ဖားကန့် – ၂၀၂၁ ဒီဇင်ဘာ ၁၁ (မော်ကွန်း)
ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်ပြီး သတင်းအချက်အလက်တွေ ဖြတ်တောက်ထားတာ ခုဆိုရင် လေးလနီးပါးရှိလာပါပြီ။
ဒီလို ဖြတ်တောက်ထားခံရပေမယ့်လည်း ဖားကန့်မြို့ ပြည်သူတွေဟာ စစ်အာဏာရှင်ကို ကန့်ကွက်ဆန့်ကျင်တဲ့ သပိတ်တွေကို မပျက်မကွက် ချီတက်နေဆဲပါ။
ဒီကနေ့မှာလည်း မြို့အနှံ့လှည့်လည်ကာ ဖားကန့်ပြည်သူလူထုက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

