လားရှိုး – ၂၀၂၁ ဇွန် ၁၄ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း ၊လားရှိုးမြို့မှာ ဇွန်လ ၁၃ရက် မနေ့ကအထိ COVID – 19 အတည်ပြုလူနာ ၄၃ဦးရှိလာပြီး တစ်ဦးသေဆုံးထားတယ်လို့ လူမှုကူညီရေးအသင်းတစ်ခုက မော်ကွန်းကိုပြောပါတယ်။
သံသယလူနာတွေရဲ့ ဆေးစစ်ချက်တွေကို မိုးကုတ်ဝိပဿနာရိပ်သာမှာစစ်ဆေးပြီး အတည်ပြုလူနာကို လားရှိုးမြို့ ပြည်သူ့ဆေးရုံအထူးကြပ်မတ်ကုသဆောင်မှာ ထားရှိတယ်လို့ ဆိုပါတယ်။
“မြို့အဝင်အထွက်မှာ ကိုဗစ်ဂိတ်တွေ ပြန်ဖွင့်ထားတာ လေးရက်ရှိပြီ။ ကွာရန်တင်းစင်တာတွေမရှိသေးဘူး။ ဂိတ်မှာတော့ အဖွဲ့စုံရှိတယ်” လို့ လူမှုကူညီရေးအသင်းမှာ လိုက်ပါဆောင်ရွက်သူက ဆိုပါတယ်။
အတည်ပြုလူနာကို တရားဝင် ထုတ်ပြန်ထားတာမျိုးမရှိဘဲ လူနာကိုသယ်ပို့နေရတာကြောင့်သာ အတည်ပြုလူနာ အရေအတွက်ကိုသိရတာဖြစ်တယ်လို့ ဆိုပါတယ်။
လားရှိးမြို့ အောင်ပုဂ္ဂလိဂဆေးရုံကလူနာက မန္တလေးကို ဆေးကုသရာမှာ သေဆုံးတာကြောင့် စစ်ဆေးရာမှာ COVID – 19 ရောဂါပိုးစတွေ့ခဲ့ပြီး ဆက်စပ်လူနာတွေကို ဆက်လက်စစ်ဆေးရာ အတည်ပြုလူနာတွေတွေ့ခဲ့ရတယ်လို့ သူကဆိုပါတယ်။
#Dailynews

