မန္တလေး – ၂၀၂၂ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း)
မန္တလေးမြိုမှာ “ရာဇဝင်မရိုင်းတဲ့ မန္တလေးသမိုင်း၊ ဖက်ဆစ်အရိုးနဲ့ ရေးထိုးမယ်”ဆိုတဲ့ ကြွေးကြော်သံနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ မနက်ပိုင်းက အာဏာသိမ်းစစ်တပ် လက်အောက်ခံအဖွဲ့တွေ ဥဒဟိုသွားလာတတ်တဲ့ မန္တလေးမြိုလယ် ၃၅လမ်းမကြီးပေါ်မှာ မဟာအောင်မြေမြို့နယ် စုပေါင်းသပိတ်စစ်ကြောင်းနဲ့ တက္ကသိုလ်ဆရာ/မများ ၊ဝန်ထမ်းများ သပိတ်စစ်ကြောင်းဟာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ချီတက်ရာမှာ မန္တလေးမြို့က ဆရာတော်သံဃာတော်အချို့လည်း ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။
စစ်တပ်အာဏာသိမ်းထားမှုကို ဆက်လက်ဆန့်ကျင်ကြဖို အသိပေးနှိုးဆော်တဲ့စာရွက်တွေလည်း ဖြန့်ကြဲခဲ့ကြပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ တိုင်းဒေသကြီးပြည်နယ်အချိုမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပစ်ခတ်ဖြိုခွင်းဖမ်းဆီးမှုတွေ ရှိနေတဲ့ကြားကနေ မြေပြင်သပိတ်တွေကလည်း ဆက်လက်ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။
ဓါတ်ပုံ-Poison
#Dailynews

