ဝက်လက် – ၂၀၂၂ ဩဂုတ် ၅ (မော်ကွန်း)
ဝက်လက်မြို့နယ်၊ အင်ဒေါင်းကျေးရွာမှာ ဒီကနေ့ မနက်ပိုင်း ၁၁:၃၀ နာရီဝန်းကျင်က အာဏာသိမ်းစစ်တပ်က လက်နက်ကြီးရမ်းသမ်းပစ်တာကြောင့် ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကသိရပါတယ်။
စဥ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာကနေ မော်တော်အကြီးတစ်စီး၊စက်လှေအသေးသုံးစီးနဲ့ စုန်ဆင်းလာတဲ့ စစ်သား အင်အား(၁ဝဝ)ဝန်းကျင်ခန့်ဟာ ဝက်လက်မြို့နယ်ငါးပါတ်ချောင်း၊ကမ်းဖြူ၊အင်ဒေါင်းကျေးရွာတွေကို လှည့်ပတ်မွှေနှောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ရမ်းပစ်ပြီးဝင်တာ အချောင်နေရင်း ပြည်သူတွေကထိတာ သူတို့ကိုလည်း ကျွန်တော်တို့အဖွဲ့ကဆေးကုပေးလိုက်ပါတယ်ဗျာ၊ စိုးရိမ်စရာတော့မရှိပါဘူး “လို့ တာဝန်ရှိသူက ပြောပါတယ်။
ပြည်သူ သုံးဦးဟာ ခြေထောက်တွေကိုပဲထိတာဖြစ်တာကြောင့် ဒဏ်ရာအခြေနေမစိုးရိမ်ရဘူးလို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ် စစ်သားတွေက ဝက်လက်မြို့နယ်ထဲကျေးရွာတွေကိုဝင်ရောက်တပ်စွဲတာမရှိပေမယ့် စဥ့်ကူးမြို့နယ် ကြက်တူရွေးကျေးရွာကိုဝင်ရောက်တပ်စွဲထားတာတယ်လို့ သူကပြောပါတယ်။
#Dailynews