး ပျောက်သွားသလို ကျွန်တော်တို့နေရမည့် ဟိုတယ်အခန်းသော့ ကို Prang က လာပေးသည်။ နေ့လယ်ပိုင်းတွင် ကျွန်တော်တို့ နှစ်ယောက် MBK  ရှော့ပင်းစင်တာသို့ ထွက်ခဲ့ကြသည်။ ဘန် ကောက်သို့ရောက်တိုင်း မပျက်မကွက် သွားရသည့် နေရာ ဖြစ်သည်။ အဝတ်အစား၊ ဒစ်ဂျစ်တယ်နှင့် အီလက်ထရောနစ် ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ကလေးကစားစရာပစ္စည်းများ၊ ဆေးမျိုးစုံနှင့် အစားအသောက်မျိုးစုံကို တစ်နေရာတည်းမှာ ရနိုင်သည့်နေရာဖြစ်သည်။ ရုပ်ရှင်ကြည့်မည်ဆိုပါကလည်း ရုပ်ရှင်ရုံများ ရှိသည်။ ဈေးနှုန်းများကလည်း သင့်တင့်သည်။

ထို့ပြင် ဤရှော့ပင်းစင်တာတွင် ဈေးရောင်းနေကြသူများ၊ ဆိုင်ပိုင်ရှင်များတွင် မြန်မာလူမျိုးများလည်းရှိသည်။ တစ်ခါ တလေ ဆိုင်ရှေ့က ဖြတ်သွားလျှင် ”အစ်ကို ဘာရှာလဲ မေး ကြည့်လေ”ဟု မေးတတ်ကြသည်။ ကျွန်တော်တို့မှာ မည်သို့ပင် ဝတ်စားထားသည်ဖြစ်စေ မြန်မာတွေဆိုတာကို သူတို့က အလွယ် တကူသိကြသည်။

ထိုင်းလူမျိုးရောင်းသည့်ဆိုင်တွင် ဈေးဝယ်သည့်အခါ၌ပင် ဆိုင်ရှင်က ကျွန်တော်တို့ကို ကြည့်ပြီး ”ကောင်းတယ်၊ ယူ ယူ” ဟု မြန်မာလို တစ်ခွန်းစ၊ နှစ်ခွန်းစဆိုတတ်သည်။ ကိုရန်နောင်စိုး က ကင်မရာအကြောင်းကို မေးရာ ဆိုင်ရှင်က ”ခဏလေးစောင့်၊ ငါ့မှာ မြန်မာမိတ်ဆွေရှိတယ်”ဟု အင်္ဂလိပ်လိုပြောကာ သူ့မိတ် ဆွေ မြန်မာတစ်ယောက်ဆီ ဖုန်းဆက်သည်။ ပြီးလျှင် ယင်းမှ ပစ္စည်းအကြောင်း ရှင်းပြသည်။ ဈေးစကားပြောရသည်။

တချို့အထည်ဆိုင်မှ ဈေးရောင်းသူများဆိုလျှင် အချင်း ချင်း မြန်မာလိုပြောကာ စနောက်နေကြသည်ကိုပင် တွေ့ရသည်။ ထို့ကြောင့် ထိုင်းသို့ရောက်လျှင် တခြားနိုင်ငံသို့ ရောက်နေ သည်ဟုပင် မခံစားရဘဲ ကိုယ့်ပြည်တွင်းထဲ၌ပင် ဈေးဝယ်နေရ သလိုပင်။

ယင်းနေ့ညနေပိုင်းတွင် ဟိုတယ်ရှိ အခန်းတစ်ခု၌ ညစာ စားရင်း ခရီးစဉ်တွင် လိုက်ပါမည့် အာဆီယံနိုင်ငံအသီးသီးမှ သတင်းထောက်များနှင့်ခရီးစဉ်ကို စီစဉ်ကြသည့် ထိုင်းနှင့် လာအို နိုင်ငံမှ သတင်းစာဆရာများသည် တစ်ဦးချင်း အပြန်အလှန် မိတ် ဆက်ကြသည်။ အာဆီယံနိုင်ငံအပြင် တရုတ်နိုင်ငံမှ သတင်း ထောက် နှစ်ယောက်လည်း ပါသေးသည်။ သူတို့နှစ်ယောက်မှာ  နောက်ရက်မှ ရောက်မည်ဖြစ်ကြောင်း ခရီးစဉ် စီစဉ်သူများက ဆိုသည်။

ခရီးစဉ်အစီအစဉ် အသေးစိတ်စာရွက်နှင့် ကျွန်တော်တို့ အတွက် ချုပ်ထားသည့် အင်္ကျီတစ်ထည်ကို လက်ဆောင်ပေး သည်။ ယင်းအင်္ကျီမှာ ခရီးစဉ် မလာခင်ကတည်းက ကိုယ်ဝတ် သည့် အင်္ကျီအရွယ်အစားကို ကြိုတင်မေးကာ ချုပ်ထားသည့် အင်္ကျီဖြစ်သည်။

လေယာဉ်ပေါ်တွင် ထမင်းစားနိုင်ရန် စီစဉ်ပေးထားခြင်း၊ လေဆိပ်တွင် လေယာဉ်မှ ထွက်လာသည့် အပေါက်ဝအထိ လာ ရောက်ကြိုဆိုနေခြင်း၊ ယခုလို ကိုယ်နှင့်တော်မည့် အင်္ကျီအရွယ် အစားကို ကြိုတင်ချုပ်ပေးထားခြင်းတို့ကို ကြည့်ခြင်းဖြင့် ထိုင်း သတင်းစာဆရာများသည် ယခုခရီးစဉ်ကို အလေးထားကာ စနစ် တကျ အသေးစိတ် စီစဉ်ထားခြင်းဖြစ်သည်ဟု တွေးနေမိသည်။

 

ခရီးစဉ် ဖွင့်ပွဲအခမ်းအနား

နောက်တစ်ရက် နံနက် ၁ဝ နာရီတွင် ကျွန်တော်တို့၏ ခရီးစဉ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပကြသည်။ အာရှဟိုတယ်၏ ခန်းမကျယ်ကြီးတစ်ခုတွင်ဖြစ်သည်။ ကျွန်တော်တို့ ထိုင်ရမည့် ထိုင်ခုံတွင် သက်ဆိုင်ရာ နိုင်ငံများအလိုက် အလံများ ထောင်ပေး ထားသည်။ ဖွင့်ပွဲအခမ်းအနားလုပ်ဦးမည်ဟု ဏမညေါ က ပြော သည့်အခါ ကျွန်တော့်စိတ်ထဲ သူတို့သတင်းသမားများအဖွဲ့မှ လူကြီးများ စကားပြောရုံသက်သက်လောက်ဟု ထင်ထားမိခဲ့သည်။

သို့သော် ယခုမှာ ထိုသို့မဟုတ်၊ ခမ်းခမ်းနားနားလုပ်သည်။ ထိုင်းနိုင်ငံမှ ခရီးသွားနှင့် အားကစားဝန်ကြီး တက်ရောက်သည်။ CAJ နှင့် CTJ(Confederation of Thai Journalist) မှ ဥက္ကဋ္ဌများနှင့် ဝန်ကြီးတို့က အဖွင့်အမှာစကား ပြောကြသည်။ ရိုး ရာအကများနှင့် ဖျော်ဖြေကြသည်။ အာဆီယံနိုင်ငံများအလိုက် အလံများကိုင်ဆောင်ကာ ကလေးမလေးများက ကပြဖျော်ဖြေ သည်။ ပြီးလျှင် သက်ဆိုင်ရာ အာဆီယံနိုင်ငံများ၏ ဘာသာစကား အလိုက် ကလေးမလေးများက တစ်ဦးချင်း နှုတ်ဆက်စကား ဆိုကြသည်။

ယခုနှစ်သည် ထိုင်းနိုင်ငံအတွက်Amazing Thailand Tourism Year ဖြစ်သည်။ အလားတူ လာအိုနိုင်ငံအတွက်လည်း Visit Laos Year ဖြစ်သည်။ ထို့ကြောင့် ယင်းနှစ်နိုင်ငံ၏ အစိုးရ များက ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ မီဒီယာက အရေးကြီးသည် ဆိုတာကို ကောင်းကောင်းသိသည်။ သို့ဖြစ်၍ သူတို့နိုင်ငံရှိ မီဒီ ယာအသင်းအဖွဲ့များကိုခေါ်ကာ ယခုခရီးစဉ်ကို စီစဉ်ဖို့ တာဝန် ပေးအပ်လိုက်ခြင်းဖြစ်သည်။ ခရီးစဉ်အတွက် Air Asia Bangkok၊  Airways Bangkok ၊ Metropolian Administratiion Asia Hotel အစရှိသည့် စီးပွားရေးလုပ်ငန်းများက လည်း ဝိုင်းဝန်းကူညီပေးကြသည်။

ပြီးလျှင် CAJ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် က္ဘောဒီးယား နိုင်ငံများမှ သတင်းထောက်များကို ဖိတ်ခေါ်လိုက်သည်။ ထို့ပြင် အဖွဲ့ဝင်များမဟုတ်သည့် မြန်မာနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံမှ သတင်း ထောက်များကိုလည်း ဖိတ်ကြားခဲ့သည်။

မြန်မာနိုင်ငံမှ မြန်မာဂျာနယ်လစ်ကွန်ရက်(Myanmar Journalist Network) သည် CAJ အဖွဲ့သို့ မကြာခင် ဝင်ရောက် ရန် ပြင်ဆင်နေသည့် အဖွဲ့အစည်းအဖြစ် သူတို့က ဃဗဲ အသိ အမှတ်ပြုကြသည်။ အာဆီယံ၏ မိတ်ဖက်နိုင်ငံဖြစ်သော တရုတ် နိုင်ငံမှ သတင်းထောက်နှစ်ဦးလည်း ပါသည်။

ထို့ကြောင့် တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ က္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံများမှ သတင်းထောက် နှစ်ဦးစီ၊ မလေးရှားနိုင်ငံမှ တစ်ဦး စုစုပေါင်း သတင်းထောက် ၁၇ ဦးသည် ယခုခရီးစဉ်တွင် ပါဝင်ကြမည်ဖြစ်သည်။ ဘရူနိုင်းနိုင်ငံမှာ ဖိတ်ကြားထားသော်လည်း လာရောက်နိုင်ခြင်း မရှိသလို စင်ကာ ပူနိုင်ငံမှာ ဃဗဲ အဖွဲ့ဝင်ဖြစ်သော်လည်း ဖိတ်ကြားထားသည်ကို မတွေ့ရပေ။

ယခုလို ထိုင်းအစိုးရနှင့် ထိုင်းသတင်းမီဒီယာများကြား အပြန်အလှန် လေးစားသမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြတာ မြင် တော့ ကျွန်တော်တို့နိုင်ငံက အစိုးရ၏ သတင်းမီဒီယာအပေါ် ထားသော သဘောထားများကို သွားသတိရသည်။ အာဏာမရ ခင်အချိန်သာ သတင်းမီဒီယာများကို လှိုက်လှိုက်လဲှလှဲနှင့် လို လားသယောင်ဆက်ဆံတတ်သော်လည်း အာဏာရသွားသည့် အခါတွင် သတင်းသမားများကို လှည့်ပင် မကြည့်ချင်ကြ။ ဖုန်း ဆက်လျှင်ပင် ဖုန်းပိတ်ထားသည်။

