ချင်းပြည်နယ် – ၂၀၂၁ မေ ၁၇ (မော်ကွန်း)
ချင်းပြည်နယ် ဟားခါးမြို့နှင့် ဖလမ်းမြို့ကြားတွင် မနေ့က စစ်ကောင်စီတပ်များနှင့် CDF – Hakha တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးပြီး CDF ဘက်မှ တစ်ဦးသေဆုံးကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) က ယနေ့ သတင်းထုတ်ပြန်သည်။
မနေ့က ညနေပိုင်း ၅ နာရီခွဲခန့်မှ စတင် အပြန်အလှန်ပစ်ခတ်ကြပြီး ည ၈ နာရီတွင် ပစ်ခတ်မှုများ ပြီးဆုံးကာ စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိသည်ဟု CDF က ထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် CDF – Hakha တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။
#Dailynews

