အောင်ပိုင်
ရန်ကုန် – ၂၀၂၀ ဇန်နဝါရီ ၂၄
၂၀၁၉ အဂတိကင်းရှင်းမှု နိုင်ငံများစာရင်းတွင် မြန်မာသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၀ တွင်ရှိသည်ဟု နိုင်ငံံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) က ယခုနှစ် ဇန်နဝါရီ ၂၃တွင်ာ ထုတ်ပြန်သည်။
၎င်းအဖွဲ့ အဂတိလိုက်စားမှုအညွှန်းကိန်း (Corruption Perceptions Index – CPI) အရ မြန်မာနိုင်ငံသည် ၂၀၁၈ က အဆင့် ၁၃၂ တွင်ရှိခဲ့ပြီး ၂၀၁၉ တွင် နှစ်ဆင့်တိုးတက်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်အရ အဆင့် ၁ တွင် ဒိန်းမတ်နိုင်ငံက ရပ်တည်နေပြီး နောက်ဆုံးအဆင့် ၁၈၀ တွင် ဆိုမာလီယာနိုင်ငံရှိနေသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံက အဆင့် ၁၀၁၊ တရုတ်နှင့် အန္ဒိယက အဆင့် ၈၀ တွင်ရှိသည်။
အဂတိလိုက်စားမှုအညွှန်းကိန်းကို တိုင်းတာပြီး အဆင့်သတ်မှတ်ရာတွင် ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့စီးပွားရေးဖိုရမ်၊ ကမ္ဘာလုံးဆိုင်ရာလေ့လာရေးအဖွဲ့၊ ကမ္ဘာ့တရားမျှတမှုဆိုင်ရာစီမံကိန်း၊ ဒီမိုကရေစီမူကွဲများစီမံချက်၊ အကျင့်ပျက်ချစားမှုကင်းရှင်းခြင်းနှင့် တရားမ တရားစီရင်ရေး စသည်တို့၏ စစ်တမ်းများမှ အမှတ်များအပေါ်မူတည်သည်။
နိုင်ငံံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International)၏ နှစ်အလိုက်အစီရင်ခံစာတွေအရ မြန်မာနိုင်ငံသည် ၂၀၁၆ မတိုင်ခင်အထိ ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှု အများဆုံးနိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။ ယနေ့အထိလည်း အဂတိလိုက်စားမှု အများဆုံး နိုင်ငံပေါင်း ၅၀ ထဲတွင် ပါဝင်နေဆဲဖြစ်သည်။
Image – Transparency International’s Website
#dailynews