တရားဝင် သတင်းထုတ်ပြန်ပေးရမည့် ပြန်ကြားရေးဌာန များသည်ပင် အလွယ်တကူ အချက်အလက်များ တောင်းခံ၍မရ။ သတင်းသမားများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည့်အသိရှိဖို့ကိုပင် မဆိုထားနှင့်၊ သတင်းသမားမြင်လျှင် ပြဿနာကောင် များသဖွယ် ရှုမြင်ကြသည်က များသည်။

ဖွင့်ပွဲအခမ်းအနားပြီးသည့်အခါ ဝန်ကြီးနှင့်အတူ ကျွန် တော်တို့အားလုံး စုပေါင်း ဓာတ်ပုံရိုက်ကြသည်။ ပြီးလျှင် တခြား သော ခန်းမကြီးတစ်ခုတွင် နေ့လယ်စာစားကြသည်။ ဝန်ကြီးဝိုင်း၊ လူကြီးဝိုင်းရယ်လို့ သီးသန့်မထား။ ဝန်ကြီးသည်လည်း ကျွန် တော်တို့လို တန်းစီကာ မိမိနှစ်သက်ရာ အစားအသောက်ကို ရွေး ယူပြီး အလျဉ်းသင့်သည့် ဝိုင်းတွင် ဝင်ထိုင်ရသည်။

စားသောက်ပြီး အင်တာဗျူးခံပြီးသည့်နောက်တွင် သူ့ ကိုယ်ရေးအရာရှိနှင့်အတူ ပြန်သွားလေသည်။ လက်ကလေး ရှေ့ ပစ်၊ ခါးလေးညွှတ်ကာ၊ ခေါင်းတညိတ်ညိတ် လုပ်နေကြသူများ၊ ကြောက်သလိုလို ရွံ့သလိုလို အနားမကပ်ရဲသလိုလို လုပ်နေကြ သူများကို မတွေ့ရ။ ဝန်ကြီးကလည်း ဘုရင်ကြီးတစ်ပါးလို မျက်နှာချီကာ ထောင်ထောင် ထောင်ထောင် လုပ်မနေ။ သည် ဝန်ကြီးအကြောင်းကို ယခုလို အသေးစိတ် ပြောနေရခြင်းမှာ ရှေ့ တွင် ပြောစရာရှိ၍ ဖြစ်၏။

ကျွန်တော်တို့သည် နေ့လယ်စာ စားသောက်ပြီးသည့် နောက် မွန်းလွဲ ၁ နာရီတွင် မြဘုရားရှိရာ ဘုရင့်နန်းတော်သို့ သွားခဲ့ကြသည်။ ကျွန်တော်တို့တည်းခိုသည့် ဟိုတယ်မှ မြဘုရား သို့ မိနစ် ၃ဝ ဝန်းကျင်ခန့်သာ ကားမောင်းလိုက်ရသည်။ ဘုရင့် နန်းတော်ဝင်းကြီး၏ အပြင်ဘက် အနီးတစ်ဝိုက်တွင် ခရီးသွား ဧည့်သည်များနှင့် စည်ကား၍ နေသည်။ ဧည့်သည်အများစုမှာ အာရှမှ ဖြစ်သည်။ မြန်မာနိုင်ငံမှ လာရောက်သည့် ဧည့်သည်များ ကိုလည်း အုပ်စုလိုက် တွေ့ရသေးသည်။

ကျွန်တော်သည် မြဘုရားသို့ ရောက်ဖူးသည်။ သို့သော် အတွင်းထဲသို့ ဝင်ရောက်ခဲ့ခြင်း မဟုတ်ဘဲ အပေါက်ဝမှ လှည့် ပြန်လာခဲ့ခြင်းဖြစ်သည်။

ကျောက်ဖယားမြစ်ဘေးရှိ Wat Chaiwattana Ram ရှေးဟောင်းဘုရားပျက်  Photo – Kyaw Zay Yar Htun

ဤနေရာတွင် ကျွန်တော်၏ ဘုရားဖူးခြင်း အယူအဆကို အနည်းငယ်မျှ ရှင်းလင်းလိုပါသည်။ ၁ဝ တန်းစာမေးပွဲ ဖြေပြီး သည့်နောက် ကျွန်တော်သည် တန်ခိုးကြီးသည်၊ ဆုတောင်းပြည့် သည်ဆိုသည့် စေတီအကြီးအငယ်၊ ဆင်းတုတော်မျိုးစုံကို လိုက် လံ ဖူးမြော်ဖူးသည်။ စာမေးပွဲအောင်ဖို့အတွက် လုပ်ခြင်းမဟုတ် ဘဲ အားလပ်ရက် ဘုရားဖူးထွက်ခြင်းသဘောသာ ဖြစ်သည်။

ရွှေအတိချထားသော စေတီကြီးများ၊ ဆင်းတုတော်ကြီး များကစလို့ ချုံကြိုချုံကြားက ရေညှိတက်ကာ နွယ်ဖုံးနေသည့် စေတီများပါမကျန် ရှာဖွေကာ ဖူးမြော်ခဲ့ခြင်းဖြစ်သည်။ သုံးရက် ခန့် ဆက်တိုက်ဖူးမြော်ပြီးသည့်နောက် စိတ်ထဲညည်းသလိုမျိုး ဖြစ်သွားသည်။ စေတီ၊ ဆင်းတုတော်မြင်လျှင်ပင် ဦးကုန်းမချ    ချင်တော့။

ယင်းအဖြစ်ကို ဆင်ခြင်ပြီးသည့်နောက်ပိုင်း စေတီ၊ ဆင်း တုတော်မြင်တိုင်း စိတ်ထဲက ကြည်ညိုစိတ်မဖြစ်ဘဲ ဦးကုန်းချ သည့် အလုပ်ကို ကျွန်တော် စွန့်လွှတ်လိုက်သည်။ ဗုဒ္ဓဘာသာတစ် ယောက် ဟူသော ခံယူချက်ကြောင့် စေတီ၊ ဆင်းတုတော်မြင်တိုင်း ရှိခိုးနေသည့် အလုပ်ကို မလုပ်တော့။

ယင်းနောက်ပိုင်း ဘုရားများသို့ ရောက်လျှင် စိတ်ထဲက ကြည်ညိုစိတ်မဖြစ်ဘဲ မရှိခိုးတော့။ မိတ်ဆွေများနှင့် ဘုရား သွားသည့်အခါမျိုးတွင် ”ဘုရား မရှိခိုးဘူးလား” ဟု မေးလျှင် သူတို့စိတ်ချမ်းသာအောင် ”ရှိခိုးပြီးသွားပြီ”ဟုသာ ပြန်ဖြေ သည်။ ကြည်ညိုစိတ်ဆိုသည်မှာလည်း ရွှေအပြည့် ချထား သည့်တိုင် ကြည်ညိုစိတ် ဖြစ်ချင်မှဖြစ်သည်။ တစ်ခါတစ်ရံ ထုံး ဖြူဖြူစေတီလေးကလည်း ကျွန်တော့်အတွက် ကြည်ညိုစိတ် ဖြစ်ကာ ဖူးမြော်၍ မဝသည်အထိ ဖြစ်ရသည်။

ရွှေတိဂုံစေတီတော်ကြီးသို့ ရောက်သည့်အခါမျိုးဆိုလျှင် ကျွန်တော်သည် စေတီတော်ကြီးကို မြင်ရသည့် လူရှင်း၊ လူပြတ် သော နေရာကို ဦးစွာ ရှာသည်။ တွေ့လျှင် ယင်းနေရာ၌ တစ်မိနစ်၊ နှစ်မိနစ်ခန့် ငြိမ်ငြိမ်လေးနေကာ ဘုရားကို အာရုံပြုရင်း စိတ်ကို အနားပေးသည်။ ပြီးကာမှ ဘုရားကြီးကို ကျကျ နန တဝကြီး ဖူးမြော်လေသည်။ ထိုအခါမျိုးတွင် စိတ်ထဲ၌ တငြိမ့်ငြိမ့် တစိမ့်စိမ့်ခံစားရသည့် အေးချမ်းမှုက ကျွန်တော့်အတွက် အဖိုးတန်ဆုံး၊ ဗုဒ္ဓ ဘာသာဝင်ဖြစ်ရကျိုး အနပ်ဆုံးအချိန်ဖြစ်သည်။

သို့ဖြင့်၍လည်း ကျွန်တော်သည် ဘုရားဖူးသူများနှင့်စည်ကားရှုပ်ထွေးနေသည့် အခါကြီး၊ ရက်ကြီးတွင် ဘုရားများသို့ မသွား။

ယင်းသို့သော စိတ်အခံများရှိခြင်းကြောင့် ကျွန်တော်သည် မြဘုရားသို့ရောက်ခဲ့စဉ်က အပေါက်မှ လှည့်ပြန်လာခဲ့ခြင်းဖြစ် သည်။ ကိုယ့်နိုင်ငံတွင်လည်း သည့်ထက်ကြီးသည့် ဘုရားကြီး ငယ်ပေါင်းများစွာကို ဖူးမြော်ဖူးသည်။ ဤဘုရားကို ဖူးရန် ဝင်ကြေး ဘတ် ၁ဝဝ ပေးကာ တန်းစီစောင့် ဆိုင်းရဦးမည် ဖြစ် သည်။ ဝင်ကြေးထက် အထဲသို့ရောက်ပါက လူများကို တိုးဝှေ့ရ မည့်အရေးက စိတ်မသက်သာစရာ။ ထို့ ကြောင့် ကျွန်တော်သည် ရောက်ဖူးသည်ဆိုရုံဖြင့် လုံလောက်သည်ဟု တွေးကာ လှည့်ပြန် လာခြင်းဖြစ် သည်။

ယခု ဃွှဲ အဖွဲ့၏ ဦးဆောင်မှုဖြင့် အာဆီယံသတင်းသမား များနှင့်အတူ မြဘုရားသို့ ရောက်သည့်အခါမှာတော့ ကျွန် တော် တို့သည် တန်းစီစရာမလိုသလို ဝင်ကြေး လည်း ပေး စရာ မလိုတော့ပေ။ လူရှုပ်သည်ဆိုကာ ကျွန်တော့်အနေဖြင့် လှည့်ပြန်၍လည်း မရတော့။ အလုပ်တာဝန်အရ ဝင်ရမည် ဖြစ်သည်။

မြဘုရားထဲတွင် အရောင်အသွေးစုံသောကမ္ဘာအနှံ့က ခရီးသွားဧည့်သည်များနှင့် ကြိတ်ကြိတ်တိုးနေသည်။ အာရှသား ခရီးသွား ဧည့်သည်ကို အများဆုံးတွေ့ရသည်။ ကျွန်တော်တို့ အဖွဲ့ကို ဘုရားတွင် တာဝန်ကျနေသည့် ရဲအရာရှိတစ်ဦးက ဧည့်လမ်းညွှန်အဖြစ်ဆောင်ရွက်ပေးသည်။

