ကလေး – ၂၀၂၂ ဩဂုတ် ၁၂ (မော်ကွန်း)
ယခုလဆန်းပိုင်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး သာယာကုန်းကျေးရွာကိုမီးရှို့သွားခဲ့တဲ့နောက် မြင်ကွင်းတွေဖြစ်ပါတယ်။
နေအိမ် ၅၆ လုံးမီးလောင်ပျက်စီးခဲ့ကာ ရွာသားနှစ်ဦးကိုလည်း အာဏာသိမ်းစစ်တပ်က သတ်ဖြတ်သွားခဲ့ပါတယ်။
အင်တာနက်နဲ့လုံခြုံရေးအခြေအနေတွေကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ လူသတ်၊မီးရှို့၊ ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီး ခိုးယူမှု သတင်းတွေကို ဒေသခံတွေပေးပို့ဖို့ အခက်အခဲရှိနေပါတယ်။
လတ်တလော စစ်ဘေးရှောင်၊ မီးလောင်ဆုံးရှုံးရတဲ့ပြည်သူတွေအတွက် အကူအညီတွေလိုအပ်နေပါတယ်။
ဒေသတွင်းမှာ တိုက်ပွဲတွေအရှိန်မြင့်လာတဲ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ လူသတ်၊ မီးရှို့အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြည်သူတွေဟာ နီးစပ်ရာ လုံခြုံနိုင်တဲ့နေရာတွေမှာ ခိုလှုံနေရတာကြောင့် ပြည်တွင်းပြည်ပက ပြည်သူတွေအနေနဲ့ ကူညီကြဖို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့-ကလေးဒေသ တာဝန်ခံကိုဖီးနစ်ကပြောပါတယ်။
ပုံစာ – သာယာကုန်းရွာမီးရှို့ခံရမှုမြင်ကွင်းများ။
ဓာတ်ပုံ – CJ
#Dailynews