ဓါတ်ပုံသတင်း
စည်သူ
ရန်ကုန်၊ ၂၀၂၀ ဇန်နဝါရီ ၂၇ (မော်ကွန်း)







သင်္ဃန်းကျွန်းရှိ ဧရာဝတီ COVID-19 ကုသရေးစင်တာတွင် တာဝန်ယူကုသကူညီပေးနေသည့် ကျန်းမာရေးဝန်ထမ်းနှင့်စေတနာ့ဝန်ထမ်း ၆၁၅ဦးအနက်မှ ၂၀၀ ကို COVID-19 ရောဂါကာကွယ်ဆေး ယနေ့ စတင်ထိုးပေးနေသည့် မြင်ကွင်းများဖြစ်ပါသည်။
ထိုစင်တာရှိ ကျန်းမာရေးဝန်ထမ်းနှင့်စေတနာ့ ဝန်ထမ်းများကို သုံးရက်အတွင်း ကာကွယ်ဆေ းထိုးပေးမည်ဟု စင်တာတာဝန်ခံဖြစ်သူက ပြောပါသည်။
အိန္ဒိယနိုင်ငံမှ ဇန်နဝါရီ ၂၂ တွင် လက်ဆောင်အဖြစ်ပေးသည့် ထိုရောဂါကာကွယ်ဆေးလုံးရေ တစ်သန်းခွဲကို ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့တန်းမှတိုက်ပွဲဝင်နေသည့်နိုင်ငံအနှံ့မှ ကျန်းမာရေး ဝန်ထမ်း နှင့် စေတနာ့ဝန်ထမ်းများကို ထိုးနှံပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားသည်။
#Dailynews