ယင်းမှာ အရပ်မြင့်မြင့်၊ ခေါင်းတုံးဆံပင်နှင့်ဖြစ်၏။ ပါးရိုး ကားကား၊ နှုတ်ခမ်းပါးပါးဖြင့်။ ယူနီဖောင်းကို အကျပ်ဝတ်ထားရာ အဆီမရှိသော တောင့်တင်းသည့် သူ့ခန္ဓာကိုယ်က အတိုင်းသား ပေါ်နေသည်။ သူသည် နှုတ်ခမ်းကို စေ့ကာ ပြုံးထားပြီး မျက်လုံး ကို မှေးကာထားသည်။ သူသည် အင်္ဂလိပ်စကားကို ရှင်းရှင်း လင်းလင်းနှင့် ပီပီသသပြောသည်။ ဟာသဉာဏ် ရှိပြီး စကားပြောသည့်အခါ ရယ်စရာလေးများကို ထည့်သွင်း ပြော တတ်သည်။

ကျွန်တော်တို့က ရယ် ကြသော်လည်း သူက နှုတ် ခမ်းကို စေ့ကာ ပြုံး၍ပင် နေသည်။ တစ်ခါတစ်ရံ သူပြော နေသည့် စကားကို သေချာ နားထောင်သလား၊ နား မထောင်သလား သိ စေရန် အနားရှိ သူကို မေးခွန်းများ မေးလိုက် သေးသည်။

ဘုရားဝင်းထဲ လှည့်လည် ကြည့်ရှုရင်း သူတို့၏ ဘုရင်မင်း ဆက်အကြောင်း၊ ရာမယနဇာတ် လမ်း အကြောင်း၊ ဘုရားတွင် ဘုရင်များက လှူဒါန်းခဲ့ကြ သည့် အလှူအတန်းများ အကြောင်း၊ ဘုရားဆင်းတု သုံးဆူကို ရာသီဥတုအပေါ် မူတည်၍ အလှည့်ကျ အပူ ဇော်ခံရသည့် အကြောင်း ကိုများကို ရှင်းပြသည်။

ယင်းသို့တစ်နေရာ ရောက်လို့ တစ်ခါ ရှင်းပြပြီးသွားလျှင် ခါးပိုက်နှိုက် သတိထားဖို့ကိုလည်း မကြာခဏ သူက သတိပေး တတ်သည်။ မြဘုရား၏ ရင်ပြင်တော်မှာ ကျဉ်းကျဉ်းလေးဖြစ် သည်။ ယင်းရင်ပြင်တော် ကျဉ်းကျဉ်းလေး၌ပင် စေတီ၊ တန် ဆောင်းတို့ကို တည်ထားသည်။ ခရီးသည်ကလည်း အပြည့်ဖြစ် သည်။ ယခုလို မိုးရာသီတွင် တစ်ရက်လျှင် ခရီးသွားဧည့်သည် ဦးရေ ၁၇,ဝဝဝ ဝန်းကျင်ခန့်လာရောက်ပြီး ခရီးသွားရာသီတွင် တစ်ရက်လျှင် ၂ဝ,ဝဝဝ ဝန်းကျင်ခန့် လာရောက်သည်ဟု ရဲ အရာရှိက ဆိုသည်။

ထိုင်းလူမျိုးများသည် ကိုယ်ပိုင်ယဉ်ကျေးမှုဟန်ရှိသည်။ စေတီ၊ တန်ဆောင်း၊ ဆင်းတုတော်များ၏ ပုံသ္ဌာန်မှာ မြင်လိုက် ရုံဖြင့် ထိုင်းလက်ရာဆိုတာကို အလွယ်တကူသိမြင်နိုင်သည်။ စေတီတို့၏ ပုံသဏ္ဌာန်က မြန်မာနိုင်ငံတွင် တည်ထားကိုးကွယ် သည့် စေတီပုံစံဖြင့် ကွာခြားပြီး ရှမ်းပြည်နယ်ဘက်တွင် တွေ့ရ သည့် စေတီများနှင့် အနည်းငယ်မျှ တူညီသည်။

မြန်မာနိုင်ငံတွင် တည်ထားကိုးကွယ်သည့် စေတီများသည် ခေါင်းလောင်းတော်အထက်တွင် ဖောင်းရစ်များ၊ ကြာမှောက် ကြာလန်နှင့် ငှက်ပျောဖူးတို့ ပါရှိပြီး ယင်းတို့၏အထက်တွင် ထီး တော်ရှိလေသည်။ ထီးတော်မှာ သံကိုယ်ထည်ဖြစ်ပြီး သီးသန့်တင် လှူရသည့် စေတီ၏ အစိတ်အပိုင်းဖြစ်သည်။ ထီးတော်၏ အထက်ဘက် ထိပ်ဆုံးတွင်တော့ စိန်ဖူးတော်ရှိသည်။

ထိုင်းနိုင်ငံရှိ စေတီများက ခေါင်းလောင်းတော်အထက် ဘက်တွင် ဖောင်းရစ်များသာ ရှိသည်။ စေတီမှာ အထက်ဘက်သို့ ချွန်၍တက်သွားပြီး ဖောင်းရစ်နှင့်ထီးတော်ကို တစ်ဆက်တည်း တည်ဆောက်ထားသည့် သဘောဖြစ်သည်။ ခြုံ၍ပြောရလျှင် စေတီများသည် လည်ပင်းရှည်ပြီး အထက်ဘက်သို့ သေး၍ တက်သွားသည့် ပုံသဏ္ဌာန်များဖြစ်သည်။

ထိုင်းနိုင်ငံရှိ ဘုရားစေတီများတွင် နေရာတကာ ဖိနပ် ချွတ်စရာမလို။ မြဘုရားရင်ပြင်ပေါ်တွင်လည်း ဖိနပ်စီး၍ သွား ခွင့်ရှိသည်။ သို့သော် ဘုရားဆင်းတုများထားရာ တန်ဆောင်းထဲ သို့ ဝင်သည့်အခါမှာတော့ ဖိနပ်များချွတ်ကာ ဝင်ရသည်။ ကျွန်တော်တို့အဖွဲ့တွင် ဗုဒ္ဓဘာသာဝင်များက အများစုဖြစ်သဖြင့် မြဘုရားဆင်းတုတော်များကို ဝင်ရောက်ဖူးမြော်ကြသည်။

Photo – Kyaw Zay Yar Htun မြဘုရားတွင် ဧည့်လမ်းညွှန်လုပ်ပေးသည့် ရဲအရာရှိ

ပြီးလျှင် ဘုရင်နေသည့် နန်းတော်ဘက်သွားသို့ ဆက်သွား ခဲ့ကြသည်။ နန်းတော်မှာ သံတံခါးဖြင့် ကာရံထားပြီး ဝင်ခွင့်မရှိ။ ယင်းနှင့် မလှမ်းမကမ်းနေရာတွင် သုံးထပ်တိုက်အဆောက်အအုံ ကြီးတစ်ခုကို ထပ်တွေ့ရသည်။ တက္ကသိုလ်အဆောင်ပမာ ရှည် လျားသည့် အဆောက်အအုံကြီးဖြစ်သည်။ ယင်း၏ရှေ့တွင် မြက် ခင်းပြင်ရှိသည်။ ထိုအဆောက်အအုံမှာ ဘုရင်က  ပြည်သူများနှင့် တွေ့သည့်အခါ ဖြစ်စေ၊ ဘုရင်ပွဲတော် ကျင်းပသည့်အခါ ဖြစ်စေ အသုံးပြုသည့် အဆောက်အအုံဖြစ်သည်။ ထိုအဆောက်အအုံ ဘေးရှိ တန်ဆောင်းမှာ နတ်ရွာစံသွားသည့် ဘုရင်၏ ရုပ်ကလာပ် ကို အပူဇော်ခံခဲ့သည့် နေရာ ဖြစ်သည်။

ကျွန်တော်တို့သည် အဆောက်အအုံရှေ့တွင် ဧည့်လမ်းòန် လုပ်ပေးသော ရဲအရာရှိကြီးနှင့်အတူ  အမှတ်တရစုပေါင်း ဓာတ် ပုံရိုက်ကြသည်။ တချို့က ရဲအရာရှိကြီးနှင့်အတူ Selfie ဆွဲကြ သည်။ ရဲအရာရှိကြီး၏ စကားပြောဆိုပုံကို ကျွန်တော်တို့အဖွဲ့ သားအားလုံး သဘောကျကာ အမှတ်တရဖြစ်ကြသည်။ တချို့ ဆိုလျှင် ခရီးစဉ်ပြီးဆုံးလို့ မှတ်ချက်များတောင်းသည့်အခါ၌ပင် ရဲအရာရှိ၏ စကားပြောကောင်းပုံကို မှတ်မှတ်ရရထည့်သွင်းကာ မှတ်ချက်ပေးကြလေသည်။

ကျွန်တော်တို့သည် မြဘုရားဝင်းအတွင်း ၄၅ မိနစ်ခန့်သာ ကြာသည်။ ပြီးလျှင် မြဘုရားနှင့် ဘုရင်နန်းတော်ရှိရာ ဝင်းကြီး၏ တစ်ဖက်ရှိ စားသောက်ဆိုင်သို့ သွားကြသည်။ စားသောက်ဆိုင် မှာ ကျောက်ဖယားမြစ်ဘေးတွင် တည်ဆောက်ထားခြင်း ဖြစ် သည်။ မြစ်ထဲတွင် အပျော်စီးသင်္ဘောများ၊ စက်လှေများက ဧည့် သည်များ တင်ဆောင်ကာ ခုတ်မောင်းနေကြသည်။

ကျွန်တော်တို့သည် ယင်းစားသောက်ဆိုင်တွင် ညစာ စား သောက်ကြမည်ဖြစ်သည်။ သို့သော် အချိန်က စောနေသေးသဖြင့်  နှစ်နာရီလောက် စကားထိုင်ပြောလိုက်ရသည်။ အပြင်ဘက်တွင် မိုးကလည်း တဖွဲဖွဲရွာနေသည်။ စားစရာများ ရောက်လာသည့် အခါ မဆာသေးသော ဗိုက်ကို ဝင်သလောက် ဖြည့်ထားလိုက် ရသည်။ ပြီးလျှင်  ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။

ဘန်ကောက်ည

ဟိုတယ်ခန်းထဲပြန်ရောက်ပြီး အနားယူ၊ ရေချိုးပြီးသည့် နောက် ကိုယ်ရော၊ စိတ်ပါ အားသွားလေပြီ။ အချိန်ကလည်း စော နေသေး၏။ ထို့ကြောင့် ညဘက် အပြင်ထွက်လျှင် ကောင်းမည်ဟု တွေးကာ ကိုရန်နောင်စိုးနှင့် တိုင်ပင်ကြည့်သည်။ ရှော့ပင်းစင်တာ သွားမလား၊ နာနာသွားမလားဟုမေးရာ သူက ကြိုက်တာသွား ဟု ဆိုသည်။

