ရေစကြို – ၂၀၂၂ မတ် ၂၇ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြိုနယ်မှာ အာဏာသိမ်းစစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပြီး အသက် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် သားအဖနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၁၁း၀၀ နာရီဝန်းကျင်က အာဏာသိမ်းစစ်တပ်ရဲ့ ဦးတည်ချက်မရှိ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ရေစကြိုမြို့နယ်၊ ကူတုပ်ရွာက အထက်ပါ သားအဖနှစ်ဦးနေထိုင်တဲ့နေအိမ်ပေါ်ကို ကျခဲ့တာပါ။
ဖခင်ဟာ အသက် ၅၀ ဝန်းကျင်ရှိပြီး ကလေးဟာ ၅ နှစ်အရွယ်ဖြစ်ကာ ၃၇ နှစ်အရွယ် မိခင်ဖြစ်သူလည်း အပြင်းအထန်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“သေဆုံးတဲ့လူက ရေစကြိုစျေးနားမှာ ရိုးရိုးသားသားဆိုက္ကားနင်းစားရတဲ့သူပါ။ အမျိုးသမီးကလည်း ကိုယ်ဝန်ကြီးနဲ့လို့ကြားတယ့်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ အာဏာသိမ်းစစ်တပ်ဟာ လက်နက်ကြီးနဲ့သုံးကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ကြပြီး ရေစကြိုမြိုက ၂၅၇ နဲ့ ၂၅၈ တပ်ဝင်းထဲကနေ ပစ်ခတ်ခဲ့ကြကြောင်း၊ ယခင်ကလည်းမကြာခဏ ရမ်းသမ်းပစ်ခတ်လေ့ရှိတယ်လို့သိရပါတယ်။
#Dailynews

