ရန်ကုန်- ၂၀၂၄ ဩဂုတ် ၁၂ (မော်ကွန်း)
မြန်မာနိုင်ငံရဲ့ အဓိကဆီသိုလှောင်ရာ ရန်ကုန်မြို့က သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီထုတ်ပေးမှု နှေးကွေးနေတာကြောင့် မိုင်နဲ့ချီတဲ့ ဆီသယ်ယာဉ်တွေ ရက်နဲ့ချီ ညအိပ်တန်းစီစောင့်ဆိုင်းနေကြရတယ်လို့ ဆီသယ်ယာဉ်မောင်းတချို့က ပြောပါတယ်။ ဒီအခြေအနေကြောင့် လာမယ့်ရက်ပိုင်းတွေမှာ ရန်ကုန်နဲ့ တခြားဒေသတွေမှာ စက်သုံးဆီအခက်အခဲပိုမိုကြီးမာလာနိုင်တယ်လို့လည်း သူတို့ကဆိုကြပါတယ်။
“ကုလားဝဲတံတားကနေ အရည်ကြို(ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေစက်ရုံ-သီလဝါ)အထိ ကားတွေက အပြည့်ပဲ။ ဆီလည်း ထုတ်မပေးဘူး” လို့ ဒီနေ့ ညနေပိုင်းမှာ ဆီသယ်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ဆီသိုလှောင်ရုံတွေမှာဆီရှိပေမယ့် ဆီထုတ်ခွင့်ချမပေးတာကြောင့် စက်သုံးဆီဆိုင်တွေဟာ ဆီသယ်ဖို့ အခက်တွေ့ နေကြရတာလို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဟာ စက်သုံးဆီသယ်ဆောင်၊ဖြန့်ဖြူးခွင့်ကို ထိန်းချုပ်ထားတာဖြစ်ပြီး ဆီသိုလှောင်ရုံကနေ ဆီသယ်ယူခွင့်ရဖို့ ဆီဆိုင်တွေဟာ စာရွက်စာတမ်းတွေ အဆင့်ဆင့်ပြုလုပ်နေကြရတာလည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့တွင်းက စက်သုံးဆီဆိုင်တွေမှာလည်း ရာနဲ့ချီတဲ့ကားတွေ တမျှော်တခေါ် တန်းစီ ဆီဝယ်ယူနေကြတာကိုတွေ့ရပြီး စက်သုံးဆီ လိုသလောက်ဝယ်ယူခွင့်မရတာဟာ ရက်သတ္တပတ်ခန့် ကြာလာပြီလို့ အငှားယာဉ်မောင်းတချို့က ပြောပါတယ်။
“ လိုသလောက်မရဘူး။ တချို့ဆိုင်က နှစ်သောင်းဖိုး၊ တစ်ချို့ဆိုင်က ငါးသောင်းဖို့ သူတို့ရောင်းချင်သလို ရောင်းပေးနေကြတာ” လို့ ရန်ကုန်မြို့တွင်းက အငှားယာဉ်မောင်းသူတစ်ဦးက ပြောပါတယ်။
ဒါအပြင် တချို့ စက်သုံးဆီဆိုင်တွေဟာ ဓါတ်ဆီတစ်မျိုးသာဝယ်လို့ရပြီး တချို့ဆိုင်တွေကတော့ ဒီဇယ်ဆီပါ တွဲရောင်းချပေးတာမျိုးရှိပေမယ့် စက်သုံးဆီဆိုင်အများစုက ဆီမရလို့ပိတ်ထားကြတယ်လို့ အငှားယာဉ်မောင်းတချို့က ပြောပါတယ်။
စစ်ကောင်စီကတော့ ဒီတစ်ပတ်ကြာသာပတေးနေ့အထိ ရန်ကုန်မှာ လက်လီရောင်းချပေးရမယ့် စက်သုံးဆီဈေးနှုန်းကို ၉၂-ဓါတ်ဆီတစ်လီတာ ၂,၇၅၀ ကျပ်၊ ၉၅- ဓါတ်ဆီတစ်လီတာကို ၂,၈၉၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂,၄၅၀ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၂,၉၄၅ ကျပ်အသီးသီး သတ်မှတ်ရောင်းချခိုင်းထားပါတယ်။
ပုံစာ – သီလဝါတွင် လောင်စာဆီထုတ်ယူရန်စောင့်ဆိုင်းနေသော ဆီသယ်ယာဉ်တန်း
Photo – Supplied
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