ထို့ကြောင့် ကျွန်တော်က နာနာသို့သွားရန်ဆုံးဖြတ်လိုက်သည်။ ကျွန်တော်တို့နေသည့် ဟိုတယ်နှင့် နာနာဘူတာမှာ သုံး ဘူတာဝေးသည်။ လက်မှတ်ဝယ်ပြီး ရထားစီးလာကြရာ ရှေ့တစ် ဘူတာအရောက်တွင် ကိုရန်နောင်စိုးက ရထားပေါ်မှ ဆင်း သွား လေသည်။ (နောက်မှ မေးကြည့်ရာ ရှော့ပင်းစင်တာသွားမည် ထင်သောကြောင့် ဆင်းသွားတာဖြစ်ကြောင်း ပြောပြသည်။) သို့သော် သူသည် ဘန်ကောက်သို့ ၁၅ ကြိမ်လောက်ရောက်ဖူး သည်ဟု ဆိုထားခြင်းကြောင့် သူ့အတွက် စိတ်မပူ။

Photo – Kyaw Zay Yar Htunေ ကျာက်ဖယားမြစ်အတွင်းက အပျော်စီးစက်လှေတစ်စီး

ထို့ကြောင့် ကျွန်တော်သည် နာနာသို့ စိတ်ဖြောင့်ဖြောင့် ဖြင့် ခရီးဆက်ခဲ့သည်။ ကျွန်တော်သည် နာနာသို့ ပထမတစ်ကြိမ် ရောက်ဖူးသည်။ ထိုစဉ်က ရုံးမှ အယ်ဒီတာတစ်ဦးနှင့် လိုက်လာခဲ့ ခြင်းဖြစ်သည်။ သူသည် အတွေ့အကြုံရှိသော သူဖြစ်ရာ ကျွန် တော့်ကိုလည်း ယင်းအတွေ့အကြုံရပါစေတော့ဆိုသည့်စေတနာ ဖြင့် ကိုယ်တိုင်ကိုယ်ကျ နတ်လမ်းòန်လုပ်ပေးခဲ့ခြင်း ဖြစ် သည်။ ¤င်းအတွေ့အကြုံများကို အနည်းငယ် ပြန်လည် စားမြုံ့ပြန် လိုပါသည်။

ထိုစဉ်က ကျွန်တော်တို့သွားခဲ့သည့် နေရာသည် ကား လမ်းမကြီးနှင့် ဆက်သွယ်ထားသော လမ်းသွယ်တစ်ခု၏ ဘေး ဘက်တွင်ဖြစ်သည်။ ဂငယ်ပုံသဏ္ဌာန် သုံးထပ်တိုက်က ခြံဝင်း ကြီးတစ်ခုလို ဖြစ်နေသည်။ ယင်းခြံဝင်း၏ အဝင်လမ်းတွင် ဘားများ ရှိသည်။ ယင်းဘားများ အရှေ့တွင် ရပ်နေသည့် မိန်း ကလေးများမှာ ကမ်းခြေသို့ ရေဆင်းကူးတော့မည့်သူများ ပမာ ခါးနှင့် ရင်ဘတ်တွင်သာ အဝတ်အပိုင်းလေးနှစ်ခု ဝတ်ထားသည်။ ဖြူဖွေးသေးသွယ်သည့် ခန္ဓာကိုယ်ကို မိမွေးဖမွေးသည့် အတိုင်း မြင်နေရသည်။ ထိုသို့ နေရ ခြင်းအတွက် ရှက် ကိုးရှက်ကန်းဖြစ်၍ မနေ။ ယင်းသို့သော  မိန်းကလေးများက များ စွာပင်။

လမ်းထဲသို့ လျှောက်လာသည့် ကျွန်တော်တို့လို ဧည့်သည် များကို ချွဲနွဲ့သည့်အသံလေးများဖြင့် လှမ်းခေါ်ကြသည်။ သူတို့ တွင် ရှိသည့်အလှများကို ထုတ်ပြကြသည်။ သို့သော် ကျွန်တော် တို့မှာ ဘာမှမဖြစ်သည့် ပုံစံမျိုးဖြင့် ခပ်အေးအေးပင် ရှေ့ ဆက် လျှောက်သွားကြသည်။

တချို့မိန်းကလေးများက ဧည့်သည်ကို လက်လှမ်းဆွဲတာ မျိုးလည်းတွေ့ရသည်။ တချို့မိန်းကလေးများက ဆေးလိပ် သောက်နေကြပြီး တချို့က ဘီယာသောက်နေကြသည်။

ဂငယ်ပုံသဏ္ဌာန် သုံးထပ်အဆောက်အအုံတွင် လိုက်ကာ ကာရံထားသော အခန်းများကို တွေ့ရသည်။ ထိုအခန်းရှေ့တွင် အမျိုးသမီးငယ်များနှင့် အမျိုးသားတချို့ ရပ်နေတတ်သည်။ အခန်းထဲသို့ ဝင်မည်ဆိုပါက အခမဲ့ဝင်နိုင်သည်။ သို့သော် အထဲ ရောက်လျှင် ဘီယာ၊ အရက်၊ အအေး တစ်ခုခုတော့ ဝယ်သောက် ရသည်ဟု ကျွန်တော့်ကို နတ်လမ်းညွှန်သူက ရှင်းပြသည်။

ပြီးနောက် ကျွန်တော်တို့ နှစ်ယောက်သည် အနက်ရောင် လိုက်ကာ ကာရံထားသည့် အခန်းထဲသို့ဝင်လိုက်ကြသည်။ အခန်းဝတွင် ရပ်နေသူကလည်း ကျွန်တော်တို့ကို မိတ်ဆွေ ရင်းချာများပမာ ပြုံးပြနှုတ်ဆက်လေ၏။ အထဲတွင် မိန်းကလေးတစ်သိုက်မှာ စင်တစ်ခုပေါ်တက်ကာ ကပြနေ ကြသည်ကို တွေ့ရလေသည်။ သူတို့၏ခန္ဓာကိုယ်တွင် ခါး တွင် ဝတ်ထားသည့် အဝတ်ပိုင်းလေး တစ်ခုသာ ရှိပြီး ကျန်နေရာများက ဗလာဟင်းလင်းကြီး ဖြစ်လေသည်။

ဖြူဖွေးသွယ်လျသည့် မိန်းကလေးများသည် သူတို့ ပိုင် ဆိုင်ထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထင်ရှားသည် ထက် ထင်ရှားအောင်၊ ကြွသထက် ကြွအောင် မျိုးစုံကပြနေကြ သည်။ တစ်ခါတစ်ရံ ခါးတွင်ဝတ်ထားသည့် အဝတ်ကိုပင် ဆွဲ ချွတ်တော့မည့်သယောင် လုပ်ပြသေး၏။ တချို့က စင်ပေါ်ရှိ စတီးလ်တိုင်များကို ဖက်ကာ ဟန်အမူအရာမျိုးစုံ လုပ်ပြနေ ကြသည်။

သူတို့ ကပြနေသည့် စင်မြင့်က အလယ်တွင်ဖြစ်ပြီး ဘေး ပတ်ပတ်လည်တွင် ခုံတန်းလေးများရှိလေသည်။ ကျွန်တော်တို့ နှစ်ယောက်သည် စင်ကို သေချာမြင်ရမည့် နေရာတွင် ထိုင်လိုက် ကြ၏။ မီးအလင်းရောင်မှာ ကပြသည့်စင်ပေါ်တွင်သာ ထိုးထားပြီး ဘေးနားက ခုံတန်းများတွင် မီးရောင်ကို မှိန်ပေးထားသည်။

ကျွန်တော့်ကို ဦးဆောင်သူနှင့် ကျွန်တော်က အချိုရည်ဘူး မှာလိုက်ကြသည်။ ပြင်ပတွင် ရောင်းသည့်ဈေးထက် သုံးဆပိုများ လေသည်။ ကျွန်တော်တို့ နေရာယူပြီးသည့်အခါ စောစောက ကနေသည့် မိန်းကလေးများ စင်ပေါ်မှ ဆင်းသွားလေသည်။

 

ပြီးလျှင် နောက်ထပ် မိန်းကလေး ငါးယောက်၊ ခြောက် ယောက်ခန့်သည်သီချင်းသံလေးနှင့်အတူ စင်ပေါ်သို့ ထပ်တက် လာသည်။ သူတို့၏ ခါးနှင့် ရင်ဘတ်တွင် အဝတ်များ ဝတ်ထားကြ သည်။ သို့သော် ကပြဖျော်ဖြေနေရင်းက ရင်ဘတ်ရှိ အဝတ်ကို   တဖြည်းဖြည်းချင်း ချွတ်ချလိုက်သည်ကို တွေ့ရသည်။ သူတို့ သည်လည်း စောစောက မိန်းကလေးများနည်းတူ လာရောက် ကြည့်ရှုသူများ သဘောကျနှစ်သက်စေရန် နည်းမျိုးစုံဖြင့် မြှူ ဆွယ်ကပြနေခြင်း ဖြစ်သည်။

လာရောက်ကြည့်ရှုသူ အမျိုးသားများက ကပြဖျော်ဖြေနေ သည့် မိန်းကလေးများထဲတွင် သူ့စိတ်ကြိုက် တွေ့ပြီဆိုပါက အပြင်သို့ခေါ်သွားနိုင်ပြီး သည်တစ်ညအတွက် သူ့ဆန္ဒကို မိန်း ကလေးက ဖြည့်ဆည်းပေးမည်သာ ဖြစ်သည်။ ထိုသို့မဟုတ် လည်း ယင်းအခန်းထဲ၌ပင် မိမိနှစ်သက်သည့် မိန်းကလေးကို ဘတ်ငွေအနည်းအကျဉ်းပေးကာ အချိန်ပိုင်း အတူထိုင်၍ ရသည်။

သို့သော် ကျွန်တော်တို့မှာ ဗဟုသုတရစေရန် အလို့ငှာ လေ့လာရုံမျှသာဖြစ်၏။ ထိုင်ကြည့်ခဲ့ရုံမျှသာဖြစ်သည်။ ကျွန် တော့်မှာ သူတို့ကိုကြည့်နေရင်း အာခေါင်ခြောက်လာသဖြင့် လက်ထဲရှိ အအေးဘူးကိုသာ ဖိသောက်နေမိသည်။

ပြီးတော့ စိတ်ထဲမှလည်း သည်လိုလွတ်လပ်ပွင့်လင်းမှုမျိုး မြန်မာနိုင်ငံတွင် လုပ်ခွင့်ရလျှင် သိပ်ကောင်းမည်ဟုလည်း တွေး နေမိသည်။ သို့မှသာ ယခုလို လုပ်ကိုင်စားသောက်သည့် မိန်း ကလေးသည် သူ့အလုပ်သူ ယုံကြည်မှုရှိရှိ၊ အန ္တရာယ်ကင်းစွာ လုပ်ကိုင်နိုင်မည်။ လူထဲက လူတစ်ဦးဖြစ်သော သူတို့သည်လည်း သူတို့အခွင့်အရေးသူတို့ အပြည့်အဝ ရမည်ဖြစ်သည်။

အလားတူ မိန်းကလေးများနှင့် ပျော်ပါးလိုသည့် အမျိုး သားတို့သည်လည်း မည်သည့်အမှုအခင်းမှ ဖြစ်စရာမလို၊ မည် သည့် လူမှုရေးအရှုပ်အရှင်းမှ ကြုံတွေ့စရာမလို။ ပြီးလျှင်ကျန်းမာ ရေးဆိုင်ရာ နောက်ဆက်တွဲကိစ္စရပ်များကိုလည်း ပေါ်ပေါ်တင် တင် ပွင့်ပွင့်လင်းလင်း လုပ်ကိုင်နိုင်မည်ဖြစ်သည်။

