သဇင်လတ်
ရန်ကုန်- ၂၀၂၀ သြဂုတ် ၁၉ (မော်ကွန်း)
မီတာယူနစ် ၁၅၀ ယူနစ်လျှော့ပေးရမည့် ဇူလိုင်လမီတာခတောင်းခံလွှာတွင် ၇၅ ယူနစ်သာ လျှော့ချပေးခဲ့သည်အတွက် နောက်လမှစကာ အစားထိုး ခုနှိမ်ပေးမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဇူလိုင်လ မီတာတောင်းခံလွှာတွင် လျှော့ချပေးရန်ကျန်ရစ်သည့် ၇၅ ယူနစ်အတွက် သြဂုတ်လမှ စတင်ကာ လစဉ်စာရင်းညှိခုနှိမ်လျှော့ပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုကဲ့သို့ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် သုံးစွဲသူများသည် ၁၅၀ ယူနစ်အတွက် ၁၁,၅၅၀ ကျပ် သက်သာခွင့်ရမည့်အစား ၇၅ ယူနစ် အတွက် ၃,၈၀၀ ကျပ်သာ ဇူလိုင်လအတွက် သက်သာခွင့်ရခဲ့သည်။
ကိုဗစ်ကာလ အများပြည်သူသက်သာချောင်ချိရေးအတွက် လျှပ်စစ်ဓါတ်အားခသုံးစွဲခများအနက်မှ လစဉ် ၁၅၀ ယူနစ်ကို ယခုနှစ်ကုန်အထိ လျော့ချပေးသွားမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။
ဓါတ်ပုံ – ကောင်းထက်စံ
ပုံ – နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
#Dailynews