ကျွန်တော်တို့နှစ်ယောက်သည် ထိုအခန်းထဲ၌ နာရီဝက်၊ ၄၅ မိနစ်ကြာ ထိုင်ပြီးသည့်နောက် နောက်တစ်ခန်းသို့ ရွှေ့လိုက် ကြသည်။ မည်သည့်အခန်းက မည်သို့ဖျော်ဖြေနေကြသည်ကို လိုက်ကြည့်ကြသည်။ လိင်တူချစ်သူများ ကပြဖျော်ဖြေနေသည့် အခန်းကိုလည်း တွေ့ရသည်။ ယင်းအခန်းမှာ ပရိသတ်များပြီး အတော်ပင် စည်ကားသည့် အခန်းပင်ဖြစ်သည်။

ကြာပွတ်နှင့် တဖျပ်ဖျပ်ရိုက်ကာ ကပြဖျော်ဖြေနေသည့် အခန်းသို့လည်း ကျွန်တော်တို့နှစ်ယောက် ခဏမျှ ဝင်ကြည့် လိုက်သေးသည်။ မိန်းကလေးငယ်များမှာ ကျောင်းသူများသဖွယ် ဝတ်ထားပြီး ကြာပွတ်လေးများကိုင်ကာ ဒီဂျေဖြင့် ကပြဖျော်ဖြေ နေခြင်းဖြစ်သည်။ အခန်းထဲတွင် ထိုင်စရာနေရာပင် မရှိ။ အနောက်တိုင်းသား တော်တော်များများကို တွေ့ရသည်။

ထိုအခန်းထဲတွင် ကျွန်တော်တို့သည် ခဏမျှသာထိုင်ပြီး ပြန်ထွက်လာခဲ့တော့သည်။ တခြားအခန်းများသို့လည်း ဆက်၍ မကြည့်တော့။ ကျွန်တော်တို့နှစ်ယောက်မှာ ငါးဈေးတန်းရှိ အမျိုး အစားစုံလင်လှသော ရေဆေးငါးကြီးများကို တစ်ဆိုင်ဝင် တစ် ဆိုင်ထွက် လိုက်ကြည့်ကာ ဈေးမေးလိုက်၊ လက်ကလေးနှင့် တို့ ကြည့်လိုက်၊ ပြီးလျှင် ဘယ်လိုချက်စားလိုက်ရင်တော့ သိပ် ကောင်းမှာပဲဟု ကြုံးဝါးလိုက်ဖြင့် နောက်ဆုံးတွင် ငါးတစ်ကောင် မှ မဝယ်ဖြစ်ဘဲ ဈေးမှ ပြန်လာသူနှစ်ဦးနှင့်သာ တူတော့သည်။ အပြန်လမ်းတွင် ငါးကြီးများကို မျက်စိထဲမြင်ယောင်လာသည်။

ထိုသို့ အတွေ့အကြုံများ ရှိထားသဖြင့် ယခုလို အခွင့်အခါ ကြုံသည့်အခါ ဘန်ကောက်မြို့၏ ညနေခင်းဘဝများကို ရေး သားလိုသည်။ ထို့ကြောင့် ကျွန်တော့်မိတ်ဆွေနှင့်အတူ သွားခဲ့ သည့် နေရာကို ပြန်ရှာမိခဲ့သည်။ ကျွန်တော်သည် မည်သူ့ကိုမျှ မမေးဘဲ တစ်လမ်းဝင်တစ်လမ်းထွက်ဖြင့် လိုက်ရှာနေမိသည်။ လမ်းတိုင်းတွင် ရိုးရိုးအနှိပ်ခန်း၊ အထူးအနှိပ်ခန်းနှင့် ဆန်းဆန်း   ပြားပြားအနှိပ်ခန်းများကိုသာ တွေ့သည်။ မိန်းကလေးများက အတင်းခေါ်ကြသည်။

ပထမအကြိမ်သွားခဲ့သည့် နေရာနှင့်တူသော နေရာတစ်ခု ကို တွေ့ပါသေးသည်။ သို့သော် တစ်ဦးတည်းဖြစ်နေတာက တစ်ကြောင်း၊ ဟိုတယ်တွင် ပတ်စ်ပို့မေ့ကျန်ခဲ့တာက တစ်ကြောင်း၊ ပြီးတော့ ကိုယ်မသိသည့်နေရာဖြစ်နေတာက တစ်ကြောင်း စသည့် အကြောင်းများကြောင့် ကျွန်တော်သည် အခန်းတွေထဲ မဝင်တော့ဘဲ အပြင်ဘက်မှ လေ့လာပြီးသာ ပြန်လာခဲ့တော့ သည်။ ယင်းနေရာတွင် ထိုင်းရဲများ စောင့်ကြပ်နေတာကိုလည်း တွေ့ရသေးသည်။ ထိုသို့ လိုရာခရီး မရောက်ခဲ့သည့်အတွက် ကျွန် တော့်မိတ်ဆွေကြီးကိုပင် အောက်မေ့နေမိသည်။

 

အယုဒ္ဓယ

ဇွန်လ ၁၉ ရက် မနက် ရး၄၅ နာရီတွင် ကျွန်တော်တို့အား လုံးသည် ဟိုတယ်၏ ဧည့်ခန်းမတွင် ဆုံလိုက်ကြသည်။ ထိုအခါ ကျွန်တော်တို့အားလုံးသည် ပထမရက်လို မဟုတ်တော့ဘဲ တစ် ဦးနှင့်တစ်ဦး ရင်းနှီးစပြုလာပြီဖြစ်သည်။ တစ်ဦး၏ ဖေ့စ်ဘွတ်ခ် အကောင့်ကို တစ်ဦးက အတ်ကာ မိတ်ဖွဲ့နေကြပြီဖြစ်သည်။

ကျွန်တော်နှင့် ပထမဆုံး ရင်းနှီးသူများမှာ ကမ္ဘောဒီးယား နိုင်ငံ THMEY THMEYသတင်းဌာနမှ ဒုအယ်ဒီတာချုပ် Romdoul Chetra ၊ အင်ဒိုနီးရှားနိုင်ငံ RMOL အွန်လိုင်း သတင်းဌာနမှ အယ်ဒီတာ Widya Victoria Mahmilawati၊ မလေးရှားနိုင်ငံ NANYANG SIANG PAU သတင်းဌာနမှ သတင်းထောက်So Yuen Ling၊ ဗီယက်နမ်နိုင်ငံ Journalist and Public Opinion သတင်းစာမှ သတင်းထောက် Nguyen Hoang Viet

တို့ဖြစ်သည်။ သူတို့မှာ လူငယ်များဖြစ်ကြပြီး ကျွန်တော်နှင့် ကိုရန်နောင်စိုးက အသက်ကြီးဆုံးလို ဖြစ်နေသည်။

ကျွန်တော်တို့သည် ဟိုတယ်မှ မနက် ၈းဝဝ နာရီဝန်းကျင် ခန့်တွင် ထွက်လာခဲ့ကြသည်။ ကျွန်တော်တို့စီးလာသည့် မှန်လုံကားကြီးကို ရဲကားတစ်စီးက ရှေ့မှ ပွိုင့်ကားအဖြစ် လိုက်ပေး သည်။ အယုဒ္ဓယမြို့သည် ဘန်ကောက်၏ မြောက်ဘက်တွင်ရှိပြီး ဘန်ကောက်မှ ၇၆ ကီလိုမိတာကွာဝေးလေသည်။ တစ်နာရီခွဲ ကြာမျှ ကားမောင်းလိုက်ရသည်။ ၁၃၅ဝ မှ ၁၇၆၇ ခုနှစ်အထိ နှစ် ပေါင်း ၄ဝဝ ကျော်တိုင် ထိုင်းနိုင်ငံ၏ မြို့တော် ဖြစ်ခဲ့သော အယုဒ္ဓယမြို့သည် ယခုအခါ နယ်မြို့လေးတစ်ခုအဖြစ်သာ ရှိ တော့သည်။

ကျွန်တော်တို့ အရင်ဆုံး သွားခဲ့သည့်နေရာက Wat Yai Chaimongkol သူ ဆိုသည့် ရှေးဟောင်းစေတီကြီး တစ်ဆူဖြစ် သည်။ ကြီးမားသည့် အုတ်ဖိနပ်ပေါ်တွင် လိုဏ်ဂူပါသည့် စေတီ ကြီးကို တည်ထားခြင်းဖြစ်သည်။ အုတ်ဖိနပ်လှေကားအတိုင်း အထက်သို့ တက်သွားပြီး စေတီကြီး၏ လိုဏ်ဂူထဲသို့ဝင်သွား၍ ရသည်။ စေတီ၏ ပုံသဏ္ဌာန်မှာ ဘန်ကောက်မြို့နှင့် အယုဒ္ဓယတွင် တွေ့ရသည့်စေတီများ၏ ပုံသဏ္ဌာန်အတိုင်းသာဖြစ်သည်။ မူလ ထုံးအဖြူရောင်ပြယ်ကာ အောက်ခံ အုတ်သားများ ပေါ်နေသည့် အတိုင်း ထိန်းသိမ်းထားသည်။ တချို့သော အရံစေတီများ၊ ဘုရား ဆင်းတုတော်များ၊ အုတ်ရိုးများကို အသစ် ပြန်လည်တည်ဆောက် ထားသည့်တိုင် ရွှေချ၊ ဆေးသုတ်ထားခြင်း မပြုဘဲ အုတ်သား အတိုင်းသာ ရှိစေသည်။

ထိုရှေးဟောင်းဘုရားပရဝဏ်အတွင်းတွင် အစိမ်းရောင် အင်္ကျီများ ဆင်တူဝတ်ဆင်ထားသည့် ကျောင်းသားများကိုလည်း တွေ့ခဲ့ရသေးသည်။ ပြီးလျှင် ကျွန်တော်တို့သည် Wat Phananchoeng ဆိုသည့် ဗုဒ္ဒဆင်းတုတော်သို့ ခရီးဆက်ကြသည်။ ဘုရားဖူးဧည့်သည် နည်းပါးသည်။

ဘုရားဆင်းတုတော်ကြီးမှာ အယုဒ္ဓယမြို့ထက် ၂၆ နှစ် စောကာ တည်ထားခဲ့သည့် ဘုရားကြီးဖြစ်ကြောင်း မှတ်တမ်းတွင် ဖော်ပြထားသည်။ သို့သော် ဆင်းတုတော်ကြီးမှာ ရွှေရောင်ဝင်း ဝင်းတောက်ကာ ရှေးဟောင်းဆင်းတုတော်ကြီးနှင့်ပင် မတူ။တချို့သတင်းထောက်များက အထဲသို့ ဝင်ရောက်ကြည့်ရှုကြပြီး ဖူးမြော်ကန်တော့ကြသည်။

အယုဒ္ဓယမြို့တွင် လည်ပတ်ရသည်မှာ ပုဂံတွင် ဘုရားဖူးရ သလို တစ်နေရာမှ တစ်နေရာသို့ သွားရသည်။ ရှေးဟောင်း ဘုန်း ကြီးကျောင်း၊ ဘုရား၊ စေတီပုထိုးတို့မှာ တစ်နေရာတည်းတွင် စုစည်းတည်ရှိနေတာမျိုး မဟုတ်။ နောက်ထပ် ထပ်မံသွားခဲ့သည့် နေရာက Wat Phra Mahathat ဆိုသည့် ဘုန်းကြီးကျောင်း ပျက်နှင့် ဘုရားပျက်များရှိသည့် နေရာဖြစ်သည်။

ယင်းနေရာတွင် ခရီးသွားများနှင့်စည်ကားနေသည်ကို တွေ့ရသည်။ အမှတ်တရပစ္စည်း ရောင်းသည့် လမ်းဘေးဈေး သည်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ အအေးဆိုင်၊ မုန့်ဆိုင်၊ ဖိနပ်ဆိုင်၊ အင်္ကျီနှင့် လွယ်အိတ် အရောင်းဆိုင်များကို လည်း တွေ့ရသည်။ ယင်းနေရာမှာ သစ်ပင်ကြီးများရှိ၍လည်း အရိပ်အာဝါသကောင်းသည်။

ဘုန်းကြီးကျောင်းနှင့် ဘုရားပျက်များရှိသည့်နေရာသို့ ဝင်ကြည့်မည်ဆိုပါက ဝင်ကြေးအဖြစ် ဘတ် ၅ဝ ပေးရသည်။ သို့သော် ကျွန်တော်တို့မှာ အခမဲ့ဝင်ခွင့်ရသည်။ အထဲတွင် ဘုရား ဆင်းတုပျက်များ၊ စေတီပျက်များ၊ အဆောက်အအုံပျက်များ၊ နန်းမြင့်မျှော်စင်နှင့်တူသည့် ပုထိုးပျက်များကို တွေ့ရသည်။

Photo – Kyaw Zay Yar Htun အယုဒ္ဓယမြို့ဟောင်းရှိ Wat Phra Mahathat ရှေ့ဟောင်းဘုရားကျောင်းပျက်ကြီးအတွင်းက ဘုရားဆင်းထုတော်ပျက်များ

ထောင့်တစ်နေရာတွင် အမည်းရောင်ကျောက်တုံးများကို တွေ့ရသဖြင့် အနားသို့သွားကြည့်ရာ ရိုးရိုးကျောက်တုံးမဟုတ်ဘဲ မီးလောင်ခံထားရပြီး အပိုင်းပိုင်းပျက်စီးနေသော ဘုရားဆင်းတု တော်များဖြစ်နေသည်ကို တွေ့ရလေသည်။ ဆင်းတုတော်များမှာ ခေါင်း၊ ခန္ဓာကိုယ်၊ လက်၊ ခြေထောက်စသဖြင့် အပိုင်းပိုင်းပြတ် နေ၏။ အဆောက်အအုံပျက်များကြားတွင် တွေ့ရသော တင်ပျဉ် ခွေကိုယ်တော်များတွင်လည်း ခေါင်းများမရှိ။ အုတ်နံရံကြီးတစ်ခု တွင် တန်းစီကာရှိနေသည့် တင်ပျဉ်ခွေဆင်းတုတော်များမှာလည်း ခန္ဓာကိုယ်များ ကျိုးပဲ့နေပြီး ခေါင်းတော်များ တစ်ခုမှ မရှိ။

ယခုလို မပျက်စီးခင်အချိန်က ဤနေရာသည် ဘုန်းကြီး ကျောင်းအဆောက်အအုံများနှင့် စေတီ၊ ပုထိုးများရှိသည့် အဝန်း အဝိုင်းကြီးတစ်ခုဖြစ်ခဲ့သည်။ သို့သော် ၁၇၆၇ ခုနှစ် အယုဒ္ဓယမြို့ တော်ကို မြန်မာများ ဝင်ရောက်သိမ်းပိုက်ခဲ့စဉ်က ဘုန်းကြီး ကျောင်းမှာ မီးရှို့ခံရပြီး ဘုရားဆင်းတုတော်များ၊ စေတီ၊ ပုထိုး များလည်း ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

အယုဒ္ဓယမြို့ဟောင်းကြီးသည် မြန်မာများ သိမ်းပိုက်ခဲ့ သည့် မြို့ပျက်ကြီးတစ်ခုဖြစ်လေရာ ဤနေရာသို့ လာရောက်လည် ပတ်မည်ဆိုကတည်းက ကျွန်တော့်မှာ မျက်နှာပူသလို ခံစားရ သည်။ ရောက်လာသည့်အခါတွင်လည်း ရှေးမြန်မာတို့၏ လက်စ၊ လက်နကို ကိုယ်တိုင်ကိုယ်ကျတွေ့ရလေသည်။

ပျက်စီးနေသည့် အယုဒ္ဓယမြို့ကို ကြည့်ကာ ကျွန်တော့်မှာ ဂုဏ်ယူလိုစိတ်လည်း မဖြစ်။ မျိုးချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန် လည်း မတက်ကြွ။ ရှေးမြန်မာမင်းများကိုလည်း အပြစ်မမြင်။ သို့သော် ဘုရားခေါင်းပြတ်များ မြင်ရခြင်းအတွက်တော့ စိတ်မချမ်းသာ။ ဘုရားဆင်းတုအပျက်အစီးများကို ကြည့်ရှုနေကြ သည့် နိုင်ငံခြားသားများသည်ပင် မည်သို့တွေးနေကြမည်နည်း၊ မြန်မာတွေကို မည်သို့ ရှုမြင်နေကြမည်နည်း စသဖြင့် တွေးကာ နေမိသည်။ ဤကြားထဲ ဘုရားဆင်းတုတော် ခေါင်းတစ်ခုသည် ညောင်ပင်၏ အမြစ်ကြားထဲ ညပ်နေရာ ယင်းခေါင်းတော်နှင့် ခရီး သည်များက Selfie ရိုက်နေကြသည်။

ထိုင်းသတင်းထောက်နှစ်ဦးက ကျွန်တော့်အနားကပ်လာ ပြီး ”ဘယ်လိုခံစားရတုံး”ဟု လာမေးနေသေးသည်။ ထို့ကြောင့် အပျက်အစီးများကို မြင်ရ၍ စိတ်မကောင်းရကြောင်း၊ ကျောင်း ပညာရေး မြန်မာ့သမိုင်းသင်ရိုးတွင် အယုဒ္ဓယမြို့ကို ဝင်ရောက်သိမ်းပိုက်သည့်အကြောင်းအား အသေးစိတ်အကျယ်အဝင့်ရေးသားသင်ကြားတာမျိုး မရှိကြောင်း၊ ယင်းသမိုင်းကြောင်းနှင့် ပတ်သက်၍ ဂုဏ်ယူဝင့်ကြွားစရာဟုလည်း သဘောမထား ကြောင်း ပြောပြရသည်။

ထိုအခါ ထိုင်းသတင်းထောက်တစ်ဦးက သူတို့အနေဖြင့် မြန်မာတွေ သိမ်းပိုက်ခဲ့သည့်သမိုင်းကို အမှတ်ရစေရန် ဘန်ကောက်မြို့ တည်သည့်အခါ အယုဒ္ဓယမြို့ဟောင်းမှ အုတ်များကို ယူကာ တည်ခဲ့သည့်အကြောင်း ဆက်ပြောပြသည်။

ကျွန်တော်တို့သည် နေ့လယ်စာကို အယုဒ္ဓယမြို့ဟောင်းရှိ စားသောက်ဆိုင်တစ်ခုတွင် စားကြသည်။ စားသောက်ဆိုင်မှာ ကျောက်ဖယားမြစ်၏ ကမ်းနဖူးတွင်ဖြစ်သည်။ ကျွန်တော် တို့ထမင်းစားနေချိန် စားပွဲထိုးလုပ်ပေးနေသည့် အရပ်ထောင် ထောင်မောင်းမောင်း၊ ခန္ဓာကိုယ်တွင် တက်တူးများတိုးထားသည့် အမျိုးသားတစ်ဦးက ကျွန်တော်နှင့် ကိုရန်နောင်စိုးကို ”အစ်ကို တို့ မြန်မာတွေလား”ဟု လာမေးလေသည်။ မြန်မာစကားဖြင့် မေးခြင်းဖြစ်၏။ ဟုတ်ကြောင်း ပြောသည့်အခါ သူသည် အားရ ဝမ်းသာဖြင့် စကားများပြောလေသည်။

သူ့နာမည်က စောနေဝင်းဟု ခေါ်သည်။ ကရင်ပြည်နယ် မှဖြစ်ပြီး အယုဒ္ဓယမြို့ကို ရောက်နေတာကြာပြီဟုဆိုသည်။ မြန်မာစကား၊ ထိုင်းစကားနှင့် အင်္ဂလိပ်စကားတို့ကို ကောင်း ကောင်းပြောနိုင်သဖြင့် ”ဒီနေရာမှာ ကျွန်တော်က ဆရာကြီး၊ အေးဆေးပဲ”ဟု သူက ဆိုလေသည်။ အယုဒ္ဓယမြို့တွင် အလုပ် လုပ်နေသည့် မြန်မာနိုင်ငံသားများစွာ ရှိသည်ဟု ဆို၏။

နေ့လယ်စာ စားသောက်ပြီးသည့်အခါ ထပ်မံ ခရီးဆက်ကြ သည်။ သည်တစ်ခါတော့ ကျွန်တော်တို့သည် ရိုးရိုးလည်ပတ်ခြင်း မဟုတ်ဘဲ ရှေးခေတ် ထိုင်းအမျိုးသား၊ အမျိုးသမီးများဝတ် ဆင်သည့် ရိုးရာဝတ်စုံများ ဝတ်ကာ လည်ပတ်ရခြင်းဖြစ်သည်။ ဝတ်စုံက အရွယ်အစားမတော်သဖြင့် မဝတ်သည့်သူလည်း ရှိသည်။

ရိုးရာဝတ်စုံမှာ အင်္ကျီက လက်ရှည်ဖြစ်ပြီး ဘောင်းဘီမှာ ပေါင်ခွကြားတွင် ခါးတောင်းကျိုက်သလိုမျိုးဖြစ်သည်။ ခါးတွင် ပဝါစတစ်ခုကို ပတ်ထားရသည်။ ကျွန်တော်တို့သည် ယင်းဝတ်စုံ များ ဝတ်ကာ Wat Chaiwattana Ram ဆိုသည့် ဘုရားသို့ သွားရောက်ခဲ့ကြသည်။

ယင်းဘုရားအနီးတွင် ရိုးရာဝတ်စုံများ ငှားရမ်းသည့် ဆိုင် များကို တွေ့ရ၏။ လာရောက်ပတ်သူများသည် ယင်းဝတ်စုံများ ဝတ်ကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ကြသည်။ ယင်းနေရာတွင် လည်း ခေါင်းပြတ်နေသည့် ဘုရားဆင်းတုတော်များကို တွေ့ ခဲ့ရ သေးသည်။

Photo – Kyaw Zay Yar Htun ရိုးရာဝတ်စုံများ ငှားရမ်းနိုင်သည့်ဈေးဆိုင်

ယင်းနောက် Wat Phra Si Sanphet ဆိုသည့်နေရာသို့ ထပ်သွားကြသေးသည်။ လည်ပတ်ခဲ့သည့် ဘုရားအရေအတွက် များသွားပြီဖြစ်ရာ ကျွန်တော်တို့အားလုံးမှာ ပင်ပန်းသွားကြ ပြီဖြစ်သည်။ တချို့မှာ ဘုရားဝင်းထဲသို့ပင် မဝင်တော့။ ယခု ဘုရားမှာလည်း နောက်ဆုံးလည်ပတ်ရန် ကျန်ရှိသည့် ဘုရားသာ ဖြစ်သည်။

ကျွန်တော်တို့ သွားရောက်လည်ပတ်ခဲ့သည့် ဘုရားများ တွင် ဆင်တူအင်္ကျီဝတ်ထားသည့် ကျောင်းသား၊ ကျောင်းသူလေး များကို တွေခဲ့ရသည်။ ယခုဘုရားတွင်လည်း ကျောင်းသား၊ ကျောင်းသူများကို ရာချီ၍ တွေ့ရသည်။ ယင်းတို့၏ ကျောင်း ဘာသာရပ်အတွက် လေ့လာရေးအချိန်အဖြစ် အယုဒ္ဓယမြို့သို့ လာရောက်လေ့လာခြင်းဖြစ်သည်ဟု ဆိုသည်။ သစ်ပင်အရိပ် အောက်တွင် အဖွဲ့လိုက်ထိုင်ကာ ကျောင်းဆရာဖြစ်ဟန်ရှိသူက အာပေါင်အာရင်းသန်သန်ဖြင့် ဟောပြောနေတာကိုလည်း တွေ့သေးသည်။

ကျွန်တော်တို့ ကျောင်းသားဘဝ သူငယ်တန်းမှ ဘွဲ့ရသည် အထိ ယခုကဲ့သို့ တစ်ကြိမ်တစ်ခါမျှ လေ့လာရေးခရီး မထွက်ဖူး ခဲ့ပေ။ ကံကောင်းလှသည့် ထိုင်းကျောင်းသူ၊ ကျောင်သားများပင်။  ¤င်းတို့ မြန်မာပြည်မှာ မွေးလျှင် ယခုလိုအခွင့်အရေး ရမည် မဟုတ်။

Wat Phra Si Sanphet ဘုရားသို့လေ့လာပြီးနောက် ကျွန်တော်တို့သည် ဆင်စီးရန် ထွက်ခဲ့ကြသည်။ ယင်း အယုဒ္ဓယ မြို့ဟောင်းထဲတွင် ဆင်စီး၍ရသည်။ ကျွန်တော်အပါအဝင် သတင်းထောက် တစ်ဝက်ခန့်သာ ဆင်စီးကြ ပြီး ကျန်သူများက ကော်ဖီဆိုင်တွင် ထိုင်ကြသည်။ ကျွန်တော်သည် က္ဘောဒီးယား က သတင်းထောက်တစ်ယောက်နှင့် အတူစီးသည်။ ဆင်ကြီး သည် ကားလမ်းမ ပလက်ဖောင်းအတိုင်း လျှောက်သွားခြင်း ဖြစ်လေသည်။ အသွားအပြန် မိနစ် ၄ဝ ခန့်သာကြာ၏။ ကျွန်တော့် အတွက် ပထမဆုံးအကြိမ် ဆင်စီးဖူး ခြင်းဖြစ်သည်။ ဆင်လမ်းလျှောက် လိုက်တိုင်း ဘယ်ညာ ယိမ်းနေရာ မည်သို့မျှ ဇိမ်မရှိ။  သို့သော် စိတ်လှုပ် ရှားစရာတော့ ကောင်းလေ၏။

ဆင်စီးပြီးသည့်နောက် ကော် ဖီသောက်ကာ နားကြသည်။ ပြီးလျှင် ကျောက်ဖယားမြစ်ထဲ သင်္ဘောစီး ကာ ညစာစားဖို့ ထွက် ခဲ့ကြသည်။ ညစာဟုဆိုသော်လည်း ညနေ ၄း၃ဝ နာရီ ကျော်မျှသာ ရှိသေးသည်။ ကျွန်တော်တို့စီးရမည့် သင်္ဘောမှာ သစ်သားဖြင့် ပြုလုပ်ထားသော စက်လှေအကြီးစား ဖြစ်သည်။ ကြမ်းခင်းက ကျယ်သည်။ ထမင်းစားသောက်ရန် စား ပွဲခုံများ ချထားသည်။ သီချင်းဆိုချင်သူများအတွက် သီချင်း ဆိုနိုင်ရန်လည်း လုပ်ပေးထားသည်။ မိသားစုလိုက်ဖြစ်စေ၊ အဖွဲ့ လိုက်ဖြစ်စေ ညစာစားရန် အကောင်းဆုံးသော အစီအစဉ် တစ်ခုပင်။

ကျွန်တော်တို့ ရှေ့သို့ စားသောက်စရာများ ရောက်လာ သည့်အခါ သင်္ဘောစတင်ထွက်ပါတော့သည်။ အဆိုပါ သင်္ဘောကိုမောင်းသူမှာ အမျိုးသား တစ်ဦးတည်းဖြစ်သည်။ ဆိပ်ကမ်းမှ ခွာသည့်အခါတွင် လည်း ကောင်း၊ ဆိပ်ကမ်းသို့ကပ်သည့်အခါတွင်လည်းကောင်း ဤ သစ်သားကိုယ်ထည်ကြီးကို လှုပ်မသွား၊ ယိုင်မသွားအောင် ညင်သာစွာပင် ကိုင်တွယ်မောင်းနှင်နိုင် လေသည်။

ကျောက်ဖယားမြစ်သည် ကျွန်တော်တို့ဆီက ပုဇွန် တောင်ချောင်းထက် အနည်းငယ်မျှသာ ကျယ်မည်။ သို့သော် အပျော်စီး သင်္ဘောများ ဥဒဟိုသွားနေကြသည်။ ကုန်တင်တွဲ သင်္ဘောကြီးများ ဝင်ထွက်သွားလာနေသည်မှာလည်း မီး ရထားတွဲကြီးနှင့်သာ တူတော့ သည်။ ရှည်လျားလှသည့် ကုန် တင်တွဲကြီးများ ဝင်လာသည့်အခါ ယင်း၏ ရှေ့ဘက်နှင့် နောက် ဘက်တွင် ဆွဲသင်္ဘောများ ပါလာတတ်သည်။ ဆွဲသင်္ဘော များမှာ အရွယ်အစားသေးသော်လည်း တန်ချိန်များစွာလေးသည့် တွဲ သင်္ဘောကြီးများကို အသာလေးဆွဲသွားနိုင်သည်။

Photo – Kyaw Zay Yar Htun ရိုးရာဝတ်စုံဝတ်ကာ အမှတ်တရ ဓာတ်ပုံရိုက်နေသူနှစ်ဦး

မြစ်အကွေ့သို့ ရောက်သည့်အခါ အနောက်ဘက်တွင် တွဲထားသည့် ကုန်တွဲကြီးများ မြစ်ကမ်းပါးနှင့် မတိုက်မိစေရန် အနောက်ဘက်တွင်ရှိသည့် ဆွဲသင်္ဘောက ဆွဲပေးထားရသည်။ အချိန်ကိုက်မှု အနည်းအငယ်မျှ လွဲရုံဖြင့် ဒုက္ခရောက်နိုင်သည့် အခြေအနေတစ်ခုပင်။ အဆိုပါ တွဲသင်္ဘောကြီးများ သွားလာနေ သည်မှာ စိတ်ဝင်စားစရာပင် ကောင်းတော့သည်။

ကျွန်တော်တို့သည် ကျောက်ဖယားမြစ်ထဲတွင် တစ်နာရီ ကျော်မျှ သင်္ဘောစီးလိုက်ကြသည်။  အဆိုပါ သင်္ဘောပေါ်တွင် မြန်မာနိုင်ငံမှ လာရောက်အလုပ်လုပ်နေသည့် အမျိုးသမီး နှစ်ဦး ကို တွေ့ခဲ့ရသေးသည်။ သင်္ဘောစီးကာ ညစာစားပြီးသည့် နောက်တွင် ကျွန်တော်တို့သည် ဘန်ကောက်မြို့သို့ ပြန်လာခဲ့ကြ သည်။ ဘန်ကောက်သို့ရောက်သည့်အခါ ည ရှစ်နာရီကျော်လေပြီ။ မနက်ဖြန် မနက်စောစော သုံးနာရီ ခွဲထကာ လေဆိပ်သို့ ဆင်း ရမည်ဖြစ်သည်။ သွားကြမည့်နေရာက ထိုင်းနိုင်ငံ၏ နယ်စပ်မြို့ ဖြစ်သော ဥဒေါင်းဌာနီမြို့  (့ိသညအ့ညေင) သို့ သွားရမည်ဖြစ် သည်။ ထို့ကြောင့် အိပ်ရာ စောစောဝင်ခဲ့သည်။

 

ဥဒေါင်းဌာနီမြို့  (Udonthani)

ကျွန်တော်တို့သည် မနက် ၈ နာရီတွင် ဒွန်မောင်း လေဆိပ် မှ လေယာဉ်ဖြင့် ထွက်လာခဲ့ကြရာ ဥဒေါင်းဌာနီမြို့သို့ မနက် ၁ဝ     နာရီမထိုးခင်တွင်  ရောက်လေသည်။ လေယာဉ်မဆင်းသက်မီ အောက်ဘက် မြေပြင်သို့ ငုံ့ကြည့်ရာ များပြားလှသည့် အပင်ပု ကလေးများကို တွေ့ရပြီး အညာဒေသနှင့်သာ တူတော့သည်။ ကျွန်တော်တို့ကို အမျိုးသမီးငယ်များက သက်ဆိုင်ရာနိုင်ငံ အလိုက် အလံများကိုင်ဆောင်ကာ လာရောက်ကြိုဆိုနေကြ သည်။ ပြီးလျှင် မာဖလာများကို လည်ပင်းတွင် လာရောက် ချိတ် ဆွဲပေးသည်။ လေဆိပ်တွင် စုပေါင်းဓာတ်ပုံရိုက်ပြီးသည့် နောက် တည်းခိုရမည့် ဟိုတယ်သို့ ထွက်လာခဲ့ကြသည်။

ဟိုတယ်တွင် အထုပ်အပိုးများ ထားပြီးသည့်အခါ ကျွန် တော်တို့သည် ဘက်ဂီကားလေးဖြင့် မြို့ထဲသို့ လိုက်လည်ကြ သည်။ ဥဒေါင်းဌာနီမြို့၏ ကားလမ်းမများတွင် လူရှင်းကာ နေသည်။ တိတ်တိတ်ဆိတ်ဆိတ်ရှိသည်။ မြို့တွင် အထပ်မြင့် အဆောက်အအုံ ကြီးကြီးမားမား မရှိ။

အယုဒ္ဓမြို့ဟောင်းသို့ လာရောက်လေ့လာကြသည့် ကျောင်းသား/သူများ Photo – Kyaw Zay Yar Htun

ကတ္တရာကားလမ်းမများက ညီညာပြန့်ပြူးနေသည်ကို သတိထားမိ၏။ လမ်းမများသည် အမှိုက်ကင်းစင်ကာ သန့်ရှင်း နေသည်။ ကားလမ်းမဘေးတစ်လျှောက်တွင် သပ်ရပ်စွာ ခုတ် ထွင်ထားသည့် အဝိုင်းသ္ဌာန် မန်ကျည်းပင် အပုလေးများကို တွေ့ရသည်။ ခရေ၊ ပိတောက်များလည်း လမ်းဘေးတစ်လျှောက် စိုက်ပျိုးထားကြသည်။

ကားလမ်းမကြီးနှင့် လမ်းသွယ်များတွင် မော်တော်ကား အသွားအလာနည်းပြီး ကားလမ်းမဘေးတွင်ဆိုင်ကယ်များကို စနစ်တကျတန်းစီးကာ ရပ်ထားကြသည်။ ကျွန်တော့်စိတ်ထဲ ဥဒေါင်းဌာနီမြို့သည် တခြားသော မြို့များကဲ့သို့ ရှုပ်ထွေးစည်ကား မနေဘဲ အေးချမ်းသည့် မြို့လေးတစ်မြို့ပင်။ စိုက်ပျိုးရေးလုပ်ငန်း ကို အဓိကလုပ်ကိုင် ကြပြီး ခရီးသွားမြို့တစ်မြို့လည်း ဖြစ် လေသည်။

ကျွန်တော်တို့သည် ဥဒေါင်းဌာနီပြတိုက် သို့ ဦးစွာသွားခဲ့ကြ သည်။ ပြတိုက်လုပ်ထားသည့် အဆောက်အအုံမှာ အဝါရောင် ဆေးသုတ်ထားသည့် ရှေးဟောင်းနှစ်ထပ်တိုက် အဆောက်အအုံ ြကီးဖြစ်သည်။ ယင်းအဆောက်အအုံမှာ နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိပြီဟုဆိုသည်။

ပြတိုက် ထဲတွင် ဥဒေါင်းဌာနီမြို့အ ကြောင်း၊ မြို့ကိုတည် ထောင်ခဲ့သည့် ဘုရင်အဆက်ဆက်နှင့် မြို့တွင် လည်ပတ်စရာ အထင်ကရ နေရာများ၊ ယခင်က မြို့၏ လူနေမှုပုံစံနှင့် ယဉ်ကျေး မှုတို့ကို ပြသထားသည်။ ယင်းသို့ ပြသရာတွင် စိတ်ဝင်စားစရာ ကောင်းသည်က အဆင့်မြင့် နည်းပညာများကို အသုံးပြုထား ခြင်းပင်။

မြို့ကို အပေါ်စီးမှ မြင်ရသည့်ပုံစံဖြင့် ပြသရာတွင် ကျွန် တော်တို့ လမ်းလျှောက်နေသည့် ကြမ်းပြင်ကို မှန်များခင်းထားပြီး အောက်ဘက်တွင် မြို့ပုံစံကို တည်ဆောက်ပေးထားသည်။ ကျွန် တော်တို့ နင်းထားသည့် ကြမ်းပြင်ကို ငုံ့ကြည့်သည့်အခါ မြို့မှာ ညဘက်မှောင်သွားသည့်အခါ ကြယ်များဖြင့် လင်း၍ နေသည်။ နေ့ခင်းဘက်တွင် နေသာလိုက်၊ မိုးအုံ့လာလိုက်၊ မိုးရွာလိုက်ဖြင့် အခြေအနေတွေက ပြောင်းပြောင်းသွားသည်။

နံရံတွင် ရေးဆွဲထားသည့် လူနေမှုပုံစံများကို ပြသထားရာ တွင် အဆိုပါ ရုပ်ပုံလေးများကို လက်ဖြင့် ထိလိုက်ပါက အသက် ဝင်လာပြီး ယင်းရုပ်ပုံ၏ အလုပ်လုပ်ပုံကို အသံနှင့်တကွ ရှင်းလင်း ပြသထားသည်။ ပြတိုက်ထဲတွင် ယခင်က အသုံးပြုခဲ့ကြသည့် နာရီ၊ ဓာတ်မီး၊ မီးအိမ်၊ ကင်မရာ၊ တီဗီနှင့် ရုပ်ရှင်ရိုက်သည့် စက် တို့ကိုပါ ပြသထားသည်။  

ပြတိုက်တွင် ကြည့်ရှုှုပြီးသည့်နောက် ထိုင်း-တရုတ်ယဉ် ကျေးမှုစင်တာသို့ သွားကြသည်။ ကျွန်တော်တို့သည် ယင်းစင် တာ၌ပင် နေ့လယ်စာ စားကြသည်။ ယင်းနောက်မှာတော့ ဘန် ဂျန်းရှေးဟောင်း သုတေသန နယ်မြေသို့ ထွက်ခဲ့ကြသည်။ ၄၅ မိနစ်ခန့် ကားစီးလိုက်ရသည်။ ယင်းနေရာသည် ၁၉၉၂  တွင် ယူနက်စကို အသိအမှတ်ပြု က္ဘာ့အမွေအနှစ်စာရင်းဝင် နေရာ တစ်ခုဖြစ်သည်။

ဘန်ဂျန်းအမျိုးသားပြတိုက်ထဲသို့ ဝင်လိုက်သည့်အခါ ကျွန်တော်တို့ကို အမျိုးသား၊ အမျိုးသမီးကြီးတို့က အတီး၊ အမှုတ်၊ အကများနှင့် ကြိုဆိုဖျော်ဖြေပေးကြသည်။ အမျိုးသား များက တီးမှုတ်ကြပြီး အမျိုးသမီးများက ကပြဖျော်ဖြေပေးကြ သည်မှာ ငါးမိနစ်၊ ဆယ်မိနစ်ခန့်ပင် ကြာသည်။ သတင်းထောက် အချို့က အမျိုးသမီးကြီးများနှင့်အတူ ဝင်ရောက်ကကြသည်။

ပြတိုက်ထဲတွင် မြေအိုးများ၊ အဆိုပါ မြေအိုးများ တူးဖော်ခဲ့ ရသည့် ပုံများ၊ လူအရိုးများ၊ ရှေးခေတ် ဘန်ဂျန်းလူမျိုးတို့၏ ယဉ် ကျေးမှုနှင့်လူနေမှုစနစ်တို့ကို ပြသထားသည်။ တူးဖော်ရရှိသည့် ကြွေထည်၊ မြေထည်အိုးများနှင့် လူ့အရိုးများမှာ သက်တမ်းအား ဖြင့် လွန်ခဲ့သည့် ရှေးနှစ်ပေါင်း ၁၈ဝဝ – ၅၆ဝဝ ဝန်းကျင်က ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။

ဘန်ဂျန်းအမျိုးသားပြတိုက်တွင် ပြသထားသည့် ရှေးဟောင်းမြေအိုး         Photo – Kyaw Zay Yar Htun

လွန်ခဲ့သည့် နှစ်ပေါင်း ၂,ဝဝဝ ကျော်မှ နှစ်ပေါင်း ၅,ဝဝဝ အထိ အိုးပုံစံများ အဆင့်ဆင့်ပြောင်းလဲခဲ့ပုံကို ပြသထားသည်။ သချုႋင်းကို တူးဖော်ရာတွင် လူအရိုးစုများ နှင့်အတူ ယင်းအရိုးစု၏ ခေါင်း၊ ခြေ၊ လက်တို့၏ အနီးဝန်းကျင်တွင် အိုးများကို တွေ့ရခြင်း ဖြစ်သည်။ ယင်းကြွေထည်၊ မြေထည်အိုးများကိုထားရှိခြင်းသည် သေဆုံးသူ၏ အဆင့်အတန်းနှင့် ချမ်းသာကြွယ်ဝမှုကို ပြသခြင်း ဖြစ်သည်ဟု ဆိုသည်။

သံထည်၊ ကြေးထည် လက်ဝတ်လက်စားများကိုလည်း တူးဖော်ရရှိခဲ့သည်ဖြစ်ရာ ဘန်ဂျန်းသည် ယင်းအချိန်ကတည်းက အိုးလုပ်ငန်းနှင့် သံထည်၊ ကြေးထည်လုပ်ငန်းများ ဖွံ့ဖြိုးနေပြီဟု သတ်မှတ်ကြသည်။ ပြတိုက်တွင်လေ့လာပြီးသည့်နောက် တူး  ဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် နေရာနှင့် အလား သ္ဌာန်တူအောင် တည်ဆောက်ထားသည့် နမူနာပြခန်းသို့ သွားရောက်ခဲ့ကြသေးသည်။ ပြီးသည့်အခါ ဥဒေါင်းဌာနီမြို့သို့ ပြန်လာခဲ့ကြသည်။

ဇွန် ၂၁ ရက် မနက် ၇ နာရီမှာတော့ လာအိုသို့ ခရီးဆက်ကြ မည်ဖြစ်၏။ ဥဒေါင်းဌာနီမြို့နှင့် လာအိုနိုင်ငံ၏ မြို့တော် ဗီယန် ကျင်းမှာ ၅၆ မိုင်ခန့် (၉ဝ ကီလိုမီတာ)သာ ကွာဝေးသဖြင့် ကား ဖြင့် သွားကြမည် ဖြစ်သည်။

တူးဖော်ရေးလုပ်ငန်းခွင် နမူနာပုံစံ Photo – Kyaw Zay Yar Htun

ပြီးခဲ့သည့် ရက်များတွင် သွားခဲ့သည့် နေရာအများစုမှာ ဘုရားများသာ ဖြစ်သည်။ ဘုရား၊ ကျောင်းကန်၊ စေတီ၊ ပုထိုးများ ပေါများသည့် မြန်မာနိုင်ငံမှ လာသူတစ်ဦးအနေဖြင့် ထိုင်းနိုင်ငံ သို့ ရောက်သည့်အခါ ဘုရားများသို့ လိုက်လံ လည်ပတ်နေရ သည့်အတွက် စိတ်ထဲ ကျွဲမြီးတိုသလို ခံစားရသည်။ သို့သော် ဘုရားစေတီ သီးသန့်မဟုတ်ဘဲ ရှေးဟောင်းနယ်မြေများဖြစ်၍ တော်သေး၏။

ဘန်ဂျန်းအမျိုးသားပြတိုက်ထဲက တူးဖော်ရေးလုပ်ငန်း လုပ်နေသူတစ်ဦး၏ နမူနာပုံ Photo – Kyaw Zay Yar Htun

လာအိုနိုင်ငံတွင်က မည်သည့်နေရာများသို့ လည်ပတ်ရ မည်နည်း။ ခရီးစဉ် အစီအစဉ်စာရွက်တွင် ကရွတ်ကင်းစီးရမည်၊ ဖောင်စီးရမည်၊ ရေတံခွန်နှင့် လိုဏ်ဂူများသို့သွားရမည်၊ ညဘက် လည်ပတ်သည့် ခရီးစဉ်များလည်းပါသည်ဟု ရေးထားသည်။ ထို့ကြောင့် လာအိုခရီးစဉ်ကို အတော်ပင် စိတ်အားထက်သန်နေမိ တော့သည်။

(ဆက်လက်ဖော်ပြပါမည်။)

 

၂ဝ၁၈၊ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

 

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."